- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
ထိုင်းစစ်သင်္ဘောနစ်မြုပ်မှု အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေ
ထိုင်းပင်လယ်ကွေ့တွင် တနင်္ဂနွေနေ့ညဉ့်က ရေတပ်စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Dec 2022

ဓာတ်ပုံ - AP
DMG | ဒီဇင်ဘာ ၁၉
ထိုင်းပင်လယ်ကွေ့တွင် တနင်္ဂနွေနေ့ညဉ့်က ရေတပ်စစ်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ပြီး လက်ရှိအချိန်အထိ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထိုင်းရေတပ်က ကယ်ဆယ်ရေးလုပ်ငန်းများကို အမြန်သင်္ဘော ၃ စီး၊ ရဟတ်ယာဉ် ၂ စီးနှင့် ဆောင်ရွက်လျက်ရှိသည်။
တနင်္လာနေ့နံနက်ပိုင်းအထိ သင်္ဘောသား ၇၅ ဦးအထိ ဆယ်ယူထားပြီးဖြစ်ကာ နောက်ထပ် ၃၁ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ထိုင်းရေတပ်က သတင်းထုတ်ပြန်သည်။
HTMS Sukhothai စစ်သင်္ဘောသည် ပရာချက်ကိရိခန်ခရိုင် ဘန်ဆာပန်ကမ်းခြေမှ မိုင် ၂၀ အကွာတွင် ကင်းလှည့်နေစဉ် လေပြင်းမိကာ ယခုကဲ့သို့ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။ လေပြင်းကြောင့် သင်္ဘောတွင်းသို့ ရေများ ဒလဟော ဝင်ရောက်ခဲ့ကာ ရေတပ်က ရေစုပ်စက်များဖြင့် စုပ်ထုတ်သော်လည်း အဆင်မပြေခဲ့ပေ။ သင်္ဘောပေါ်တွင် ဓာတ်အား ပြတ်တောက်သွားသဖြင့် ရေများပိုဝင်ကာ နစ်မြုပ်ခဲ့ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အလယ်ပိုင်းတို့တွင် လက်ရှိ၌ တစ်နှစ်လုံး၏ အအေးဆုံးကာလကို ရင်ဆိုင်နေရသည်။ ထိုင်းနိုင်ငံ တောင်ဖျားစွန်းအပိုင်း၌လည်း ယခုရက်ပိုင်း၌ မိုးသက်မုန်တိုင်းများနှင့် ရေကြီးမှုများ ရင်ဆိုင်နေရသဖြင့် သင်္ဘောများကို ပင်လယ်ပြင်သို့ မထွက်ကြရန် အာဏာပိုင်များက သတိပေးထားသည်။