- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အင်အားအသုံးပြုခြင်းနှင့် သေနတ်အသုံးပြုခြင်းကို တင်းကျပ်စွာထိန်းချုပ်ထားရန် လုပ်ခြုံရေးတပ်ဖွဲ့ဝင်များကို ICRC တိုက်တွန်း
မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်များနှင့် မြိုနယ်များ၌ ဆက်လက်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုအခြေအနေများတွင် အင်အားအသုံးပြုခြင်းနှင့် သေနတ်များအသုံးပြုခြင်းကို တင်းကျပ်စွာထိန်းချုပ်ထားရန် လိုအပ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က တိုက်တွန်းလိုက်သည်။
29 Mar 2021

DMG ၊ မတ် ၂၉
မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်များနှင့် မြိုနယ်များ၌ ဆက်လက်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုအခြေအနေများတွင် အင်အားအသုံးပြုခြင်းနှင့် သေနတ်များအသုံးပြုခြင်းကို တင်းကျပ်စွာထိန်းချုပ်ထားရန် လိုအပ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) က တိုက်တွန်းလိုက်သည်။
အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် မနေ့က မတ်လ ၂၈ ရက်နေ့က ၎င်း၏ ဖေ့စ်ဘုတ်စာမျက်မှတစ်ဆင့် ထုတ်ပြန်ချက်ထုတ်ကာ ယင်းကဲ့သို့ တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
လူ့အသက်အား အလေးထားလေးစားသည့် တတ်နိုင်သမျှသော ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ပြီးသည့်အခါနှင့် လုံးဝလိုအပ်သည့်အခါတို့မှသာ တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေသူများသည် အင်အားကို သုံးပြုနိုင်သည်ဟု ICRC က ဆိုသည်။
အသက်အန္တရာယ်ကျရောက်ခါနီးအချိန်တွင် လူအများကိုကာကွယ်ရန် လုံးဝလိုအပ်နေသည့်အချိန်နှင့် ထိခိုက်မှုနည်းသည့် အခြားသောအစီအမံများ လုံလောက်မှုမရှိတော့သည့် အချိန်တော့မှလွဲ၍ အသက်သေစေနိုင်အောင် သေနတ်အသုံးပြုခြင်းအား ရှောင်ကြည်ရမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိခိုက်ဒဏ်ရာရရှိသူများသည် ထပ်မံအန္တရာယ်ပြုခြင်းခံရမှုမရှိဘဲ လုံလောက်သည့်ဆေးဝါးစောင့်ရှောက်မှုကို အတားအဆီးနှင့် နှောင့်နှေးကြန့်ကြာမှုမရှိ ရပိုင်ခွင့်ရှိကြောင်း ICRC က ပြောသည်။
ဖမ်းဆီးခံထားရသူများ သို့မဟုတ် ထိန်းသိမ်းခံထားရသူများကို လူသားချင်းစာနာစွာပြုမူဆက်ဆံရမည်ဟုလည်း တိုက်တွန်းထားသည်။
အကြမ်းဖက်မှုအခြေအနေများတွင် သေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရရှိသူနှင့် ဖမ်းဆီးထိန်းသိမ်းခံရသူအရေအတွက်များ ပိုမိုမြင့်တက်လာခြင်းနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နောက်ဆက်တွဲ အကျိုးဆက်များ ဆက်လက်ကြီးမားလာနေခြင်းတို့ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) အနေဖြင့် စိုးရိမ်ထိတ်လန့်မိကြောင်း ထုတ်ပြန်ထားသည်။