- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
တူရကီမှာ ကျောက်မီးသွေးတွင်း ပေါက်ကွဲမှုကြောင့် လူ ၄၀ သေဆုံး
တူရကီနိုင်ငံမြောက်ပိုင်း ဘာတင်ခရိုင်ရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် သောကြာနေ့က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၄၀ သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ မိုင်းလုပ်သားတစ်ဦးကို ရှာဖွေနေဆဲဖြစ်သည်။
15 Oct 2022
.jpg)
ဓာတ်ပုံ - AP
DMG ၊ အောက်တိုဘာ ၁၅
တူရကီနိုင်ငံမြောက်ပိုင်း ဘာတင်ခရိုင်ရှိ ကျောက်မီးသွေးမိုင်းတွင်းတစ်ခုတွင် သောကြာနေ့က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၄၀ သေဆုံးခဲ့ပြီး ပျောက်ဆုံးနေသူ မိုင်းလုပ်သားတစ်ဦးကို ရှာဖွေနေဆဲဖြစ်ကြောင်း အာဏာပိုင်များက စနေနေ့တွင် ပြောကြားလိုက်သည်။
ပေါက်ကွဲမှုဖြစ်ပွားချိန်၌ မိုင်းတွင်း၌ရှိနေကြသော အလုပ်သမား ၁၁၀ အနက် ၅၈ ဦးသည် ကိုယ့်ကိုယ်ကိုယ် ထွက်ပေါက်ရှာပြီး လွတ်မြောက်လာခြင်း သို့မဟုတ် ကယ်ဆယ်ရေးအဖွဲ့ဝင်များ ကယ်ဆယ်မှုတို့ဖြင့် ယခုအခါ ဘေးလွတ်ရာတွင် ရှိနေပြီဖြစ်သော်လည်း မိုင်းလုပ်သားတစ်ဦး၏ အခြေအနေမှာ မရေရာဖြစ်နေသည်ဟု တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆွိုင်လုက ပြောကြားသည်။
“အထဲမှာ မီးလောင်နေဆဲ ရှိပါသေးတယ်။ မိုင်းလုပ်သားတွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေဟာ သူတို့ရဲ့ ညီအစ်ကိုတွေကို နောက်ချန်မထားဘဲ အသက်စွန့် ကယ်ဆယ်ခဲ့ကြပါတယ်”ဟု ဆွိုင်လုက အခင်းဖြစ်ပွားရာ နေရာအနီးတွင် ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုသည် မြေအောက်အနက် ၃၅၀ မီတာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မိုင်းတွင်း မီးတောက်များကို ကျယ်ကျယ်ပြန့်ပြန့် ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း မီးလောင်မှုများကို သီးခြားခွဲထုတ်ထားရန်နှင့် မိုင်းတွင်းကို အအေးခံရန်အတွက် ဆောင်ရွက်နေကြရဆဲဖြစ်ကြောင်း စွမ်းအင်ဝန်ကြီး ဖာတစ်ဒွန်မက်က နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
တူရကီရှေ့နေများသည် မိုင်းတွင်းပေါက်ကွဲမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်ဆောင်ရွက်နေပြီဟု အာဏာပိုင်များက ပြောကြားသည်။ မိုင်းတွင်းထဲရှိ မီသိန်းဓာတ်ငွေ့များကြောင့် မီးလောင်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ကနဦးသိရှိထားသည်။
တူရကီနိုင်ငံတွင် ၂၀၁၄ ခုနှစ်က နိုင်ငံအနောက်ပိုင်း ဆိုမာမြို့တွင် မိုင်းတွင်းပြိုကျမှုကြောင့် အလုပ်သမားပေါင်း ၃၀၁ ဦးအထိ သေဆုံးခဲ့သည်။