- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
တူရကီ-ဆီးရီယား ငလျင်ကြောင့် သေဆုံးသူ နှစ်သောင်းကျော်ပြီ
ငလျင်ဘေးသင့် နေရာများအတွက် အကူအညီပေးရန် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၈၅ သန်းတန်ဖိုးရှိသည့် အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းထားသည်။
11 Feb 2023
တူရကီနှင့် ဆီးရီယားနယ်စပ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် သေဆုံးသူအရေအတွက်သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂၂,၀၀၀ နီးပါး ရှိနေပြီဖြစ်ကြောင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
ဆီးရီးယားဘက်ခြမ်းရှိ သူပုန်များထိန်းချုပ်ထားသည့် နယ်မြေသို့ ကုလသမဂ္ဂ၏ ပထမဆုံး အကူအညီများသည် ကြာသပတေးနေ့တွင် စတင်ရောက်ရှိခဲ့သည်။
တနင်္လာနေ့ အာရုဏ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်၏ အပျက်အစီးပုံများကို လက်ရှိအချိန်အထိ ရှင်းလင်းနေကြဆဲဖြစ်သည်။ သို့သော်လည်း ကျွမ်းကျင်သူများယူဆသည့် အရေးကြီးကာလ သုံးရက်တာကို ကျော်လွန်ခဲ့ပြီဖြစ်သည့်အတွက် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေရေး မျှော်လင့်ချက်မှာ မှေးမှိန်လာနေပြီဖြစ်သည်။
ချမ်းအေးလွန်းသည့် အအေးဒဏ်ကြောင့်လည်း ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲများ ကြုံလျက်ရှိသည်။
ငလျင်ဗဟိုချက်မ အနီးတွင်ရှိသည့် တူရကီနိုင်ငံ ဂါဇင်တက်မြို့တွင် အအေးဒဏ်သည် သောကြာနေ့ အစောပိုင်း၌ သုညအောက် အနုတ် ၃ ဒီဂရီအထိရှိသည်။
ထောင်ပေါင်းများစွာသော မိသားစုဝင်များမှာ အအေးဒဏ်ကို အံတုရန် ကားများအတွင်း၌ စက်ဖွင့်ပြီး အိပ်ရသည်များ ရှိသလို ကြုံသလို ဖန်တီးထားသည့် တဲများအတွင်း၌ အိပ်ရသည်များလည်း ရှိသည်။
ငလျင်ဘေးသင့် နေရာများအတွက် အကူအညီပေးရန် အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ ၈၅ သန်းတန်ဖိုးရှိသည့် အကူအညီများ ပေးအပ်ရန် ကမ်းလှမ်းထားသည်။
၇.၈ မဂ္ဂနီကျုရှိသည့် ငလျင်ကြီးသည် တနင်္လာနေ့ အာရုဏ်တက် လူအများ အိပ်မောကျနေကြချိန်၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ဆီးရီးယားဘက်ခြမ်းတွင် ငလျင်ဒဏ်သင့် နေရာသည် ယခင်တည်းက ပြည်တွင်းစစ်ကြောင့် ဆုံးရှုံးမှုများ အများအပြား ရင်ဆိုင်ထားရသည့်နေရာ ဖြစ်သည်။