- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
- ရခိုင်က အွန်လိုင်းဈေးရောင်းချသူများ FDA ထောက်ခံချက် မရ၍ မှတ်ပုံတင်ရန် အခက်အခဲဖြစ်နေ
ယူကေတွင်ယာဉ်တိုက်မှုဖြစ်ပြီး မိခင်နိုင်ငံသို့ ထွက်ပြေးသွားသည့် အမေရိကန်သံတမန်ဇနီး ဆိုင်းငံ့ထောင်ဒဏ် ချမှတ်ခံရ
ယူကေတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အမေရိကန်သို့ ထွက်ပြေးသွားသော အမျိုးသမီးတစ်ဦးအား ယူကေတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၂ လ ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
09 Dec 2022

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသူ ဟန်ရီဒန်းနှင့် အခင်း ဖြစ်ပွားခဲ့သည့်နေရာ။ ဓာတ်ပုံ - Daily Mail
DMG | ဒီဇင်ဘာ ၉
ယူကေတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အမေရိကန်သို့ ထွက်ပြေးသွားသော အမျိုးသမီးတစ်ဦးအား ယူကေတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၂ လ ချမှတ်လိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်သံတမန်တစ်ဦး၏ ဇနီးဖြစ်သူ အန်နီစကူးလက်သည် ၂၀၁၉ ခုနှစ်က အင်္ဂလန်တောင်ပိုင်းရှိ အမေရိကန် လေတပ်စခန်းအနီးတွင် ကားကို လမ်းပြောင်းပြန်မောင်းနှင်နေစဉ် ဆိုင်ကယ်စီးလာသည့် လူငယ်တစ်ဦးကို တိုက်မိခဲ့ခြင်း ဖြစ်သည်။
ကားဖြင့်တိုက်မိသူမှာ အသက် ၁၉ နှစ်အရွယ် ဟယ်ရီဒန်းဆိုသူ ဖြစ်ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးခဲ့သည်။
အန်နီစကူးလက်သည် ယာဉ်တိုက်မှု ဖြစ်ပြီးနောက်တွင် ဗြိတိန်မှ တိမ်းရှောင်သွားခဲ့သည်။
ဗြိတိန်က အမေရိကန်အစိုးရအား သူမကိုလွှဲပြောင်းပေးရန် တောင်းဆိုခဲ့သော်လည်း အမေရိကန်ဘက်က ငြင်းဆိုခဲ့သည်။ သူမသည် လေတပ်စခန်းရှိ သံတမန်တစ်ဦးဖြစ်သူ ခင်ပွန်းထံတွင် မှီခိုအဖြစ် ရောက်ရှိနေသူ ဖြစ်သဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရှိသည်ဟု အမေရိကန်အစိုးရဘက်က တုံ့ပြန်ခဲ့သည်။
အန်နီစကူးလက်သည် လန်ဒန်တွင်ပြုလုပ်သည့် တရားရုံးကြားနာပွဲသို့လည်း လူကိုယ်တိုင်မတက်ရောက်ဘဲ ဗီဒီယိုလင့်ဖြင့်သာ တက်ရောက်ခဲ့သည်။
လန်ဒန်အလယ်ပိုင်းရှိ အိုးဘေလီ တရားရုံးတွင် နောက်ဆုံး ဆုံးဖြတ်ချက် မချမှတ်မီ သူမက “မိမိကြောင့် ဖြစ်ရသည့် နာကြင်ခံစားရမှုများအတွက် အထူးပင် ဝမ်းနည်းရပါကြောင်း” ပြောကြားထားသည့် စာကို သူမ၏ ရှေ့နေက ဖတ်ကြားခဲ့သည်။
ဆိုင်းငံ့ပြစ်ဒဏ်ခံရသူသည် ထောင်ဒဏ်အစား အဆိုပါ ပြစ်ဒဏ်ကာလအတွင်း ပြင်ပတွင် လွတ်လပ်စွာသွားလာခွင့် ရှိသည်။ သို့သော် ပြစ်ဒဏ် ချမှတ်ခံထားရသည့် ကာလအတွင်း နောက်ထပ်ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ပါက ပြစ်မှုအသစ်တွင် ယခုဆိုင်းငံ့ပြစ်ဒဏ်ကိုပါ ထပ်ပေါင်းပြီး ထောင်ဒဏ်ကျခံရမည် ဖြစ်သည်။