- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
- ရခိုင်က အွန်လိုင်းဈေးရောင်းချသူများ FDA ထောက်ခံချက် မရ၍ မှတ်ပုံတင်ရန် အခက်အခဲဖြစ်နေ
ယူကရိန်းအတွက် စစ်ရေးအကူအညီများ တိုးပေးမည်ဟု ယူကေဝန်ကြီးချုပ် ကတိပြု
ယူကေဝန်ကြီးချုပ် ရီရှိဆူနပ်သည် နိုဝင်ဘာလာ ၁၉ ရက်နေ့တွင် ယူကရိန်းသို့ အလည်အပတ် သွားရောက်ခဲ့ပြီး လေယာဉ်ပစ်သေနတ် ၁၂၅ လက်နှင့် အခြားသော လေကြောင်းရန်ကာကွယ်ရေး နည်းပညာများ ကူညီသွားမည်ဟု ခရီးစဉ်အတွင်း ကတိပေးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Nov 2022

၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ယူကရိန်းမြို့တော် ကီယက်ဗ်သို့ ရုတ်တရက် ရောက်ရှိလာသော ယူကေ ဝန်ကြီးချုပ် ရီရှိဆူနပ်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးတို့ ကီယက်ဗ်မြို့လယ်တွင် ကျန်နေခဲ့သော ရုရှားတင့်ကားများအား ကြည့်ရှုနေကြစဉ်။ ဓာတ်ပုံ - AP
DMG ၊ နိုဝင်ဘာ ၂၁
ယူကေဝန်ကြီးချုပ် ရီရှိဆူနပ်သည် နိုဝင်ဘာလာ ၁၉ ရက်နေ့တွင် ယူကရိန်းသို့ အလည်အပတ် သွားရောက်ခဲ့ပြီး လေယာဉ်ပစ်သေနတ် ၁၂၅ လက်နှင့် အခြားသော လေကြောင်းရန်ကာကွယ်ရေး နည်းပညာများ ကူညီသွားမည်ဟု ခရီးစဉ်အတွင်း ကတိပေးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယူကေ၏ အကူအညီများသည် အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့်တန်ဖိုးရှိပြီး ယူကရိန်းနိုင်ငံ၏ လျှပ်စစ်နှင့် အခြား အရေးပါသည့် အဆောက်အဦများအား ရုရှားက လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်နေချိန်၌ ယူကေက ယခုကဲ့သို့ ကတိပြုလိုက်ခြင်းလည်း ဖြစ်သည်။
ယူကေ၏ အကူအညီ၌ ရုရှားတို့ အသုံးပြုနေသည့် အီရန်ဒရုန်းများကို တုံ့ပြန်နိုင်မည့် ရေဒါစနစ်နှင့် အခြားနည်းပညာများ ပါဝင်သည်။
စနေနေ့က ကီယက်ဗ်သို့ လျှပ်တပြက် ရောက်ရှိလာသော ဆူနပ်အား ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးက သမ္မတနန်းတော်၌ လက်ခံတွေ့ဆုံခဲ့သည်။
“ခင်ဗျားလိုမိတ်ဆွေတွေ ကျွန်တော်တို့အနားမှာ ရှိနေတဲ့အတွက် အောင်ပွဲကို ကျွန်တော်တို့ ယုံကြည်လျက်ရှိပါတယ်”ဟု ဇီလင်စကီးက သူ၏ တွစ်တာအကောင့်တွင် ရေးသားထားသည်။
ယူကေသည် ယူကရိန်းအား အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံအထိ တန်ဖိုးရှိသော စစ်ရေးအကူအညီများ ပေးအပ်ထားပြီး နောက်နှစ်တွင်လည်း ထိုအတိုင်း ကူညီသွားမည်ဟု ဆူနပ်က ပြောကြားသည်။
ယူကရိန်းသည် လက်ရှိအချိန်၌ အအေးဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေရသလို ရုရှားတို့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း၌ လျှပ်စစ်မီးပြတ်တောက်မှုများ အကြီးအကျယ် ဖြစ်ပွားလျက်ရှိသည်။