- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
အမေရိကန်နှင့် ဖိလစ်ပိုင် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်စတင်မည်
အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ရန် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြကြောင်း စနေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်ကို ကိုးကားပြီး ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Sep 2021

DMG ၊ စက်တင်ဘာ ၁၄
အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော်ရန် နှစ်နိုင်ငံအကြား သဘောတူခဲ့ကြကြောင်း စနေ့က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်ကို ကိုးကားပြီး ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ဖျက်သိမ်းမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သော်လည်း ပြီးခဲ့သော ဇူလိုင်လတွင် ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူခဲ့သည်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဒဲလ်ဖင် လိုရန်ဇာနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ စက်တင်ဘာလ ၁၀ ရက်နေ့က ဝါရှင်တန်တွင် တွေ့ဆုံဆွေးနွေးမှုများ အပြီး၌ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူခဲ့ကြကြောင်း ဘလွန်းဘက်သတင်းက ဖော်ပြသည်။
ပင်လယ်ပြင်စိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများ အတွက် နှစ်ဘက် မူဘောင်များချမှတ်ကာ ဆောင်ရွက်သွားရန်၊ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး သဘောတူညီချက် စီမံကိန်းများကို ပြန်လည် ဆောင်ရွက်သွားရန် သဘောတူခဲ့ကြသည်ဟု ဖိလစ်ပိုင်က ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်၌ ဖော်ပြထားသည်။
ဝန်ကြီးနှစ်ဦး တွေ့ဆုံစဉ်၌ တောင်တရုတ်ပင်လယ်အတွင်း ဖြစ်ပေါ်ပြောင်းလဲမှုများကိုလည်း ဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံအကြား နှစ်ပေါင်း ၇၀ သက်တမ်းရှိနေပြီဖြစ်သည့် အပြန်အလှန် ကာကွယ်ရေးစာချုပ်အပေါ် အမေရိကန်၏ သဘောထားကိုလည်း ဝန်ကြီး လွိုက်အော်စတင်က ထပ်လောင်း အတည်ပြုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။