- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
မြန်မာစစ်တပ်အတွက် လက်နက်ဝယ်ယူပေးနေသူ ဦးကျော်မင်းဦးကို အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူ
မြန်မာစစ်တပ်အတွက် လက်နက်များဝယ်ယူတင်သွင်းနေသည့် ဦးကျော်မင်းဦးနှင့် ၎င်းပိုင်ဆိုင်သော Sky Aviator ကုမ္ပဏီကိုအမေရိကန်အစိုးရက နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒဏ်ခတ်အရေးယူမှုများ ချမှတ်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
09 Nov 2022
ဓာတ်ပုံ - Human Rights Watch
DMG | နိုဝင်ဘာ ၉
မြန်မာစစ်တပ်အတွက် လက်နက်များဝယ်ယူတင်သွင်းနေသည့် ဦးကျော်မင်းဦးနှင့် ၎င်းပိုင်ဆိုင်သော Sky Aviator ကုမ္ပဏီကိုအမေရိကန်အစိုးရက နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒဏ်ခတ်အရေးယူမှုများ ချမှတ်လိုက်ကြောင်း အမေရိကန်ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
“ကျော်မင်းဦး၏ အမြတ်အစွန်းများသည် အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ကြောင့် မြန်မာပြည်သူလူထုခံစားရမှုများနှင့် အကြမ်းဖက်ခံရမှုများမှ ရရှိနေခြင်းဖြစ်သည်” ဟု ဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ဦးကျော်မင်းဦးသည် မြန်မာစစ်တပ်၏ အနီးကပ်လူယုံတစ်ဦးဖြစ်ကာ ပြည်ပနိုင်ငံများမှ စစ်ဘက်ဆိုင်ရာရာထူးကြီးများ မြန်မာနိုင်ငံသို့ အလည်လာရောက်ရန်အတွက် ကြားလူအဖြစ် ဆောင်ရွက်နေသူဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
၎င်း၏ Sky Aviator ကုမ္ပဏီသည် မြန်မာစစ်တပ်အတွက် လေယာဉ်အစိတ်အပိုင်းများ အပါအဝင် လက်နက်ဝယ်ယူမှုများအတွက် ကြားခံပွဲစားအဖြစ် ဆောင်ရွက်နေခြင်းကြောင့် ယခုကဲ့သို့ ဒဏ်ခတ်အရေးယူလိုက်ခြင်း ဖြစ်ကြောင်းဘဏ္ဍာရေးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။