ယူကရိန်းအရေးက ကျူးဘားဒုံးကျည်အကျပ်အတည်းလိုဖြစ်သွားနိုင်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးခြိမ်းခြောက်

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗရော့ဗ် က ယူကရိန်းအကျပ်အတည်းက ၁၉၆၂ ခုနှစ် ကျုးဘားဒုံးကျည်အကျပ်အတည်းနဲ့အလားသဏ္ဍာန်တူပြီးကမ္ဘာလုံးဆိုင်ရာထိပ်တိုက်ရင်ဆိုင်ရမှုတွေကိုဖြေရှင်းဖို့ အမေရိကန်သမ္မတအနေနဲ့ ဉာဏ်ပညာရှိလိမ့်မယ်လို့မျှော်လင့်ကြောင်းအောက်တိုဘာ ၃၀ ရက်နေ့ကပြောလိုက်ပါတယ်။

By Admin 01 Nov 2022

ယူကရိန်းအရေးက ကျူးဘားဒုံးကျည်အကျပ်အတည်းလိုဖြစ်သွားနိုင်တယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးခြိမ်းခြောက်

ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗရော့ဗ်။ (ဓာတ်ပုံ - Reuters)

DMG | နိုဝင်ဘာ ၁

ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗရော့ဗ် က ယူကရိန်းအကျပ်အတည်းက ၁၉၆၂ ခုနှစ် ကျုးဘားဒုံးကျည်အကျပ်အတည်းနဲ့အလားသဏ္ဍာန်တူပြီးကမ္ဘာလုံးဆိုင်ရာထိပ်တိုက်ရင်ဆိုင်ရမှုတွေကိုဖြေရှင်းဖို့ အမေရိကန်သမ္မတအနေနဲ့ ဉာဏ်ပညာရှိလိမ့်မယ်လို့မျှော်လင့်ကြောင်းအောက်တိုဘာ ၃၀ ရက်နေ့ကပြောလိုက်ပါတယ်။

ရုရှားနိုင်ငံပိုင်ရုပ်မြင်သံကြားကနေဒုံးကျည်အကျပ်အတည်းနဲ့ပတ်သက်တဲ့အင်တာဗျူးတစ်ခုမှာနိုင်ငံခြားရေးဝန်ကြီးဆာဂေးလက်ဗရော့ဗ်က ရုရှားနိုင်ငံဟာအခုအချိန်မှာအနောက်နိုင်ငံတွေရဲ့လက်နက်ခြိမ်းခြောက်မှုကို ကြီးကြီးမားမားခံနေရတဲ့အတွက် ၁၉၆၂ ခုနှစ်နဲ့ဆင်တူတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီကနေ့အခြေအနေမှာဘယ်သူကဘယ်လိုအမိန့်ပေးနေသလဲဆိုတာကိုဂျိုးဘိုင်ဒန်အနေနဲ့နားလည်ဖို့ အခွင့် အရေးအများကြီးရှိလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဒီအခြေအနေကအရမ်းကိုစိတ်ပျက်ဖို့ကောင်းတယ်” လို့ လက်ဗရော့ဗ် ကပြောကြားခဲ့ပါတယ်။ 

“၁၉၆၂ ခုနှစ်နဲ့ခြားနားတာကတော့ ခရုရှက်ဗ် နဲ့ ကနေဒီတို့ကတာဝန်ယူမှုနဲ့ဉာဏ်ပညာကိုပြသနိုင်မယ့်ခွန်အားကိုတွေ့ရှိခဲ့ကြပါတယ်။ ပြီးတော့ ဒီကနေ့မှာတော့ ဝါရှင်တန် နဲ့ သူ့ဂြိုဟ်တုတွေကအဲဒီလိုအဆင်သင့်မဖြစ်သေးပါဘူး”လို့လည်းသူကပြောပါတယ်။

အိမ်ဖြူတော်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူကတော့ လက်ဗရော့ဗ် ရဲ့ပြောကြားချက်အပေါ်မှတ် ချက်ပေးဖို့ငြင်းဆိုခဲ့ပြီးအတိတ်တုန်းကမော်စကိုနဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေပွင့်နေတာကိုထောက်ပြခဲ့ပါတယ်။

အမေရိကန်နဲ့ရုရှားထိပ်တန်းဗိုလ်ချုပ်တွေဟာမေလကတည်းကစကားမပြောဘဲနေခဲ့ကြပါတယ်။ အမေရိကန် နဲ့ ရုရှားကာကွယ်ရေးဝန်ကြီးတွေ ဒုတိယအကြိမ်အဖြစ် စကားပြောပြီးလို့သုံးရက်မြောက်တဲ့နေ့ တနင်္လာမှာတော့ အမေရိကန်နဲ့ရုရှားထိပ်တန်းဗိုလ်ချုပ်တွေ ပထမဆုံးအကြိမ်အဖြစ် ဖုန်းနဲ့စကားပြောကြပါလိမ့်မယ်။

ဆိုဗီယက်ခေတ်လွန် ဥရောပရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး ရုရှားရဲ့စိုးရိမ်မှုကအထူးသဖြင့် ပဋိပက္ခရဲ့အကြောင်းရင်းတွေထဲကတစ်ခုကတော့ နေတိုးစစ်မဟာမိတ်အဖွဲ့တွေ အရှေ့ဘက်ကိုတိုးလာနေတာပါပဲ။ 

ယူကရိန်းကလည်းသူ့ပိုင်နက်ထဲကနေ ရုရှားတစ်ယောက်မကျန်ထွက်ခွာသွားတဲ့တိုင်အောင် တိုက်ခိုက်နေမှာပဲလို့ ပြောပါတယ်။ လက်ရှိအကျပ်အတည်းနဲ့ပတ်သက်ပြီး ရုရှားအနေနဲ့ဘာလုပ်သင့်သလဲလို့ လက်ဗရော့ဗ် ကိုမေးတော့ “သမ္မတပူတင်အပါအဝင် ရုရှားအနေနဲ့ နိုင်ငံအတွက်အသင့်ပြင်ဆင်ထားပြီးညှိနှိုင်းမှုတွေကလည်းမပြောင်းလဲပါ ဘူး” လို့ဖြေကြားခဲ့ပါတယ်။ 

ဆိုဗီယက်ယူနီယံနဲ့ အမေရိကန်ပြည်ထောင်စုတို့ နျူးကလီးယားစစ်ပွဲဖြစ်ဖို့နီးကပ်လာချိန်မှာ ကျူးဘားအကျပ် အတည်းကမော်စကိုနဲ့ အနောက်နိုင်ငံတွေအကြား ကြီးမားတဲ့ထိပ်တိုက်တိုးမှုကိုဖြစ်ပေါ်စေခဲ့ပါတယ်။ အမေရိကန်ကျောထောက်နောက်ခံနဲ့ ကျူးဘားပြည်ပြေးတွေကကွန်မြူနစ်အစိုးရကိုဖြုတ်ချဖို့ကြိုးပမ်းမှုကျရှုံးပြီးအမေရိကန်ပြည်ထောင်စုကအီတလီနဲ့တူရကီမှာဒုံးကျည်တွေနေရာချထားခဲ့ပါတယ်။ အဲဒီနောက် ဆိုဗီယက်ခေါင်းဆောင် နီကီတာခရုရှက်ဗ်ကလည်း ကျူးဘားမှာနျူးကလီးယားဒုံးကျည်တွေ နေရာချထားခဲ့ပါတယ်။

ဗီဒီယိုများ