- ပုဂံတွင် နိုင်ငံခြားခရီးသွားများကို ဝင်ကြေးတိုးမြှင့်ပြီး နေထိုင်ခွင့်ရက် လျော့ချမည်
- လောကာနန္ဒာ မီးပွိုင့်တွင် ယာဉ်တိုက်ခံရမှုဖြစ်စဉ် အမျိုးသမီးနှစ်ဦး ဒဏ်ရာပြင်းထန်
- တောင်သူများ လူမှုဘဝဖွံ့ဖြိုးရေးအတွက် သီးနှံအာမခံစနစ် ဖော်ဆောင်သွားမည်
- စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမှုရပ်နားခဲ့ရသည့် ရခိုင်က လယ်မြေအချို့တွင် ယခုနှစ် ပြန်လည်စိုက်ပျိုးလာနိုင်
- ခွင့်ပြုချက်မဲ့ ဘာသာရေးအဆောက်အအုံများ ဆောက်လုပ်ပါက အရေးယူမည်ဟု ပလက်ဝတွင် သတိပေးစာထုတ်
ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စုကို ဗြိတိန်က ဒဏ်ခတ်အရေးယူ
မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံက စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာလိုက်သည်။
04 Sep 2021

DMG ၊ စက်တင်ဘာလ ၄
မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်လိုက်ကြောင်း ဗြိတိန်နိုင်ငံက စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာလိုက်သည်။
ယခုဒဏ်ခတ်မှုအသစ်အရ မြန်မာစစ်တပ်အတွက် အဓိက လက်နက်ဝယ်ယူပေးနေသူ ဖြစ်သလို ငွေကြေးထောက်ပံ့နေသူလည်း ဖြစ်သော စီးပွားရေးလုပ်ငန်းရှင်ဦးတေဇနှင့် ထူးကုမ္ပဏီအုပ်စု၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်မည်ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ဦးတေဇသည် မြန်မာစစ်တပ်အတွက် လက်နက်များ ဝယ်ယူမှုများတွင်လည်း ပါဝင်ပတ်သက်နေကြောင်း ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
၂၀၁၇ ခုနှစ်က မွတ်ဆလင်များအား မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင်လည်း ထူးကုမ္ပဏီက ငွေကြေးထောက်ပံ့ခဲ့သည်ဟု ဖော်ပြထားသည်။
ဗြိတိန်အစိုးရသည် မြန်မာနိုင်ငံ၌ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းတွင် စစ်တပ်နှင့် ဆက်စပ်သူများအား ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုများ ဆောင်ရွက်လျက်ရှိသည်။
ယူကေအနေဖြင့် မိမိတို့၏ မိတ်ဖက်များနှင့်အတူ မြန်မာစစ်အုပ်စု၏ ပိုင်ဆိုင်မှု၊ ကလေးငယ်များအပါအဝင် အပြစ်မဲ့သူများအား သတ်ဖြတ်ရာတွင် အသုံးပြုသည့် လက်နက်ထောက်ပံ့မှုတို့ကို တာမြစ်ပိတ်ပင်သွားမည် ဖြစ်သလို စစ်အုပ်စု၏ လုပ်ရပ်များကို ထောက်ခံသူများကိုလည်း ပစ်မှတ်ထား အရေးယူသွားမည်ဟု ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒိုမိနစ်ရက်ဘ်က ကြေညာချက်ထုတ်ပြန် ပြောကြားထားသည်။