- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဗီယက်နမ်မှာ တိုင်းရင်းဆေးဖော်စပ်ရန် သိမ်းဆည်းထားသည့် ကြောင်အသေ ၂,၀၀၀ ခန့် တွေ့ရှိ
ဗီယက်နမ်တွင် ကြောင်နှင့်ခွေး အသားကို တရားဝင် စားသောက်ခွင့်ပြုထားသည်။ စားသောက်ဆိုင်အများအပြားတွင်လည်း အဆိုပါအသားကို ရောင်းချကြသည်။
17 Feb 2023
ဗီယက်နမ်နိုင်ငံတွင် တိုင်းရင်းဆေးဖော်စပ်ရန် ရည်ရွယ်ချက်ဖြင့် သိမ်းဆည်းထားသည့် ကြောင်အကောင်ရေ ၂,၀၀၀ ခန့်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ကြောင်း အစိုးရပိုင် မီဒီယာက သောကြာနေ့တွင် ဖော်ပြသည်။
မဲခေါင်မြစ်ဝှမ်း ဒွန်သက်ခရိုင်ရှိ သားသတ်ရုံတစ်ခုတွင် အဆိုပါကြောင်အသေများအား ကြာသပတေးနေ့တွင် တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ နောက်ထပ် တိရစ္ဆာန်ကောင်ရေ ၄၈၀ ကိုလည်း အသက်ရှင်လျက် တွေ့ရှိခဲ့သည်ဟု အစိုးရပိုင် ဒေသန္တရသတင်းစာတွင် ဖော်ပြချက်ကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကြောင်များကို အအေးခန်းတွင် သိမ်းဆည်းထားခြင်း ဖြစ်ကာ ဗီယက်နမ်မြောက်ပိုင်းသို့ တင်ပို့ရန် ရည်ရွယ်ထားသည်ဟု ယူဆရသည်။
ကြောင်အရိုးမှ ထုတ်ယူရရှိသော အဆီအနှစ်သည် ပန်းနာရင်ကြပ်ရောဂါနှင့် အရိုးပွရောဂါများကို ကုသရာတွင် အစွမ်းထက်သည်ဟု ဗီယက်နမ်လူမျိုးအချို့က ယုံကြည်ကြသည်။
ဗီယက်နမ်တွင် ကြောင်နှင့်ခွေး အသားကို တရားဝင် စားသောက်ခွင့်ပြုထားသည်။ စားသောက်ဆိုင်အများအပြားတွင်လည်း အဆိုပါအသားကို ရောင်းချကြသည်။ သို့သော်လည်း အသားရရှိသည့် မူလနေရာနှင့် သားသတ်ခွင့် အထောက်အထားလက်မှတ်များ ပြသရန်လိုအပ်သည်။
ယခုကြောင်သေ ၂,၀၀၀ တွေ့ရှိရသည့် သားသတ်ရုံသည် အဆိုပါကြောင်များကို တင်သွင်းလာသည့် မူလနေရာနှင့် သားသတ်ခွင့်လက်မှတ်များ ဖော်ပြနိုင်ခြင်း မရှိကြောင်း သတင်းအရ သိရသည်။
လတ်တလောတွင် ယခုကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ဖမ်းဆီး အရေးယူခြင်းမျိုး မရှိသေးပေ။
ဗီယက်နမ်နိုင်ငံ၌ သတ်ဖြတ်ခံရသော ကြောင်အရေအတွက်သည် နှစ်စဉ် တစ်သန်းခန့်အထိ ရှိနိုင်ကြောင်း တိရစ္ဆာန်ကူညီစောင့်ရှောက်ရေးအသင်း Four Paws International ၏ ဖော်ပြချက်အရ သိရသည်။