- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအား အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ
သေဆုံးသူ ၂၁၃ ဦး၊ ကူးစက်ခံထားရသူ ၁၀၀၀၀ နီးပါးရှိသွားပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအား အရေးအပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာလိုက်ပြီဖြစ်သည်။
31 Jan 2020

တရုတ်ပြည် ဝူဟန်မြို့မှစတင် ပေါ်ပေါက်ခဲ့ပြီး လက်ရှိအချိန်တွင် ကူးစက်ခံထားရသူပေါင်း တစ်သောင်းနီးပါး ရှိနေပြီဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအား အရေးအပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာလိုက်ပြီဖြစ်သည်။
ကုလကျန်းမာရေးအဖွဲ့က ယခုဖြစ်ရပ်အား အခြားနိုင်ငံများအတွက်ပါ အန္တရာယ်ရှိပြီး နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် “ထူးခြားဖြစ်စဉ်” အဖြစ် သတ်မှတ်ထားကြောင်း AP သတင်းတွင် ဖော်ပြထားသည်။
“ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းတဲ့ နိုင်ငံတွေဆီ ဒီဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့သွားမှာကို ကျွန်တော်တို့ စိတ်အပူဆုံးပါပဲ။” ဟု ကြာသပတေးနေ့က ဂျီနီဗာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ WHO အကြီးအကဲ တီဒရို အက်ဒ်ဟန်နန် ဂီဘရီယီဆက်စ် (Tedros Adhanom Ghebreyesus) က ပြောကြားသွားသည်။

ဇန်နဝါရီ ၃၁ ရက် သောကြာနေ့အထိ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူလူနာ ၂၁၃ ဦး၊ ကူးစက်ခံထားရသူ ၁၀၀၀၀ နီးပါးရှိသွားပြီဟု တရုတ်အစိုးရက တရားဝင်ထုတ်ပြန်ထားသည်။
လက်ရှိအချိန်အထိ တရုတ်ပြည်ပြင်ပတွင် ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အိန္ဒိယ၊ ဟောင်ကောင်စသည့် အာရှနိုင်ငံများ အပါအဝင် ကမ္ဘာတဝန်း ၂၂ နိုင်ငံ၌ ဗိုင်းရပ်ကူးစက်ခံထားရသူ ၁၂၉ ဦးရှိကြောင်း ရိုက်တာသတင်းတစ်ရပ်အရ သိရသည်။
ကမ္ဘာ့နိုင်ငံအများအပြားက ၎င်းတို့၏နိုင်ငံသားများအား တရုတ်ပြည်သို့ အလည်မသွားကြရန် တိုက်တွန်းထားပြီး နိုင်ငံအချို့တွင် ဗိုင်းရပ်စ်စတင်ပျံ့နှံ့ရာ တရုတ်ပြည်အလယ်ပိုင်း ဝူဟန်မြို့မှ ခရီးသည်များအား ဝင်ခွင့်ပိတ်ပင်ထားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်း - ဝူဟန်ဗိုင်းရပ်စ် ပျံ့နှံ့မှု လပေါင်းများစွာကြာမြင့်နိုင်ကြောင်း ပညာရှင်များပြော