- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများ ပြင်းထန်လာသည့်အပေါ် အလွန်စိုးရိမ်ဟု အာဆီယံဥက္ကဌဆို
မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာသည့်အပေါ် အာဆီယံအဖွဲ့ကြီးအနေဖြင့် အလွန်ပင်စိုးရိမ်မိကြောင်း အာဆီယံဥက္ကဌ ကမ္ဘောဒီးယားက ယနေ့ပြောကြားလိုက်သည်။ ထိန်းထိန်းသိမ်းသိမ်း ရှိကြရန်နှင့် တိုက်ပွဲများ ချက်ချင်းရပ်ဆိုင်းကြရန်လည်း ဥက္ကဌက ပြောကြားသည်။
26 Oct 2022

ဓာတ်ပုံ - Reuters
DMG ၊ အောက်တိုဘာ ၂၆
မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ ပိုမိုဆိုးရွားလာသည့်အပေါ် အာဆီယံအဖွဲ့ကြီးအနေဖြင့် အလွန်ပင်စိုးရိမ်မိကြောင်း အာဆီယံဥက္ကဌ ကမ္ဘောဒီးယားက ယနေ့ပြောကြားလိုက်သည်။ ထိန်းထိန်းသိမ်းသိမ်း ရှိကြရန်နှင့် တိုက်ပွဲများ ချက်ချင်းရပ်ဆိုင်းကြရန်လည်း ဥက္ကဌက ပြောကြားသည်။
ယနေ့ထုတ်ပြန်သည့် ကြေညာချက်၌ အာဆီယံဥက္ကဌက အင်းစိန်ထောင်တွင်း ဗုံးပေါက်ကွဲမှု၊ ကရင်ပြည်နယ်၌ ဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ကချင်တွင် ပြီးခဲ့သောတနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၀ ထက်မနည်း သေဆုံးရမှုတို့ကို ထည့်သွင်းပြောကြားထားသည်။
“သေဆုံးဒဏ်ရာရမှုများ ပိုများလာခြင်း၊ မြန်မာပြည်သူလူထုများ၏ ခံစားရခြင်းများအတွက် မိမိတို့အနေဖြင့် နက်ရှိုင်းစွာ ဝမ်းနည်းရကြောင်း”ကြေညာချက်၌ ဖော်ပြထားသည်။
ယခုပဋိပက္ခသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေများကို ပိုမိုဆိုးရွားစေသည်သာမက အာဆီယံနှင့် မြန်မာစစ်အစိုးရအကြား သဘောတူထားသည့် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရေး အားထုတ်မှုများကိုလည်း အားလျော့သွားစေသည်ဟု ကြေညာချက်က ဆိုသည်။
“သို့အတွက်ကြောင့် ထိန်းထိန်းသိမ်းသိမ်းရှိကြရန်နှင့် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ကြရန် မိမိတို့ ပြင်းပြင်းထန်ထန် တိုက်တွန်းသည်”ကြေညာချက်တွင် ဖော်ပြပြီး သက်ဆိုင်ရာအင်အားစုများအားလုံး ဆွေးနွေးညှိနှိုင်းကြရန်လည်း တောင်းဆိုထားသည်။
အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများသည် ကြာသပတေးနေ့တွင် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးကြရန် စီစဉ်ထားသည်။