- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
တရုတ်အခြေစိုက် တေးသီချင်းဝန်ဆောင်မှု JOOX Music မြန်မာမှ ထွက်ခွာမည်
တရုတ်နိုင်ငံအခြေစိုက် တေးသီချင်းဝန်ဆောင်မှု မိုဘိုင်းအပ်ပကလီကေးရှင်းဖြစ်သည့် JOOX Music Myanmar သည် မြန်မာနိုင်ငံမှ ဇွန်လ ၆ ရက်နေ့တွင် ပြန်လည်ထွက်ခွာတော့မည်ဖြစ်ကြောင်း ၎င်းကုမ္ပဏ္ဏီမှထုတ်ပြန်ကြေငြာသည်။
03 Jun 2022
DMG ၊ ဇွန် ၃
တရုတ်နိုင်ငံအခြေစိုက် တေးသီချင်းဝန်ဆောင်မှု မိုဘိုင်းအပ်ပကလီကေးရှင်းဖြစ်သည့် JOOX Music Myanmar သည် မြန်မာနိုင်ငံမှ ဇွန်လ ၆ ရက်နေ့တွင် ပြန်လည်ထွက်ခွာတော့မည်ဖြစ်ကြောင်း ၎င်းကုမ္ပဏ္ဏီမှထုတ်ပြန်ကြေငြာသည်။
JOOX Myanmar ၏ Music အပ်ပလီကေးရှင်းတွင် တေးသီချင်းပေါင်း ၄၅ သန်းကျော်ကို အလွယ်တကူနားထောင်နိုင်ပြီး စစ်တပ်မှအာဏာမသိမ်းမီအချိန်အထိ ပြည်တွင်းလူငယ်များကြား အသုံးများခဲ့သည်။
"သီချင်းပေါင်း ၄၅ သန်းကျော်ပါဝင်သည့် ပြည်တွင်းပြည်ပမှ သီချင်းများအပြင် မြန်မာနိုင်ငံမှ ဂီတချစ်ပရိသတ်များအတွက်လည်း အထူးသီးသန့် LIVE ဖျော်ဖြေမှုများ ပံ့ပိုးနိုင်ခဲ့သည့်အတွက် အလွန်ပင်ဝမ်းသာဂုဏ်ယူမိပါတယ်"ဟု Joox Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ JOOX Myanmar အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ခွာရန်ထုတ်ပြန်ခဲ့မှုအပေါ် ကုမ္ပဏီအနေဖြင့် သေချာအလေးအနက်ထားကာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း နည်းပညာကျွမ်းကျင်သူလူငယ်တစ်ဦးမှပြောသည်။
"JOOX က ပြည်တွင်းလူငယ်ကြားမှာ တော်တော်လေးလူကြိုက်များခဲ့တယ်။ တေးသီချင်းစုံလင်နားထောင်ရတယ်ပေါ့နော်။ အခုအခြေအနေတွေကြောင့် ပြန်လည်ထွက်ခွာသွားတဲ့အပေါ်ကိုတော့ ကုမ္ပဏီအနေနဲ့က သေချာစဉ်းစားပြီးထုတ်ပြန်ခဲ့တယ်လို့ပဲမြင်ပါတယ်"ဟု ၎င်း၏အမြင်ကိုပြောသည်။
တရုတ်နည်းပညာကုမ္ပဏီ Tencent မှ ပိုင်ဆိုင်ထားသည့် JOOX Music အပ်ပလီကေးရှင်းကို ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ စတင်မိတ်ဆက်ဝင်ရောက်ခဲ့ပြီး စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခဲ့ပြီးနောက် ၇ နှစ်နီးပါးအကြာ၌ ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်။