- မြန်မာ စစ်ဘေးရှောင်များကို ထိုင်းအစိုးရက တရားဝင် အလုပ်ပေးမည်
- AA ထိန်းချုပ်ဒေသများတွင် အင်တာနက်ဝန်ဆောင်မှုများ ယာယီပိတ်
- စစ်ပွဲနှင့်အတူ တကျော့ပြန် ခေါင်းထောင်လာသည့် ရခိုင်ပြည်က ငှက်ဖျား
- မြောက်ဦးမြို့ ဗုံးကြဲခံရမှုတွင် ဒဏ်ရာရသူများအနက် နှစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ
- ငွေကြေးအဆင်မပြေ၍ စစ်ဘေးရှောင် အခမဲ့စာသင်ကျောင်းအချို့ ရပ်ထားရ
မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
ဂျာမူနာ အစိုးရဧည့်ဂေဟာတွင် မတ်လ ၁၂ ရက်နေ့က တွေ့ဆုံစဉ်၌ ဝန်ကြီး မာမာဒူတန်ဂါရာက ပါမောက္ခ ယူနွတ်အား "ဂမ်ဘီယာသမ္မတဟာ ဒီကိစ္စကို ကူညီအားပေးပြီး ကြည့်ရှုနေတယ်ဆိုတာ ကျွန်တော် အာမခံနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။
13 Mar 2025

DMG ၊ မတ် ၁၃
ဂမ်ဘီယာ နိုင်ငံခြားရေးဝန်ကြီး မာမာဒူတန်ဂါရာသည် မတ်လ ၁၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရ အကြံပေးအဖွဲ့ခေါင်းဆောင် မိုဟာမက်ယူနွတ်နှင့် တွေ့ဆုံပြီး မြန်မာအပေါ် စွဲချက်တင်ထားသည့် လူမျိုးတုံးသတ်ဖြတ်မှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
ဂျာမူနာ အစိုးရဧည့်ဂေဟာတွင် မတ်လ ၁၂ ရက်နေ့က တွေ့ဆုံစဉ်၌ ဝန်ကြီး မာမာဒူတန်ဂါရာက ပါမောက္ခ ယူနွတ်အား "ဂမ်ဘီယာသမ္မတဟာ ဒီကိစ္စကို ကူညီအားပေးပြီး ကြည့်ရှုနေတယ်ဆိုတာ ကျွန်တော် အာမခံနိုင်ပါတယ်" ဟု ပြောကြားခဲ့သည်။
ပါမောက္ခယူနွတ်ကလည်း မွတ်ဆလင်ဒုက္ခသည်များ အရေးအတွက် ဆောင်ရွက်ပေးခြင်းအပေါ် ဂမ်ဘီယာကို ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ အကြံပေးက ပြောကြားကြောင်း ဒါကာထရီဗျူးန် သတင်းတွင် ဖော်ပြထားသည်။
"ဒီအမှုကို အနိုင်ရစေချင်ပါတယ်။ ဒီအတွက် ခင်ဗျားတို့ရဲ့ အကူအညီ လိုပါတယ်။ ဒါဟာ တကယ်အရေးပါပါတယ်" ဟု ယူနွတ်က ပြောကြောင်း သတင်းတွင် ဖော်ပြချက်အရ သိရသည်။
ယူနွတ်၏ သံတမန်အရေး အားထုတ်ကြိုးပမ်းမှုများက မွတ်ဆလင်ဒုက္ခသည်များအတွက် ဂုဏ်သိက္ခာရှိသည့် ဘဝတစ်ခု ထောက်ပံ့ပေးနိုင်မည်ဟုလည်း တန်ဂါရာက ပြောကြားသည်ဟု သတင်းတွင် ဖော်ပြသည်။
ရခိုင်ပြည်တွင် နေထိုင်ကြသည့် မွတ်ဆလင်များအပေါ် ၂၀၁၇ ခုနှစ်အတွင်းက ကျူးလွန်ခဲ့သည့် လုပ်ရပ်များသည် လူမျိုးတုံးသတ်ဖြတ်မှု မြောက်ပြီး ဤလုပ်ရပ်ကို တားဆီးရန် ပျက်ကွက်ခဲ့သည်ဟု ဆိုကာ ဂမ်ဘီယာနိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ၌ မြန်မာနိုင်ငံကို တရားစွဲဆိုခဲ့သည်။