- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ဂါဇာအရပ်သားများကို အစ္စရေး သတ်ဖြတ်မှု ကမ္ဘာ့နိုင်ငံ ၂၈ နိုင်ငံက ရှုတ်ချကြောင်း ပူးတွဲကြေညာ
ဂျပန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၈ နိုင်ငံက ဂါဇာစစ်ပွဲ ချက်ချင်းရပ်ရန် အစ္စရေးကို တောင်းဆိုလိုက်သလို ပါလက်စတိုင်းများအပေါ် "လူမဆန်သည့်သတ်ဖြတ်မှု"များနှင့် ပတ်သက်၍လည်း ဝေဖန်ချက်ထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Jul 2025

ဂျပန်၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၂၈ နိုင်ငံက ဂါဇာစစ်ပွဲ ချက်ချင်းရပ်ရန် အစ္စရေးကို တောင်းဆိုလိုက်သလို ပါလက်စတိုင်းများအပေါ် "လူမဆန်သည့်သတ်ဖြတ်မှု"များနှင့် ပတ်သက်၍လည်း ဝေဖန်ချက်ထုတ်ပြန်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဂါဇာရှိ ပါလက်စတိုင်းများကို အကူအညီ မစို့မပို့ ပေးနေခြင်းများကို ရှုတ်ချသလို အကူအညီယူနေရင်း သေဆုံးရသည့် အရပ်သားအရေအတွက် ၈၀၀ ကျော်အထိ ရှိလာသည့်အပေါ်လည်း အံ့သြထိတ်လန့်မှု ဖြစ်ရကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ၂၈ နိုင်ငံ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
သေဆုံးသူအများစုမှာ ဂါဇာရှိ ကုလသမဂ္ဂ ရိက္ခာဖြန့်ဖြူးရေး လုပ်ငန်းများအစား ဝင်ရောက်နေရာယူထားသည့် အမေရိကန်နှင့် အစ္စရေးတို့၏ ရိက္ခာဖြန့်ဝေရေး ဌာနများတွင် သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ဂါဇာမြောက်ပိုင်းတွင် ရိက္ခာယူရန် စောင့်ဆိုင်းနေသည့် လူအုပ်ကြီးအား အစ္စရေး စစ်တပ်က ပစ်ခတ်သည့်အတွက် ၆၇ ဦးထက်မနည်း သေဆုံးခဲ့သည်။
"အစ္စရေးအစိုးရ၏ စားနပ်ရိက္ခာဖြန့်ဝေမှု ပုံစံသည် အန္တရာယ်ကြီးမားပြီး မတည်ငြိမ်မှုကို ပိုဆိုရွားစေသလို ဂါဇာဒေသခံများ၏ လူ့ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေသည်" ဟု ၂၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ယခုထုတ်ပြန်ချက်သည် လက်တွေ့နှင့် ကင်းကွာနေပြီး ဟားမားစ်တို့ကိုလည်း မှားယွင်းသော သတင်းစကား ပေးပို့သည့်လုပ်ရပ် ဖြစ်သည်ဟု တုံ့ပြန်ပြောကြားထားသည်။
အစ္စရေးနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကလည်း ဤထုတ်ပြန်ချက်သည် 'ရွံရှာဖွယ်ကောင်း' သည်ဟု ပြောဆိုသည်။ ဟားမားစ်တို့က ကမ်းလှမ်းချက်တိုင်းကို ပယ်ချနေသည့်အချိန်၌ ယခုကဲ့သို့ အစ္စရေးကို အပြစ်ဖို့ခြင်းမှာ ယုတ္တိမရှိဟုလည်း အမေရိကန်သံအမတ်က ပြောဆိုထားသည်။
အစ္စရေးအပေါ် ရှုတ်ချကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည့် နိုင်ငံများမှာ သြစတြေးလျ၊ သြစထရီးယား၊ ဘယ်လဂျီယမ်၊ ဆိုက်ပရပ်၊ ကနေဒါ၊ ဒိန်းမတ်၊ အက်စတိုးနီးယား၊ ဖင်လန်၊ ပြင်သစ်၊ အိုက်စလန်၊ အိုင်ယာလန်၊ အီတလီ၊ ဂရိ၊ ဂျပန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ လူဇင်ဘက်၊ မော်လတာ၊ နယ်သာလန်၊ နယူးဇီလန်၊ နော်ဝေ၊ ပိုလန်၊ ပေါ်တူဂီ၊ ဆလိုဗေးနီးယား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇာလန်နှင့် ယူကေတို့ဖြစ်သည်။