- တရုတ် ကြိုးကိုင်တဲ့ မြန်မာ့ပြည်တွင်းစစ်
- AA ထိုးစစ် အရှိန်လျော့နေချိန် ကျောက်ဖြူကို စစ်ကောင်စီ ဗုံးကြဲ
- သေဒဏ်ပေးနိုင်သည့် ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက် ပြည်သူအသံကို နှုတ်ပိတ်ခြင်းဟု ဆို
- အိန္ဒိယ - ပလက်ဝ ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်နေ
- စစ်ကောင်စီ ကျုးလွန်နေသည့် စစ်ရာဇဝတ်မှုများ ရပ်တန့်ရေး ကူညီပေးရန် ကုလ၊ တရုတ်နှင့် နိုင်ငံတကာကို TNLA မေတ္တာရပ်ခံ
ငြိမ်းချမ်းရေးဆွေးနွေးရန် စစ်ခေါင်းဆောင်ကို အကြံပြုခဲ့ဟု သက်ဆင်ရှင်နာဝပ်ပြော
အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်၏ အကြံပေးအဖြစ် ဆောင်ရွက်နေသည့် သက်ဆင်၏ ယခုကဲ့သို့ ပြောကြားချက်ကို ဘန်ကောက်ပို့စ်က ဧပြီလ ၁၃ ရက်နေ့ သတင်းတစ်ရပ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
14 Apr 2025

မြန်မာစစ်ကောင်စီနှင့် လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့များအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်ရန် အကြံပေးခဲ့ပြီး အကောင်အထည် ပေါ်နိုင်ခြေ အလားအလာ မြင့်မားသည်ဟု ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ပြောကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။
အာဆီယံအဖွဲ့၏ လက်ရှိဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်နဝါအီဗရာဟင်၏ အကြံပေးအဖြစ် ဆောင်ရွက်နေသည့် သက်ဆင်၏ ယခုကဲ့သို့ ပြောကြားချက်ကို ဘန်ကောက်ပို့စ်က ဧပြီလ ၁၃ ရက်နေ့ သတင်းတစ်ရပ်တွင် ဖော်ပြထားခြင်း ဖြစ်သည်။
ယခုလအစောပိုင်းက ထိုင်းနိုင်ငံတွင် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (BIMSTEC) အစည်းအဝေး ကျင်းပခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧပြီလ ၃ ရက်နှင့် ၄ ရက်နေ့များတွင် အဆိုပါအစည်းအဝေး တက်ရောက်ခဲ့သည်။
BIMSTEC အစည်းအဝေး၌ စစ်ခေါင်းဆောင်နှင့် အလွတ်တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီး အပြုသဘော တုံ့ပြန်မှုများ ရှိခဲ့ကြောင်း သက်ဆင်က ပြောသည်။
“သူတို့တွေ တွေ့ဆုံဆွေးနွေးရေးအတွက် သဘောတူနိုင်ခြေ များသလို ကျွန်တော်တို့ဘက်ကလည်း ပံ့ပိုးစီစဉ်ပေးဖို့ ဆန္ဒရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ကျွန်တော်တို့ ပြောတာကို နားထောင်ခဲ့ပြီး နောက်ဆက်တွဲ ဆွေးနွေးမှုတွေ လာဦးမှာပါ” ဟု သက်ဆင်က ပြောကြောင်း ဘန်ကောက်ပို့စ်တွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ ဘယ်ဖက်ကမှ ရပ်တည်မှာ မဟုတ်ပါဘူး။ သူတို့အတွက် ကနေဦး ဆွေးနွေးမှုတွေ စီစဉ်ပေးလိုတဲ့ဆန္ဒပဲ ရှိပါတယ်” ဟုလည်း သက်ဆင်က ပြောသည်။
သို့သော်လည်း မိမိနေဖြင့် စစ်ကောင်စီနှင့် လက်နက်ကိုင်တပ်များအကြား ငြိမ်းချမ်းရေးဆွေးနွေးမှုများ မရှိဘဲ ရွေးကောက်ပွဲ ဖြစ်မလာနိုင်ဟု ယုံကြည်သည့်အတွက် ရွေးကောက်ပွဲကိစ္စရပ်ကို စစ်ကောင်စီခေါင်းဆောင်နှင့် ဆွေးနွေးခဲ့ခြင်း မရှိဟု သက်ဆင်က ပြောကြောင်း ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြထားသည်။