ဇာတ်ရှိန်မြှင့်နေတဲ့ မြန်မာ့ပြည်တွင်းစစ်မှာ ဘယ်သူအနိုင်ရမလဲ

အဓိကပါဝင်လှုပ်ရှားနေကြသူများ၏ အားနည်းချက်၊ အားသာချက်များက လူများစုဗမာကြီးစိုး သည့်ဒေသများနှင့် တိုင်းရင်းသားဒေသနှစ်မျိုးစလုံးမှ ထင်ရှားစွာ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ၂၀၂၂ ခု နှစ်က မည်သည့်ဘက်မှ အနိုင်ရမည်နည်းဆို သည့်မေးခွန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ကျဉ်း လာမည်ဖြစ်သည်။ နှစ်ဘက်အခြေအနေကလည်း လျော့ပါးသွားနိုင်ဖွယ်မရှိပါ။

By ကြည်ဖြူစံ 29 Jan 2022

ဓာတ်ပုံ - AFP

DMG ၊ ဇန်နဝါရီ ၂၉

(ဘာသာပြန်ဆောင်းပါး)

ကိုလိုနီလက်အောက်ခံအဖြစ်မှ လွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကလိုပင် ၂၀၂၁ ခုနှစ်သည်လည်း စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ထင်ရှားကျော်ကြားသော ပုန်ကန်မှုဖြင့် မြန်မာနိုင်ငံ၏ ခေတ်သစ်သမိုင်းတွင် ဒုတိယအရေးပါသော အမှတ်အသားတစ်ခုဖြစ်ခဲ့သည်။

ရှုပ်ယှက်ခတ်နေခဲ့သော နှစ်တစ်နှစ်အဆုံးမှာတော့ မရေရာမှုများနှင့် ဟန်ချက်မညီဖြစ်နေသော မြန်မာ စစ်တပ်ကို ဆန့်ကျင်နေသည့် ရေပန်းစားထင်ရှားသော ဒီမိုကရေစီအင်အားစုများသည်လည်း အနာဂတ်အတွက် ရုန်းကန်နေရသည်။

မြန်မာနိုင်ငံအခြေအနေများနှင့် ပတ်သက်ပြီး သတင်းဆန်ဆန်မှတ်ချက်များက "ရှေ့လည်းမတိုးသာ၊ နောက် လည်းမဆုတ်သာ" အဖြစ် မကြာသေးမီလများအတွင်းကပဲ ဖော်ပြခဲ့ကြသည်။ အမှန်တော့ မြန်မာနိုင်ငံ၏ကျယ်ပြန့်သော ပထဝီဝင်အနေအထားနှင့် အစီရင်ခံမှုအပိုင်းအားနည်းမှု တို့ကြောင့် စစ်ပွဲ၏ ရုပ်ဝတ္ထုပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ အင်အားစုများ၏လမ်းကြောင်းကို ယုံယုံကြည် ကြည်ဖြင့် မှတ်ချက်ပေးသတ်မှတ်ရန် မဖြစ်နိုင်သေး ပါ။

အဓိကပါဝင်လှုပ်ရှားနေကြသူများ၏ အားနည်းချက်၊ အားသာချက်များက လူများစုဗမာကြီးစိုး သည့်ဒေသများနှင့် တိုင်းရင်းသားဒေသနှစ်မျိုးစလုံးမှ ထင်ရှားစွာ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။ ၂၀၂၂ ခု နှစ်က မည်သည့်ဘက်မှ အနိုင်ရမည်နည်းဆို သည့်မေးခွန်းကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ကျဉ်း လာမည်ဖြစ်သည်။ နှစ်ဘက်အခြေအနေကလည်း လျော့ပါးသွားနိုင်ဖွယ်မရှိပါ။

ကွဲလွဲမှုများ၏တစ်ဘက်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များရှိနေသည်။ ၎င်းတို့သည်အဓိက အားဖြင့် ငြိမ်းချမ်းစွာဆန္ဒပြနေမှုများကို စစ်တပ်က အကြမ်းဖက်ဖြိုခွဲပြီးနောက်ပိုင်း ဧပြီလတွင်ပေါ်ပေါက်လာခဲ့သည်။ နောက်လများမှာတော့ စစ်တပ်၏ သေလောက်ဖွယ်ဖိနှိပ်မှုများကြောင့် အမျိုးသားနိုင်ငံရေးတွင် ၎င်းတို့၏ဖိနှိပ်မှုများကို ပြန်လည်အတည်ပြုရန် ကြိုးပမ်းလာခဲ့ကြသည်။

မြန်မာနိုင်ငံအလယ်ပိုင်း မြို့နယ်များတွင်သာမက တိုင်းရင်းသားလူနည်းစုဒေသများတွင်ပါ PDF အဖွဲ့ ပေါင်း ၁၅၀ မှ ၂၀၀ ခန့်အထိရှိလာပါသည်။ နှစ်လယ်ပိုင်းလောက်မှစတင်၍ ပြန်လည်ဖွဲ့စည်းရာ တွင် ၅၀ လောက်အထိလျှော့ချလိုက်သည်။

၎င်းတို့၏ခုခံတိုက်ခိုက်မှုများက တိုင်းပြည်ဒူးခေါင်း သဖွယ်အရေးပါလာခဲ့ပြီး အဓိကပစ်မှတ်များမှာ စစ် တပ်အရာရှိများနှင့် ဒလန်များဖြစ်ပြီး နေ့စဉ်ပစ်ခတ် တိုက်ခိုက်လေ့ရှိသည်။ စစ်အခြေစိုက်စခန်းများ နှင့် ရဲစခန်းများကိုပါ တိုက်ခိုက်သည်အထိ PDF တိုက်ခိုက်ရေးသမားများက နိုင်ငံအနှံ့အပြားရှိ ဒေသဆိုင်ရာအုပ်ချုပ်သူများကို ထိခိုက်စေခဲ့သည်။

အစိုးရရုံးများနှင့်တပ်ဖွဲ့ဝင်များကို ကနဦးပစ်မှတ်ထားသည့် ဖောက်ခွဲရေးပစ္စည်း (IEDs) များကို နေရာ အနှံ့အသုံးပြုပြီး ရထားလမ်းများ ၊ တံတားများနှင့် စစ်တပ်ပိုင် ဆက်သွယ်ရေးတာဝါတိုင်များ ကဲ့သို့သော အခြေခံအဆောက်အဦများဆိုင်ရာ ပစ်မှတ်ကို ထိထိရောက်ရောက် တိုက်ခိုက်လာကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး၏ အနောက်မြောက်ဒေသသည် လက်ရှိတိုက်ပွဲများ၏ ဗဟိုချက်ဖြစ်လာသည်။ ယင်းဒေသများ၏ ကျေးလက်ရေစီးကြောင်းအရ ဖြုတ်ချခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော NLD ကိုနှစ်ရှည်လများ ထောက်ခံခဲ့ပြီး စစ်အာဏာသိမ်းမှုကို နက်နက်ရှိုင်း ရှိုင်းခါးသီးသော အခြေခံလူတန်းစား အတိုက်အခံများ ရှိနေကြသည့် စစ်ကိုင်းနှင့်မကွေးတိုင်းဒေသကြီးရှိ မြို့နယ်များတွင် မငြိမ်သက်မှုများ ပြင်းထန်လာပြီး စစ်တပ်၏အမိန့်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့ကြပြီး စစ်တပ်ကိုထိတ်လန့်စေခဲ့သော PDF များအဖြစ် ပြောင်းလဲလာခဲ့သည်ကို တွေ့ရ သည်။

နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ စစ်တပ်က အလောင်းမင်းတရားဟု အမည်ပေးထားသော စစ်ရေးအရ ထိုးစစ်ဆင်မှုများတွင် လေကြောင်းတိုက်ခိုက်မှုများ နှင့် ရဟတ်ယာဉ်တိုက်ခိုက်မှုများဖြင့် စစ်ရေးအကူအညီ ပေးခဲ့သော်လည်း သိသာသောအောင်မြင်မှုများ မရရှိခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ တစ်နှစ်နီးပါးကြာ ပဋိပက္ခဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝန်းရှိမြို့ကြီးများ ခြိမ်းခြောက်ခံနေရပြီး အနောက်ဘက်အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ အရှေ့ဘက်ထိုင်းနယ်စပ် ကယားပြည်နယ်ရှိ ပြည်သူထောက်ခံသော PDF များအနေဖြင့်လည်း စိန်ခေါ်မှုနှစ်ရပ် ရင်ဆိုင်နေရသည်။

ပထမအချက်က ခေတ်မီလက်နက်များ လုံလောက်စွာရရှိရေးဖြစ်သည်။ ဧပြီလမှစပြီး အဖွဲ့အများအပြားက ရိုးရာအမဲလိုက်တူမီးနှင့် မြန်မာနိုင်ငံနယ်စပ်များတွင် အခြေစိုက်ထားပြီး စာနာနားလည်မှုရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများထံမှ အော်တိုမစ်တစ်လက်နက်များ ဝယ်ယူဖြည့်တင်းခဲ့ရသည်။

အင်အား ၁၀၀၀၀ လောက်ရှိသော KIA ကလည်း ကချင်ပြည်နယ်မြောက်ပိုင်းတွင် ကိုယ်ပိုင်လက်နက်ငယ်များ ထုတ်လုပ်ပြီး စစ်ကိုင်းရှိ PDF အဖွဲ့အချို့ကို ထောက်ပံ့ပေးခဲ့သည်။ အရှေ့ဘက် ကရင်နှင့်ကရင်နီ EAO များကလည်း ထိုင်းနိုင်ငံမှမှောင်ခိုသွင်းလာသော ထောက်ပံ့ရေးပစ္စည်းများကို လမ်းကြောင်းပြောင်းပေးခဲ့သည်။

သို့သော် PDF များအပေါ် မြန်မာစစ်တပ်၏တိုက်ခိုက်မှုများက ကြီးမားလျက်သာ ရှိနေသေးသည်။ လက်နက်အထောက်အပံ့များ ဆက်ပြီးပြတ်တောက်လျက် ရှိနေသေးသဖြင့် မြန်မာစစ်တပ်ကို ကျော်လွန်နိုင်မည့် စက်သေနတ်များ၊ RPG များနှင့် မော်တာစသော လက်နက်ခဲယမ်းများ ပိုမိုရရှိဖို့ လိုအပ်နေသေးသည်။

အောက်တိုဘာလက စတင်ထုတ်လုပ်လာသော စွန့်ဦးတီထွင်သူတချို့၏ လက်နက်များသည်လည်း ပြဿနာကိုဖြေရှင်းနိုင်ရမည့်ထက် မီးမောင်းထိုးပြသလို ဖြစ်စေခဲ့သည်။ အလွယ်တကူရရှိနိုင်သော Ammonium nitrate-fuel oil (ANFO) ကိုအသုံးပြုခြင်းထက် ထိရောက်မှုအားနည်းသော ပိုတက်ဆီယမ်နှင့် ဆာလဖာအခြေခံဖြင့် ပြုလုပ်ထားသော IEDs ကိုသာ အသုံးပြုနေခြင်းကြောင့် တီထွင်လိုစိတ်နည်းပါးမှုကို ပြသနေသည်။

PDF များအတွက် ဒုတိယအရေးကြီးဆုံးသော လိုအပ်ချက်က ညှိနှိုင်းဆောင်ရွက်မှုနှင့် ၎င်းတို့ကိုလမ်းညွှန်ရန် လိုအပ်သောနည်းဗျူဟာဖြစ်သည်။ နှစ်လယ်လောက်ကတည်းက စတင်ပြီး မြို့နယ်အခြေပြု အဖွဲ့အများအပြားသည် ၎င်းတို့အိမ်နီးချင်းများနှင့် ချိတ်ဆက်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် ဒေသများအတွင်း သို့မဟုတ် အကြားတွင် မဟာဗျူဟာမြောက်ဆောင်ရွက်ရမည့် သက်ရောက်မှုရှိသော ပိုမိုကျယ်ပြန့်သည့်စစ်ဆင်ရေးများ ဆောင်ရွက်ဖို့ သန္ဓေတည်ဆဲဖြစ်သည်။

စစ်တပ်ဆန့်ကျင်ရေးလှုပ်ရှားမှုက ပိုမိုမြင့်မားသောတော်လှန်ရေး ဖြစ်လာစေရန်ကတော့ NUG စွမ်းဆောင်ရည်အပေါ် မူတည်နေပါသည်။ NUG သည် ဒေသဆိုင်ရာ PDF များနှင့် ဆက်ဆံရေးအားဖြည့်ရန်နှင့် လက်နက်ထောက်ပံ့ရန်၊ ဗျူဟာမြောက်လမ်းညွှန်မှုပေးရန် ၊ ရန်ပုံငွေပေးရန် တာဝန်ရှိနေသည်။ ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက PDF များကိုသီးခြားခွဲထုတ်ပြီး စနစ်တကျပစ်မှတ်ထားသော စစ်တပ်ချေမှုန်းမှုများတွင် ပစ်မှတ်ဖြစ်လာမည် ဖြစ်သည်။

စက်တင်ဘာလက စတင်ပြီး ခုခံစစ်ကြေညာပြီးနောက်ပိုင်း NUG သည် PDF အများအပြား၏သစ္စာခံမှုကို ရရှိခဲ့ပြီး ရန်ကုန်လိုမြို့ပြကြီးမှာပင် NUG ခေါင်းစဉ်အောက်က တော်လှန်ရေးဆဲလ်များကိုပင် စုစည်းနိုင်ခဲ့သည်။ အဆိုပါကြိုးပမ်းမှုများက ရန်ကုန်လိုမြို့ကြီးမှ လုံခြုံရေးတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းမှုနှင့် ဖမ်းဆီးခံရမှု မည်ကဲ့သို့ရှိသည်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပေ။

မြန်မာတပ်မတော်က ကြီးမားသောအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်း၏အဖွဲ့အစည်း၊ စည်းလုံးညီညွတ်မှု၊ ဗဟိုချုပ်ကိုင်မှုနှင့် ကိုလိုနီခေတ်လွန်နိုင်ငံတော်၏ လူမျိုးရေး၊ နိုင်ငံရေးကွဲလွဲနေသော အမျိုးသားရေးဇာတ်ခုံကို စစ်တပ်က ဆက်လက်လွှမ်းမိုးထားမည်ဟု ပြည်တွင်းပြည်ပ နိုင်ငံရေးသမားများက သုံးသပ်မှုမျိုးလည်းရှိသည်။

အတိုချုပ်ဆိုရလျှင် တပ်မတော်အုပ်ချုပ်မှုမရှိသော ဇာတ်လမ်းကို မြန်မာနိုင်ငံမှာ စိတ်ကူးယဉ်ကြည့်လို့ မရနိုင်။ ထိုသို့သောအကြောင်းပြချက်များအတွက် ခိုင်လုံသောရှုထောင့်များ ရှိနေပြီး တရုတ်နှင့်အိန္ဒိယမဟုတ်သော အခြားအင်အားကြီးနိုင်ငံများကလည်း မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်ပြီး ၎င်းတို့၏မူဝါဒကို ဤအခြေခံမှနေပြီး ခန့်မှန်းထားကြသည်။

သို့သော် စစ်တပ်ကစစ်ပွဲကို အရှိန်မြှင့်လိုက်သည်နှင့် တပြိုင်နက် ၎င်း၏စွမ်းဆောင်ရည်များကို ပြင်းထန်စွာ ထိခိုက်စေနိုင်သလို အဆိုးရွားဆုံးအနေဖြင့်ကတော့ တကွဲတပြားဖြစ်မှုဆီ တွန်းပို့နိုင်ပြီး စိတ်ကူးစိတ်သန်းများပင် ပြိုလဲသွားနိုင်သည်။

ပထမအချက်က စစ်တပ်၏ လူအင်အားအကျပ်အတည်း ဖြစ်သည်။ မြန်မာစစ်တပ်က ရှိရင်းအင်အားထက် ပိုပြီးထုတ်ပြတာမျိုး မရှိသေးပေမယ့်လည်း မီဒီယာများကတော့ အင်အား ၃ သိန်းခွဲ နှင့် ၄ သိန်းကြားရှိကြောင်း ဝေဖန်စစ်ဆေးမှုမရှိဘဲ ဖော်ပြလေ့ရှိသည်။ လေတပ်ရေတပ်နှင့် အင်အားအပြည့် စစ်တပ်ဖွဲ့စည်းပုံအရ အခြေခံထားပြီး တွက်ချက်ထားပြီး ယင်းခန့်မှန်းချက်များက အန္တရာယ်ရှိပြီး ကြီးစွာလွဲမှားနိုင်ပါသည်။

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း စစ်တပ်က တပ်များဆက်လက်ချဲ့ထွင်လာခဲ့ရာ လက်အောက်ခံတပ်ရင်းသည် ၂၀၀ ထက်နည်းသောတပ်ရင်း အရေအတွက်နှင့် တခါတရံ ၁၀၀ ထက်နည်းသော ခြေလျင်တပ်ရင်းများဖြင့် အစုလိုက်အပြုံလိုက် ဖြစ်နေသည်။ ၎င်းက ခေတ်သစ်တပ်မတော်တွင် ရှိရမည့် လူအရေအတွက် ၆၀၀ မှ ရ၀၀ နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ မြန်မာစစ်တပ်၏ ကလေးစစ်သားစုဆောင်းမှုကလည်း ကျယ်ပြန့်သောပြဿနာတစ်ရပ် ဖြစ်သည်။

မြန်မာစစ်တပ်သည် အုပ်ချုပ်ရေး၊ နည်းပညာ၊ ပညာရေး၊ တရားစီရင်ရေး၊ ဆေးပညာ၊ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုနှင့် စိုက်ပျိုးရေးကဏ္ဍ စသည်များဖြင့် ရှည်လျား ဖောင်းကားလာခဲ့သော်လည်း ထိုစွမ်းရည်များသည် တိုက်ခိုက်ရေးဘက်အတွက် အကျိုးမရှိခဲ့ပေ။

၎င်းတို့ဖွဲ့စည်းပုံများအား ဝေဖန်ဆန်းစစ်ချက်များအရ အကြမ်းဖျင်းအားဖြင့် ယနေ့မြေပြင်တိုက်ပွဲတွင် အင်အား ၁ သိန်းအောက်သာ အသုံးပြုထားသည်ဟု ခန့်မှန်းနိုင်သည်။ နောက်ထပ် လူ ၈ သောင်း ထပ်တိုးလာနိုင်သည်။ အာဏာသိမ်းမှုမပြုခင်ကပင် အင်အားကပြန့်ကြဲနေပြီး နယ်စပ်တလျှောက်ရှိ ရခိုင်၊ ကချင်၊ ကရင်၊ ရှမ်း နှင့် ဝ ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ရင် ဆိုင်ရန် အင်အားမတန်တဆ ချထားခဲ့ပြီးဖြစ်သည်။ ၂၀၂၁ တော်လှန်ရေးက နိုင်ငံလုံးဆိုင်ရာ နှလုံးသည်းပွတ်ဖြစ်လာခဲ့ချိန်မှာတော့ စစ်တပ်အပေါ်ဖိအားက သိသိသာသာ တိုးလာခဲ့သည်။

ရလဒ်အနေဖြင့် နေပြည်တော်ကွပ်ကဲမှုတွင် အင်ဂျင်နီယာတပ်ဖွဲ့များနှင့် လေတပ်ဝန်ထမ်းများအား မြို့ပြလုံခြုံရေးတာဝန်များအဖြစ် ထည့်သွင်းထားရသည်။ အငြိမ်းစားတပ်မတော်သားများအား ပြန်လည်ခေါ်ယူခဲ့ရသည်။ ထို့အပြင် လေ့ကျင့်မထားသော စည်းကမ်းမဲ့အရပ်သားများဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ကို ထူထောင်ခဲ့ရသည်။ လူအင်အားအကျပ်အတည်းသရုပ်ကို သိသိသာသာပေါ်လွင်စေတာကတော့ ဒီဇင်ဘာလကဖြစ်ပြီး စစ်သား သားသမီးများနှင့် ဇနီးမယားတို့အား လက်နက်ငယ်သင်တန်းများ ပို့ချခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်တပ်အတွက် ဒုတိယအရေးအကြီးဆုံး တာဝန်က စိတ်ဓာတ်ဖြစ်သည်။ အထောက်အထားများအရ ၂၀၂၁ ခုနှစ်အကုန်တွင်  မြန်မာစစ်တပ်၏ စိတ်ဓာတ်ပိုင်းဆိုင်ရာကို မသေချာ မရေရာမှုအဖြစ် အကောင်းဆုံးဖော်ပြနိုင်သည်။ နေ့စဉ် IED ဗုံးခွဲမှုများနှင့် ပစ်ခတ်မှုများက တပ်ဖွဲ့များ၏လှုပ်ရှားမှုနှင့် အစောင့်စခန်းများကို ပစ်မှတ်ထားနေသဖြင့် အပြင်းထန်ဆုံးသောထိခိုက်မှုများ ဖြစ်သည်။ စစ်ကိုင်းတွင် ခြုံခိုတိုက်ခိုက်မှုများကြုံရချိန်မျိုးမှာ လေကြောင်းအထောက်အပံ့ တောင်းဆိုခြင်းက ယင်းတို့၏ခံစားချက်ကို ထင်ဟပ်စေသည်။

စိတ်ဓာတ်ပိုင်းဆိုင်ရာ တင်းမာမှုများ အခြေအနေပိုမိုဆိုးရွားလာခြင်းက စစ်တပ်အတွက် တတိယတာဝန်ဖြစ်သည်။ အာဏာသိမ်းပြီးကတည်းက မရှိမဖြစ်လိုအပ်ခဲ့သော အမျိုးသားအဖွဲ့အစည်းတစ်ခု၏ တရားဝင်မှုကလည်း အငွေ့ပျံကွယ်ပျောက်သွားပြီဖြစ်သည်။ စစ်တပ်အပေါ် လူထုအထင်သေးမှုနှင့် မလိုမုန်းထားမှုများ သက်ရောက်ရှိသည့်အပြင် စစ်တပ်၏ နိုင်ငံရေးတရားဝင်မှု ပြိုလဲသွားခြင်းက ၂၀၂၃ ဩဂုတ်လရွေးကောက်ပွဲနှင့် ပတ်သက်ပြီး အဓိကမေးခွန်းထုတ်စရာ ဖြစ်လာသည်။

မကြာသေးမီ ဒီဇင်ဘာလက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သော ပြည်တွင်းတည်ငြိမ်ရေးဆိုင်ရာ လမ်းပြမြေပုံက လက်ရှိဖရိုဖရဲဖြစ်နေသော ပကတိအခြေအနေမှ ပိုပိုပြီးဝေးသွားပုံပေါ်သည်။

ရေတိုအားဖြင့် တပ်မတော်သည် လာမည့်ခြောက်သွေ့ရာသီအထိ တာဝန်ဝတ္တရားများကို စီမံခန့်ခွဲနိုင်မည့်ပုံပေါ်သည်။ ၂၀၂၂ ဒုတိယနှစ်ဝက်နှင့် နောက်ပိုင်းကာလ ရေရှည်တွင်မူ အခက်အခဲများ ရှိလာနိုင်ပြီး ဖြစ်လာနိုင်သော အပြောင်းအလဲ ၂ ချက်ရှိလာသည်။

ပထမအချက်အနေဖြင့် PDF များအနေဖြင့် ခံနိုင်ရည်ရှိဖို့ လိုအပ်မည်။ သွေးထွက်လွန်နေပြီဖြစ်သော လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် မဟာဗျူဟာမြောက်ရည်မှန်းချက်များ ဆက်လက်တိုးချဲ့သွားရန် လိုအပ်သလို တိုးတက်ပြီးဝင်ရောက်လာမည့် လက်နက်များကိုလည်း ဖြည်းဖြည်းချင်းအသုံးပြုသွားနိုင်ဖို့ လိုအပ်သည်။

ဒုတိယအချက်က တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြားနှင့် ပဋိပက္ခများ တိုးမြှင့်လာခြင်းဖြစ်သည်။ ဤအချက်ဖြင့် ပေါင်းစည်းပြီး မြန်မာစစ်တပ်အပေါ် စစ်ဆင်ရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာဖိအားများ တိုးမြှင့်ရန်လိုသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် အနည်းဆုံးဒေသ ၃ ခုတွင် ဆက်ဆံရေး တင်းမာရန်လိုမှုများ ရှိနေခြင်းက ခြိမ်းခြောက်မှုတစ်ရပ်ဖြစ်သည်။ တစ်နေရာမှာ နိုဝင်ဘာလဆန်းတွင် စတင်ခဲ့သော ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် ကိုးကန့်ဖြစ်သည်။ ဒုတိယတစ်နေရာမှာ KNU နှင့် တိုက်ပွဲထပ်မံဖြစ်ပွားနေသည့် ထိုင်းနယ်စပ်တစ်လျှောက် ဖြစ်သည်။

နောက်ဆုံးအနေဖြင့် အဆိုးဆုံးနှင့် ခြိမ်းခြောက်မှုအရှိဆုံးက ရက္ခိုင့်တပ်တော် AA နှင့် စစ်တပ်အကြား တစ်နှစ်ကျော်ကြာ အပစ်အခတ်ရပ်ဆဲထားမှုက ပြီးခဲ့သော နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း အဖုအထစ်များ ရှိလာခြင်းဖြစ်သည်။

စစ်တပ်အနေဖြင့် AA နှင့် တစ်ကျော့ပြန် ထိပ်တိုက်တွေ့မည် ဆိုပါက အနည်းဆုံးတော့ တပ်မနှစ်ခုကို အခြားစစ်မျက်နှာများမှ ရခိုင်သို့ပြောင်းရွှေ့ရမည်ဖြစ်သည်။ လက်ရှိအတိုင်းထားမည်ဆိုပါကလည်း ရခိုင်တွင် မဖြစ်စလောက်သာ ကျန်တော့သည့် နိုင်ငံတော်အာဏာကို လက်လွတ်သွားနိုင်သည်။

ယခုလိုအန္တရာယ်ရှိသော နောက်ခံအခင်းအကျင်းများ ရှိနေသော်လည်း မြန်မာစစ်တပ်၏ အခွင့်အရေးများမှ အမြတ်ထုတ်လိုစိတ်က အပြည့်ရှိဆဲ ဖြစ်သည်။

မြန်မာစစ်တပ်သည် တော်လှန်မှုအရှိန်အမြင့်ဆုံးဖြစ်သော စစ်ကိုင်းကို ခြောက်သွေ့ရာသီ ၂၀၂၂ မေလအထိ အာရုံစိုက်မည်ဖြစ်ပြီး PDF များကို အပြင်းထန်ဆုံးဖြိုခွဲမည်ဟု မျှော်လင့်နိုင်သည်။

ဆိုခဲ့ပါအန္တရာယ်များကို ကိုင်တွယ်နိုင်စွမ်း မရှိခဲ့ပါက တပ်မတော်သည် ၂၀၂၂ နှောင်းပိုင်းတွင် ကြိုတင်ခန့်မှန်းရခက်သော အကျိုးဆက်များနှင့်အတူ မရေရာသော ဗျူဟာမြောက်ချိန်ခွင်လျှာကို ပြတ်ပြတ်သားသားညွှန်ပြနိုင်စွမ်း မရှိမှုများ ပိုပြီးတော့သာ ရှိလာပေလိမ့်မည်။

ကြည်ဖြူစံ

Asia Times တွင် Anthony Davis ရေးသားသော ‘Who’s more likely to win Myanmar’s raging civil war?’ ကို ဆီလျော်အောင်ရေးသားသည်။

ဗီဒီယိုများ