လမ်းမထက်ပေါ်က ကလေးတွေရဲ့ ပြယုဂ်

အောင်ထိန် 27 Sep 2021

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့က လူစည်ကားတဲ့နေရာတွေမှာ လှည့်လည်တောင်းရမ်းနေကြတဲ့ ကလေးငယ်တွေကို နေ့စဉ်နဲ့အမျှ တွေ့မြင်နေရပါတယ်။ အရင်က ဒီလိုကလေးတွေ တစ်ယောက်စ၊ နှစ်ယောက်စ လောက်ပဲရှိခဲ့ပေမယ့် အခုနောက်ပိုင်းမှာ တဖြည်းဖြည်းများလာနေပြီးတော့ လက်ရှိမှာ ကလေး ၁၀ ကျော်ကနေ ၂၀ အထိ ရှိနိုင်ပါတယ်။

ကမ္ဘာ့ကပ်ဘေးကြီး အရှိန်လျော့လာချိန်၌ ဥရောပတွင် အသက်သေဆုံးသည်အထိ ကျား၊ မအကြမ်းဖက်မှုများ မြင့်တက်လာ

မေမိုး 17 Aug 2021

“အမျိုးသမီးတွေက လွတ်လပ်ခွင့်ပိုရကြလာတော့ အကြမ်းဖက်ရန်လိုသူတွေက သူတို့ ထိန်းချုပ်နိုင်စွမ်းမရှိ တော့သလို ခံစားလာရတဲ့အတွက် အကြမ်းဖက်မှုတွေကို အားကုန်သုံးပြီး တုံ့ပြန် လုပ်ဆောင်လာကြတယ်” ဟု စပိန်အစိုးရ ကျား၊မ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် Victoria Rosell က ဆိုသည်။

နာတာရှည်ကိုဗစ်နှင့် အစိုးရများပေးဆပ်ရမည့် အလျော်အစား

မေမိုး 03 Aug 2021

နာတာရှည်ကိုဗစ်ရောဂါသည် ကိုဗစ်ကြောင့် သေဆုံးမှုထက်ပိုပြီး အဖြစ်များမည်ဆိုပါက ခံစားရမှုသည် ကာလရှည်ကြာကာ ကုန်ကျစရိတ်များလည်း ပိုမို မြင့်တက်လာဖွယ်ရှိကြောင်း လတ်တလော အချက်အလက်များတွင် အခိုင်အမာတွေ့ရှိထားသည်။ နာတာရှည်ကိုဗစ်ဝေဒနာ ခံစားရသူများသည် အားအင်ယုတ်လျော့ခြင်း၊ နာကျင်ခြင်းတို့ကို နှစ်ရှည်ခံရပြီး သက်တမ်းတိုနိုင်သည့် အခြေအနေနှင့်လည်း ကြုံတွေ့ရမည်ဆိုပါက ကုန်ကျစရိတ်လည်း ထပ်တိုးစေနိုင်သည်။

အိမ်မွေးတိရစ္ဆာန်တွေကတစ်ဆင့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နိုင်သလား

အမရာ 14 Jul 2021

တိရစ္ဆာန်တွေလည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်နိုင်သလား ဆိုတာနဲ့ပတ်သက်လို့ ဒီကပ်ဘေးကြီး စတင်ချိန်တည်းက လူတွေ စိုးရိမ်ခဲ့ကြပါတယ်။ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ SARS-Cov-2 ကိုရိုနာဗိုင်းရပ်စ် လူတွေဆီကနေ တိရစ္ဆာန်တွေဆီ ကူးစက်မှုမျိုး များများစားစားတော့ မရှိပါဘူး။

စစ်မြေပြင်က ရုန်းထကြတဲ့ အမျိုးသမီးများ

Dani 09 Jan 2021

“စာကျက်နေရင်း ကြားရတဲ့ ကျည်ဆံသံတွေကြောင့် စာအုပ်ချပြီး ပြေးရတဲ့အချိန်တွေလည်း ရှိတယ်။ ဆရာ စာသင်နေရင်း ပစ်ခတ်သံ၊ မီးခိုးလုံးတွေနဲ့ မီးတောက်တွေ မြင်ရရင် ချက်ချင်း အိမ်ဘက်ကိုပြေးရတယ်။ ပြေးလိုက် ပြန်သင်လိုက်ဆိုတော့ သင်ခန်းစာတွေက မပြီးမပြတ်တာတွေ ရှိလာခဲ့တယ်။ ရေတပ် နေဗီလာပြီလို့ ရွာသားတွေက အော်လိုက်ရင် စာသင်နေရင်း တူးထားတဲ့ ကျင်းတွေထဲကို အမြန်ဝင်ပုန်းရပါတယ်။ အဲဒီလိုအချိန်တိုင်း ငါစာမေးပွဲအောင်ပါ့မလားဆိုတဲ့ အတွေးတွေကလည်း အမြဲကိုတွေးပြီး ငိုခဲ့ရတာ”

ကိုယ်ဝန်ဖျက်ချမှု နောက်ကွယ်က မမြင်သာတဲ့ အကြောင်းတရားတွေ

အမရာ 23 Nov 2020

လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် အမျိုးသမီးများ (The Women for Freedom and Democracy – WFD) ဆိုတဲ့အဖွဲ့ဟာ ကိုယ်ဝန်ဖျက်ချခွင့်နဲ့ အမျိုးသမီးအခွင့်အရေးတွေအတွက် လှုံ့ဆော်စည်းရုံးနေတဲ့ ထိုင်းအခြေစိုက်အဖွဲ့ ဖြစ်ပါတယ်။ ဒီအဖွဲ့ရဲ့ တောင်းဆိုချက်တွေထဲမှာ အောက်ဖော်ပြပါ သဘောထားအမြင် တစ်ခုကိုလည်း တွေ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် နှစ်ကြိမ်ကူးစက်ခံရနိုင်သလား

မေမိုး 12 Sep 2020

ဟောင်ကောင်က သုတေသီတွေကတော့ လူနာတစ်ဦးဟာ ပထမအကြိမ်ရောဂါကူးစက်ခံရပြီး လအတော် အကြာမှာ ဒုတိယအကြိမ် ထပ်မံကူးစက်ခံရတဲ့ အထောက်အထားတွေ့ရကြောင်း မကြာသေးမီက အစီရင်ခံထားပါတယ်။

နှာခေါင်းစည်းအစား မျက်နှာကာ သုံးလို့ရလား

အမရာ 03 Sep 2020

အခြားတစ်ဘက်မှာတော့ မျက်နှာဖုံးက နှာခေါင်းနဲ့ ပါးစပ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်သလို ဒီနေရာတွေကို ကွက်တိဖုံးထားနိုင်စွမ်း ရှိတဲ့အတွက် မျက်နှာကာထက် ပိုမို အကာအကွယ် ပေးနိုင်တာ ဖြစ်ပါတယ်။

ခြင်ကို ခြင်နဲ့ ပြန်တိုက်မယ်

မေမိုး 31 Aug 2020

ခြင်ကတစ်ဆင့်ကူးစက်ခံရတဲ့ ရောဂါဖြစ်ပွားမှုနှုန်း တိုးလာတာနဲ့အမျှ ကုမ္ပဏီတွေနဲ့ သုတေသနပညာရှင်တွေဟာ ခြင်တွေကို ထိန်းချုပ်ဖို့ ထိရောက်တဲ့နည်းလမ်းတွေ ဖော်ထုတ်နိုင်ရေး ကြိုးပမ်းနေကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ မဖြစ်မနေသိထားရမယ့် အချက်တွေ

အမရာ 28 Aug 2020

ဒီနောက်ပိုင်းမှာတော့ လူငယ်တွေဆီမှာ ကူးစက်နှုန်း မြင့်တက်လာပါတယ်။ အဓိကကတော့ ပြင်ပ သွားလာလည်ပတ်မှု များတာ၊ မကူးလောက်ဘူး ထင်ပြီး ဂရုမစိုက်တာ၊ ကျန်းမာရေး သတိပေးချက်တွေကို မလိုက်နာတာ စတဲ့ အချက်တွေကြောင့် ဖြစ်ပါတယ်။

ဗုံးသံကြားတိုင်း ရယ်နိုင်ပါစေ ဖေ့သမီးရေ

မေမိုး 23 Aug 2020

“ကျွန်တော့်သမီး လန့်သွားတယ်။ ကျွန်တော် အပြင်ကို ချီသွားလိုက်ပြီး ရယ်ရယ်မောမောနဲ့ ကစားနေတဲ့ ကလေးတွေကို ပြလိုက်တော့မှ စိတ်သက်သာရာရသွားတယ်” လို့မိုဟာမက်က ပြန်ပြောင်းပြောပြပါတယ်။ အဲဒီအချိန်မှာပဲ ဗုံးပေါက်ကွဲသံကို ရယ်သံတွေနဲ့ ကလေးတွေကစားနေတာနဲ့ ဆက်စပ်ဖို့နဲ့ ပေါက်ကွဲသံထွက်လာတဲ့အချိန်တိုင်း သမီးလေးနဲ့ရယ်မောနေပုံကို ကိုယ်တိုင်ဗီဒီယိုရိုက်ထားဖို့ စိတ်ကူးရလိုက်တာ ဖြစ်တယ်။

ကိုယ်ဝန်ဆောင်မှ သန္ဓေသားသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်သလား

မေမိုး 24 Jul 2020

သုတေသနအများစုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ မွေးဖွားခါနီးအမျိုးသမီးတွေကိုပဲ လေ့လာနေတာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ အစောပိုင်းတွေမှာ ရောဂါကူးစက်ခံရရင် သန္ဓေသားကို ဘယ်လိုသက်ရောက်နိုင်မလဲ ဆိုတဲ့ သုတေသနမျိုးကတော့ အများကြီးလုပ်ဆောင်ဖို့ လိုနေပါသေးတယ်။

ကမ္ဘာတစ်ဝန်းက အုပ်ချုပ်သူတွေ သူတို့ရဲ့ပြည်သူတွေအပေါ် နည်းပညာသုံးစောင့်ကြည့်မှု မြင့်တက်

မြတ်သူဇာ 26 Jun 2020

ကမ္ဘာတစ်ဝန်းက အုပ်ချုပ်သူအစိုးရတွေဟာ ရွေးကောက်ပွဲနဲ့ သူတို့ရဲ့နိုင်ငံသားတွေကို စောင့်ကြည့်ရေးတွေအတွက် ဆိုရှယ်မီဒီယာတွေကို ပိုမိုအသုံးချလာနေကြပါတယ်။ ဒီလိုအသုံးပြုမှုတွေ တွင်ကျယ်လာခြင်းဟာ ဒီမိုကရေစီအတွက် စိုးရိမ်ဖွယ်ရာဖြစ်တယ်လို့ Freedom House လူ့အခွင့်အရေးစောင့်ကြည့် အဖွဲ့က ပြောပါတယ်။

အမေရိကန် ဆန္ဒပြပွဲများနောက်ကွယ်က စိတ်ပျက်ဖွယ် လူမျိုးရေးမညီမျှမှု

မေမိုး 22 Jun 2020

လူမျိုးရေး တင်းမာမှုများရှိနေသည့် ဗြိတိန်တွင် လူမည်းများသည် လူဖြူများရရှိသည့် ပျမ်းမျှဝင်ငွေ၏ ၉၀ % ခန့်အထိ ရရှိနေကြသည်။ အမေရိကန် ပြည်ထောင်စု၏ ဝင်ငွေကွာဟချက် မှာ ၁၉၇၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ယခုအခါ ပိုမိုကျဉ်းမြောင်းလာသည်။ ထိုစဉ်က လူမည်းများသည် လူဖြူများရရှိသည့်ဝင်ငွေ၏ ထက်ဝက်သာရရှိခဲ့သည်။ 

ကိုရိုနာကြောင့် အစာရေစာရှားလို့ ထိုင်းဆင်ထောင်ချီ မွေးရပ်ကျေးရွာတွေဆီ ပြန်ရောက်

စောသန္တာအေး 12 Jun 2020

ထိုင်းနိုင်ငံမှာ ထောင်နဲ့ချီတဲ့ဆင်တွေဟာ နိုင်ငံမြောက်ပိုင်းတောင်တန်းတွေကို ကျော်ဖြတ်ပြီး သူတို့ရဲ့ မူလဌာနကျေးရွာတွေဆီ ပြန်ရောက်လာနေကြပါတယ်။

နေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သလား

Foreign Desk 25 Apr 2020

နေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သလား။ အမေရိကန်အစိုးရ အိမ်ဖြူတော်က ထုတ်ပြန်ချက်မှာတော့ သေစေနိုင်တယ် ပြောတာပါပဲ။ ဒါပေမဲ့ သိပ္ပံပညာရှင်တချို့ကတော့ သတိနဲ့ချင့်ချိန်ကြဖို့ တိုက်တွန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်နည်း အတုအယောင်များ

မောင်ဖြိုး 10 Mar 2020

လူအများ စိုးရိမ်ပူပန်ရတဲ့ ဘေးအန္တရာယ်ကြီးတစ်ခုရှိလာတဲ့အခါ သတင်းမှား၊ သတင်းတုတွေ၊ ကာကွယ်နည်း အတုအယောင်တွေ၊ ယုံတမ်းစကားတွေ ပေါ်ထွက်လာတတ်တာ သဘာဝပါပဲ။ ယခုလတ်တလော ကမ္ဘာနဲ့အဝှမ်းစိုးရိမ်ပူပန်နေကြရတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့လည်း အဲဒီလိုပဲ သတင်းမှားတွေ၊ သိပ္ပံနည်းကျ အတည်မပြုထားတဲ့ ကာကွယ်နည်းအတုအယောင်တွေ ပေါ်ထွက်လို့နေပါတယ်။

အန္တရာယ်ကြားက ဆော်ဒီလူငယ်တွေရဲ့ တိတ်တိတ်ပုန်းအချစ်ရေး

စောသန္တာအေး 20 Feb 2020

ရှေးရိုးစွဲ အစ္စလာမ်မစ်ကမ္ဘာမှာ တစ်ချိန်တုန်းကတော့ လက်မထပ်ဘဲ ချစ်ကျွမ်းဝင်ဖို့ဆိုတာ ကိုယ့်သေတွင်း ကိုယ်တူးတာနဲ့ အတူတူပါပဲ။ ရိုမီယို အလောင်းအလျာတွေဟာ အမျိုးသမီးတွေနဲ့ အဆက်အသွယ်ရဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ရဲ့ ဖုန်းနံပါတ်တွေကို ကားတံခါးမှာ ရေးကပ်ထားလေ့ရှိကြပါတယ်။

ဘာလို့ တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ ဗိုင်းရပ်စ်တွေ ပိုများလာတာလဲ

မောင်ဖြိုး 12 Feb 2020

တရုတ်နိုင်ငံကနေ စတင်ကူးစက်ပျံ့နှံ့လာတဲ့ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း အထိတ်တလန့်ဖြစ်နေကြရတာ အားလုံးအသိပါပဲ။ ဒီဗိုင်းရပ်စ်စတင်ကူးစက်တဲ့ အရင်းအမြစ်ကို အတိအကျမထုတ်ပြန်နိုင်သေးပေမယ့် တိရစ္ဆာန်ကနေတစ် ဆင့်ကူးစက်လာတယ်လို့ ယူဆထားရပြီး ယခုဆယ်စုနှစ်တွေအတွင်း တိရစ္ဆာန်တွေကနေ လူကိုကူးစက်တဲ့ ဗိုင်းရပ်စ်တွေရဲ့ အန္တရာယ်မြင့်တက်လာမှုကို မီးမောင်းထိုးပြလျက်ရှိပါတယ်။ ဒါကြောင့် အရင်ကထက် ဒီခေတ်မှာ တိရစ္ဆာန်ကနေ လူကို ရောဂါပိုးကူးစက်မှုတွေဘာလို့ ပိုမြင့်လာရတာလဲ ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။

မွေးဖွားနှုန်း စံချိန်တင်ကျဆင်းလာသော တရုတ်ပြည်

စောသန္တာအေး 01 Feb 2020

တရုတ်ပြည်၏ ကလေးမွေးဖွားနှုန်းသည် ၂၀၁၉ တွင် အနိမ့်ဆုံးသို့ ရောက်ရှိသွားကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ၁၉၄၉ ခုနှစ်နောက်ပိုင်း မွေးဖွားနှုန်း အနိမ့်ဆုံးသို့ ရောက်ရှိသွားခြင်း ဖြစ်သည်။

Showing 1-20 of 23 items.