- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
နှာခေါင်းစည်းအစား မျက်နှာကာ သုံးလို့ရလား
အခြားတစ်ဘက်မှာတော့ မျက်နှာဖုံးက နှာခေါင်းနဲ့ ပါးစပ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်သလို ဒီနေရာတွေကို ကွက်တိဖုံးထားနိုင်စွမ်း ရှိတဲ့အတွက် မျက်နှာကာထက် ပိုမို အကာအကွယ် ပေးနိုင်တာ ဖြစ်ပါတယ်။
03 Sep 2020

အမရာ ရေးသားသည်။
နှာခေါင်းစည်းအစား မျက်နှာကာ သုံးလို့ရလား။ တိုတိုပဲ ဖြေရရင်တော့ မရပါဘူး။
နှာခေါင်းစည်း (Face Mask) အသုံးပြုတယ်ဆိုတာဟာ ပြင်ပက ရောဂါပိုး ကိုယ့်ဆီမကူးစက်အောင် ဖြစ်သလို ကိုယ့်ဆီမှာ ရောဂါပိုး ရှိနေရင်လည်း သူများဆီ မကူးစက်အောင် ကာကွယ်ဖို့ဖြစ်ပါတယ်။
မျက်နှာကာ (Face Shield) တွေဟာ မျက်လုံးကို အကာအကွယ်ပေးသလို မျက်နှာကို ခဏခဏ ထိတွေခြင်းမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။
ဒါပေမဲ့ မျက်နှာကာမှာက ပုံမှန်အားဖြင့် နားရွက်နဲ့ မေးစေ့အောက်ပိုင်းတွေဟာ အပွင့်ဖြစ်ပါတယ်။ ရောဂါပိုးပါဝင်တဲ့ အမှုန်အစက်ငယ်လေးတွေဟာ အလွန်တရာမှ သေးငယ်ပေါ့ပါးလွန်းတဲ့အတွက် ဒီအပွင့်နေရာတွေကတစ်ဆင့် ဝင်နိုင်ထွက်နိုင်ခြေ ရှိနေပါသေးတယ်။
အခြားတစ်ဘက်မှာတော့ နှာခေါင်းစည်းက နှာခေါင်းနဲ့ ပါးစပ်ကို အပြည့်အဝ ကာကွယ်ပေးနိုင်သလို ဒီနေရာတွေကို ကွက်တိဖုံးထားနိုင်စွမ်း ရှိတဲ့အတွက် မျက်နှာကာထက် ပိုမိုအကာအကွယ် ပေးနိုင်တာ ဖြစ်ပါတယ်။
ဒီနည်းအားဖြင့် နှာချေ၊ ခြောင်းဆိုး၊ စကားပြောချိန်တွေမှာလည်း ကိုယ့်ဆီက ရောဂါပိုးတွေ ပြင်ပကို ပျံ့နှံ့မှု မရှိတော့ပါဘူး။
ကျန်းမာရေးအရာရှိတွေကတော့ နှာခေါင်းစည်းအစား မျက်နှာကာ သုံးခြင်းကို အားမပေးကြပါဘူး။
စနစ်တကျနဲ့ သေသေချာချာ ကာကွယ်ချင်ရင် နှာခေါင်းစည်းနဲ့ မျက်နှာကာ နှစ်ခုလုံးကို တွဲဖက်အသုံးပြုနိုင်ပါတယ်။ မျက်နှာကာ တစ်ခုတည်း အသုံးပြုရုံနဲ့တော့ လုံလောက်တဲ့ အကာအကွယ် ရရှိမှာ မဟုတ်ပါဘူး။
ပြန်လည်အသုံးပြုနိုင်တဲ့ မျက်နှာဖုံး၊ မျက်နှာကာတွေ သုံးနေတာမျိုး ဆိုရင်တော့ အသုံးပြုပြီးရင် နှာခေါင်းစည်းကို စနစ်တကျ ဆေးကြောသန့်စင်ဖို့ အထူးအရေးကြီးပါတယ်။ နှာခေါင်းစည်း တပ်ဆင်ခါနီး လက်ဆေးဖို့၊ မျက်နှာဖုံး ဖြုတ်ပြီးပြီးချင်းလည်း လက်ဆေးဖို့ လိုအပ်ပါတယ်။