- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
- AA ထိန်းချုပ်နယ်မြေအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး စတင်လုပ်ဆောင်
- ဖားကန့်ကို ဦးတည်လာသည့် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်
- ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်ဖြူဆေးရုံကြီးတွင် လုံခြုံရေးအပြည့်ဖြင့် ဆေးကုနေ
- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
မဟာမိတ်သုံးဖွဲ့၏ Operation 1027- 3BHA ဖေ့ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရ
ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်ပတ်သက်၍ တိုက်ပွဲသတင်းများကို ထုတ်ပြန်ပေးနေသော Operation 1027- 3BHA ဖေ့ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရကြောင်း ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
10 Nov 2023

DMG ၊ နိုဝင်ဘာ ၁၀
ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးနှင့်ပတ်သက်၍ တိုက်ပွဲသတင်းများကို ထုတ်ပြန်ပေးနေသော Operation 1027- 3BHA ဖေ့ဘုတ်စာမျက်နှာ တိုက်ခိုက်ခံရကြောင်း ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တချိန်တည်းတွင် Operation 1027 - 3BHA ဖေ့ဘုတ်စာမျက်နှာနှင့် အလားတူအမည် Operation 1027 (Northern Alliance) ဖြင့် Facebook Page အတုတချို့လည်း အချိန်ကိုက် ထွက်ပေါ်လာကြောင်း ညီနောင်သုံးဖွဲ့က ပြောသည်။
လက်ရှိတွင် Operation 1027 - 3BHA ဖေ့ဘုတ်စာမျက်နှာမှ တိုက်ပွဲသတင်းများကို ထုတ်ပြန်နိုင်ခြင်း မရှိတော့၍ တခြား တရားဝင် လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Telegram Channel: https://t.me/threebrotherhood alliance/ Twitter: https://twitter.com/operation1027/ VK Page: https://vk.com/mndaa_tnla_aa တို့မှ ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး တခြားမည်သည့် လူမှုကွန်ရက်စာမျက်နှာများမှ ထုတ်ပြန်ခြင်းမရှိကြောင်း ညီနောင်သုံးဖွဲ့က အသိပေးထားသည်။
ညီနောင်သုံးဖွဲ့၏ စစ်ဆင်ရေးနှင့်ပတ်သက်၍ တိုက်ပွဲသတင်းထုတ်ပြန်ပေးနေသော Operation 1027 - 3BHA ဖေ့ဘုတ်စာမျက်နှာမှာ လူထုစိတ်ဝင်စားမှုမြင့်တက်နေပြီး Page စထောင်သည့် နေ့မှစ၍ ၁၄ ရက် တာကာလအတွင်း Like လုပ်ထားသူ ၇,၃၀၀၀ ကျော်၊ Follow လုပ်ထားသူ ၉၀,၀၀၀ ကျော်ထိရှိသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့မှစတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေး ၁၃ ရက်တာအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၁၅၀ ခန့်နှင့် မြို့ပေါင်း ၆ ခုအထိ ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။ တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍လည်း မကြာမီကာလတွင် တစ်နိုင်ငံလုံးအနှံ့ စစ်ဆင်ရေး ဆင်နွှဲသွားမည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုထားသည်။
လက်ရှိတွင်လည်း ကွမ်းလုံမြို့ကို စစ်ဆင်ရေးဆောင်ရွက်နေပြီး မြို့အလုံးစုံ သိမ်းပိုက်ရရှိနိုင်ရေးအတွက် ကြိုးပမ်းနေကြောင်း ညီနောင်သုံးဖွဲ့က ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။