- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို AA အရှိန်မြှင့်ထိုးစစ်ဆင်နေ
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က အရှိန်မြှင့်ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။
13 Jun 2024

DMG ၊ ဇွန် ၁၃
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ကဇုကိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်(AA)က အရှိန်မြှင့်ထိုးစစ်ဆင်နေ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေသည်။
တောဟိန်းတောင်ဗျူဟာကုန်း၊ ရှောက်ခြုံကျေးရွာအနီးရှိ တပ်စခန်းအချို့နှင့် ပွိုင့် ၂၉၉ တို့ကို AA က တစ်ပြိုင်တည်း ထိုးစစ်ဆင်နေပြီး ဇွန်လ ၁၂ ရက်ကလည်း ပွိုင့် ၂၉၉ အနီးရှိ ကာကင်းစခန်းကုန်းကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“တောဟိန်းတောင်ကို အေအေက အပြတ်တိုက်နေတာ။ အဲဒီတောင်ပေါ်ကစခန်းမှာ စစ်ကောင်စီတပ်သားတွေ မနေရဲတော့လို့ တောင်မှာအခေါင်းတွေဖောက်ပြီး ဝင်နေကြတယ်လို့ သိရတယ်။ ရှောက်ခြုံကျေးရွာအနီးမှာရှိတဲ့ တပ်စခန်းတွေကလည်း သေနတ်သံတွေ ကြားရတယ်” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ဇွန်လ ၁၂ ရက်က ကဇုကိုင်းဒေသအတွင်း စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ၁၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်မှုများ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။
အမ်းမြို့အနောက်ဘက် မိုင် ၂၀ ခန့်အကွာ ရန်ကုန် - စစ်တွေကားလမ်းမအနီးရှိ တောဟိန်းတောင်ဗျူဟာကုန်းသည် စစ်ကောင်စီ၏ အရေးပါသောဗျူဟာကုန်းတစ်ခုဖြစ်ပြီး အဆိုပါစခန်းမကျရှုံးရေး စစ်ကောင်စီက အသည်းအသန် ခုံခံနေသည်။
ယမန်နေ့ နံနက်ပိုင်းမှ နေ့လယ် ၁ နာရီထိ တောဟိန်းတောင်ဗျူဟာအနီးတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“အခုက မောင်တောကျလုနီးပါးဖြစ်နေတာကို မြင်တွေ့ရတယ်။ အေအေက မောင်တော၊ သံတွဲကိုတိုက်ရင်း အမ်းကိုလည်း တွဲပြီးတိုက်နေတယ်။ အခုရက်ပိုင်း အမ်းဘက်မှာ စစ်ရှိန်မြင့်လာတာကို တွေ့ရတယ်။ မောင်တောပြီးရင်တော့ အမ်းကို အပြင်းအထန်တိုက်လာနိုင်တယ်” ဟု စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
တိုက်ပွဲ ၇ လတာအတွင်း ပလက်ဝမြို့နယ်နှင့် ရခိုင်က မြို့နယ် ၉ ခုအထိ သိမ်းပိုက်ထားသော အာရက္ခတပ်တော် (AA) သည် ကျန်ရှိနေသေးသည့် မြို့နယ်များကိုလည်း အလုံးစုံသိမ်းပိုက်သွားမည်ဟု ကြေညာထားသည်။