- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
- လက်နက်ကိုင်တပ်ဖွဲ့အချို့ လူမျိုးရေးအစွဲပြု၍ ဖြိုခွဲနေကြောင်း စစ်ကောင်စီ လက်ဝေခံ ပါတီများ အပြစ်ဆို
- AA ပစ်ခတ်သဖြင့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားနှစ်ဦး ဒဏ်ရာရ
- ရသေ့တောင်၊ ထွန်းရဝေရွာ ဗုံးကြဲခံရမှု ဒေသခံ ၁၃ ဦး သေဆုံး၊ ၂၀ ဦးထက်မနည်း ဒဏ်ရာရ
အာဏာသိမ်းကာလအတွင်း နိုင်ငံတဝန်းတွင် နေအိမ်တစ်သိန်းခန့် မီးရှို့ခံရ
နိုင်ငံအနှံ့တွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ မီးရှိုခဲ့သည့် မြို့၊ ရွာ၊ နေရာပေါင်း ၂၇၀ ရှိပြီး ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းတွင် တွေ့ရကြောင်း Data For Myanmar က ဆိုသည်။
24 Jul 2024

DMG ၊ ဇူလိုင် ၂၄
စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစပြီး ၂၀၂၄၊ ဇွန်လ ၃၀ ရက်အထိ သုံးနှစ်ကျော်အတွင်း အရပ်သားနေအိမ်ပေါင်း ၉၅,၄၅၀ လုံးကို စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ မီးရှို့ခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်သည်။
Data For Myanmar ၏ ယနေ့ထုတ်အစီရင်ခံစာအရ စစ်ကိုင်းတိုင်းတွင် နေအိမ် ၆၇,၅၈၉ လုံး နှင့် မကွေး၊ မန္တလေး၊ ရခိုင်၊ ချင်းတွင် နေအိမ်ပေါင်း ၂၂,၇၂၉ လုံးဖြင့် အများဆုံးဖြစ်ပြီး ကျန်နေအိမ်များမှာ အခြားဒေသတို့မှ ဖြစ်သည်။
နိုင်ငံအနှံ့တွင် စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့များ မီးရှိုခဲ့သည့် မြို့၊ ရွာ၊ နေရာပေါင်း ၂၇၀ ရှိပြီး ၇၀ ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းတွင် တွေ့ရကြောင်း Data For Myanmar က ဆိုသည်။
လက်ရှိ ၂၀၂၄ ခုနှစ် ခြောက်လအတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်တစ်သောင်းခွဲခန့်ရှိခဲ့ပြီး ရခိုင်ပြည်အတွင်း မီးရှို့ဖျက်ဆီးခံရသည့်နေအိမ်များ တိုးလာကြောင်း ဆိုထားသည်။
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့မှ အမျိုးသမီးတစ်ဦးက “ကျမတို့ အခုစစ်ဘေးရှာင်နေရတာပါ။ အိမ်က မီးရှို့ခံရတော့ နေစရာပြန်စရာလည်း မရှိတော့ဘူး။ ရှိတာအကုန်ပါသွားတာဆိုတော့ ကျမတို့ဘဝက အိမ်တင်မက ဘဝပါပြာကျသွားတာ” ဟု ပြောသည်။
Data For Myanmar အနေဖြင့် ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်နှင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်များတွင် ဖြစ်ခဲ့သည့် မီးရှို့မှုနှင့်ပတ်သတ်ပြီး နောက်ဆုံးအခြေအနေများကို မသိနိုင်သေးဟု ပြောသည်။
ကျောက်တော်မြို့က လူမှုရေးလှုပ်ရှားသူတစ်ဦးက “ရခိုင်မှာ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ မြို့နယ်တိုင်းမှာ နေအိမ်ပျက်စီးမှု ရှိပါတယ်။ အများအားဖြင့် စစ်ကောင်စီပစ်ခတ်ဖျက်ဆီးမှုကြောင့် ပျက်စီးသွားတာများပါတယ်။ ပျက်စီးသွားတဲ့ နေအိမ်ပိုင်ရှင်တွေအတွက် အကျိုးခံစားခွင့်တစ်ခုတော့ ရှိစေချင်တယ်” ဟု ပြောသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တို့ တိုက်ပွဲကာလအတွင်း နေအိမ် မီးလောင်ဆုံးရှုံးသွားသူများကို လူမှုကူညီရေးအဖွဲ့တချို့က ထောက်ပံ့မှုအနည်းငယ်ရှိသော်လည်း အကူအညီအထောက်အပံ့များ လိုအပ်နေဆဲ ဖြစ်သည်။