- ပေါက်တောက ကျေးရွာအချို့တွင် သောက်သုံးရေ ပြတ်လပ်နေ
- AA ထိန်းချုပ်နယ်မြေအချို့တွင် သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေး စတင်လုပ်ဆောင်
- ဖားကန့်ကို ဦးတည်လာသည့် စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲပြင်းထန်
- ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျောက်ဖြူဆေးရုံကြီးတွင် လုံခြုံရေးအပြည့်ဖြင့် ဆေးကုနေ
- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
ရခိုင်တွင် ဝဥ(ဖျံဉ) အရောင်းအဝယ်လုပ်ငန်း အေးစက်နေ
ယခုနှစ်တွင် ဝဥအရောင်းအဝယ် မရှိသည့်အပြင် ဈေးနှုန်းလည်းကျဆင်းနေပြီး ယခင်နှစ်က တစ်ပိဿာလျှင် ငွေကျပ် ၁,၂၀၀ ရှိကာမှ လက်ရှိတွင် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ မှ ၁,၀၀၀ အကြားသာ ရှိသည်။
03 Oct 2023

DMG ၊ အောက်တိုဘာ ၃
ရခိုင်ပြည်အတွင်းမှ ဝဥ(ဖျံဥ)များကို မန္တလေးမြို့ရှိ အဝယ်ဒိုင်များက ဝယ်ယူမှုရပ်တန့်ထား၍ ယခုနှစ် ဝဉအရောင်းအဝယ်လုပ်ငန်းမှာ အေးစက်နေကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ ပိုးရွှီပြင်ကျေးရွာမှ ဝဥအရောင်းအဝယ် လုပ်ကိုင်နေသူ ဦးမောင်ချစ်ခင်က “အရင်နှစ်တွေက ဒီအချိန်ဆိုရင် ဝဥတွေဝယ်နေပြီ။ ဒီနှစ်က အရောင်းအဝယ်တောင်မရှိဘူး။ အရင်အဆက်တွေနဲ့ ဆက်သွယ်ကြည့်တော့လည်း သူတို့က မဝယ်လို့ပြောတယ်။ သူတို့က နယ်စပ်လမ်းမကောင်းလို့ မဝယ်တာဖြစ်မယ်” ဟု ပြောသည်။
ယခုနှစ်တွင် ဝဥအရောင်းအဝယ် မရှိသည့်အပြင် ဈေးနှုန်းလည်းကျဆင်းနေပြီး ယခင်နှစ်က တစ်ပိဿာလျှင် ငွေကျပ် ၁,၂၀၀ ရှိကာမှ လက်ရှိတွင် တစ်ပိဿာလျှင် ငွေကျပ် ၅၀၀ မှ ၁,၀၀၀ အကြားသာ ရှိသည်။
နှစ်စဉ် စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ဝဥများကို ဝယ်ယူရောင်းချမှုများရှိသဖြင့် ရခိုင်ကဒေသခံများမှာ အပိုဝင်ငွေတစ်ခုရရှိခဲ့ကြသည်။
“အရင်နှစ်တွေကဆိုရင် မျှစ်ချိုးတယ်၊ ဝဥတူးပြီးရောင်းချရတော့ တစ်ဖက်တစ်လှမ်းက အပိုဝင်ငွေရတဲ့အတွက် အဆင်ပြေတယ်။ ဒီနှစ် မျှစ်လည်းမထွက်၊ ဝဥလည်းမဝယ်တော့ ဝင်ငွေလည်းမရှိသလို အလုပ်လက်မဲ့လည်း ဖြစ်နေတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောပြင်ကျေးရွာမှ ဒေါ်မသိန်းယဉ်က ပြောသည်။
ယခုနှစ်တွင် ဝဥဈေးကောင်းရရှိမည်ဟု မျှော်မှန်းခဲ့သော်လည်း ဈေးကောင်းမရသည့်အပြင် အရောင်းအဝယ် မဖြစ်သဖြင့် ဝဥလုပ်ငန်းလုပ်ကိုင်သူတချို့မှာ ပြည်ပနိုင်ငံသို့ ထွက်ခွာသွားမှုများရှိသည်။
“ကျမတို့ဘက်မှာတော့ ဝဥတူးပြီးရောင်းကြတဲ့သူတွေက နိုင်ငံခြားကိုသွားပြီး အလုပ်လုပ်နေကြတယ်။ အဝယ်လည်းမရှိတော့ ဆက်လုပ်ဖို့အဆင်မပြေတော့ဘူး။ ဒီအလုပ်နဲ့အမှီပြုသူတွေက ဝင်ငွေရမယ့်နေရာကို သွားကြတာပေါ့” ဟု မြောက်ဦးမြို့နယ်၊ လေညှင်းတောင်ကျေးရွာမှ ဝဥရောင်းဝယ်သူ ဒေါ်မဲခိုင်က ပြောသည်။
ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ အမ်း၊ တောင်ကုတ်၊ သံတွဲ၊ ကျောက်ဖြူမြို့နယ်တို့တွင် ဝဥ(ဖျံဥ)များကို အဓိက စိုက်ပျိုးရောင်းချကြသည်။
#I014