- စစ်ကောင်စီနှင့် ဘင်္ဂလားဒေ့ရှ်တို့ သံတမန်ဆက်ဆံရေး အားလျှော့လာခြင်း
- စစ်ကောင်စီ ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် ဒုစရိုက်မှုများ မြင့်တက်နေ
- အမတ (၃၄၄) တပ်ရင်းက ဒဏ်ရာရ စစ်ကောင်စီတပ်သားများ ဆေးကုသခွင့်မရ၍ ထွက်ပြေး
- မိုးရောက်သည်နှင့်တစ်ပြိုင်နက် ရခိုင်တောင်ပိုင်း သယ်ယူပို့ဆောင်ရေး စတင် အခက်တွေ့
- အာဏာသိမ်း ၄ နှစ်အတွင်း ဒစ်ဂျစ်တယ်စောင့်ကြည့်ရေးစနစ်ဖြင့် ဖမ်းဆီးခံရသူ ၁,၇၀၀ ကျော်ရှိ
မင်းပြားတွင် ခရီးသည်တင်ကား ရာနှင့်ချီပိတ်မိ
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရာမောင်မြစ်ကို ဆက်သွယ်ထားသည့် ရာမောင်တံတားမှာ ကားသွားလာ၍မရဘဲ ပျက်စီးနေသည်မှာ နှစ်နှင့်ချီရှီနေပြီဖြစ်သည်။
01 Apr 2021
DMG ၊ ဧပြီ ၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ရှိ ရာမောင်မြစ်ကို ဆက်သွယ်ထားသည့် ရာမောင်တံတားမှာ ကားသွားလာ၍မရဘဲ ပျက်စီးနေသည်မှာ နှစ်နှင့်ချီရှီနေပြီဖြစ်သည်။
ယင်းကြောင့် ရာမောင်မြစ်ကို ဇက်ရေယာဉ်များဖြင့် ကုန်တင်ကားနှင့် ခရီးသည်တင်ကားများမှာ ဖြတ်ကူးရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့မှစ၍ ရာမောင်မြစ်ကို ကူးပေးနေသည့် ဇက်ရေယာဉ်တစ်စီးမှာ ပျက်စီသွားသည့်အတွက် ခရီးသည်တင်းကားများ နှစ်ရာကျော်ပိတ်မိနေကြောင်း ကေသီးဦးယာဉ်လိုင်းမှ ဂိတ်မှူး ဦးမောင်ဝင်းချေက ပြောသည်။
“ဇက်က ပျက်သွားတာကြောင့် ကားတွေအကုန်လုံးမသွားရဘဲ ရပ်သွားရတာဖြစ်တယ်။ ဇက်ရေယာဉ်နှစ်စီးမှာ တစ်စီးက ပျက်သွားတာကြောင့် ကားတွေရပ်ထားရတယ်၊ ဒီနေ့လာတဲ့ကားက နှစ်ရက်လောက်မှကူးရမယ့် အနေအထာရှိတယ်” ဟု ပြောသည်။
ယခင်က ဇက်ရေယာဉ် ၃ စီးဖြင့် ယာဉ်များကို မြစ်ကူးပေးရန် ယာဉ်လိုင်းများနှင့် အာဏာပိုင်များ သဘောတူညီမူ ရယူထားသော်လည်း ပုံမှန်အားဖြင့် ဇက်ရေယာဉ် ၂ စီးဖြင့်သာ မြစ်ကူးပေးခဲ့ကာ လက်ရှိအချိန်တွင် တစ်စီးပျက်သွား ခြင်းဖြစ်သည်။
ထို့ကြောင့် လက်ရှိအချိန်ထိ ကားများမှာ ပိတ်မိနေဆဲဖြစ်ပြီး ကားတချို့တစ်ဝက်သာ မြစ်ကူးခွင့်ရသေးသည်။
ရာမောင်တံတားသည် ရန်ကုန်-မန္တလေး-မင်းပြား - စစ်တွေ သို့ အသွားအပြန်သွားရောက်ခြင်းအတွက် အဓိကကျသော တံတားတစ်စင်းလည်းဖြစ်သည်။
ယင်းကဲ့သို့ ကားများပိတ်မိနေသည့်အတွက် ငါး၊ ပုဇွန်၊ ဂဏန်းနှင့် ကုန်ပစ္စည်းတချို့မှာ ပျက်စီးမှုများရှိနေသဖြင့် ထိခိုက်နစ်နာမှုများရှိနေသည်ဟု ကုန်သည်များက ပြောကြသည်။
“အခုက ကားရပ်တာတွေဖြစ်နေတော့ ရောင်းကုန်တွေပြတ်သွားပါတယ်။ ကားသမားတွေကလည်း ဈေးပိုတောင်းလာနိုင်တယ်။ အခုလိုမျိုးဖြစ်နေတော့လေ” ဟု စစ်တွေမြို့မှ အသီးအရွက်၊ ကုန်သည် ဦးမောင်လှထွန်းကပြောသည်။
ယင်းအပြင် ယနေ့ ဧပြီလ ၁ ရက်နေ့တွင် စစ်တွေမြို့၌ စက်သုံးဆီများ ပြတ်လပ်မှုရှိနေကြောင်း ရခိုင်ပြည်နယ်စက်သုံးဆီအသင်း (ယာယီ) မှ သိရသည်။
လက်ရှိရာမောင်တံတားမှာ ကားသွားလာ၍မရသည်အထိ ခိုင်ခံ့မှုမရှိသည့်အတွက် ယခု စင်ပြိုင်တံတားတစ်စင်း အသစ်တည်ဆောက်နေကြောင်း DMG က တွေ့ရှိခဲ့သည်။
ယင်းအသစ်တည်ဆောက်နေသည့် စင်ပြိုင်တံတားမှာ ၂၀၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လာမည့် ၅ လအတွင်း ပြီးစီးနိုင်ကြောင်း ရခိုင်လွှတ်တော်ကိုယ်စားလှယ်ဟောင်းများထံမှ သိရသည်။