- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးကြောင်း ရန်ကုန်တိုင်း CRYH ကြေညာ
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်မှအပ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို အောင်မြင်စွာဖွဲ့စည်းပြီးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က ယခု မတ်လ ၁၉ ရက်နေ့က ကြေညာသည်။
20 Mar 2021
DMG ၊ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုကိုးကျွန်းမြို့နယ်မှအပ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကို အောင်မြင်စွာဖွဲ့စည်းပြီးကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ (CRYH) က ယခု မတ်လ ၁၉ ရက်နေ့က ကြေညာသည်။
CRPH ၏ ညွှန်ကြားချက်အရ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အချို့တွင် ရပ်ကျေးအဆင့်ထိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း၊ အားကောင်းခိုင်မာစွာဖြစ်စေရန် ပြည်သူလူထုမှ ပူးပေါင်းပါဝင်ရမည်ဟု ကြေညာချက်တွင် ပါရှိသည်။
နိုင်ငံတစ်နိုင်ငံ၏ အခြေခံအကျဆုံး အုပ်ချုပ်ရေးမဏ္ဍိုင်သည် ရပ်ကွက်၊ ကျေးရွာများရှိ အုပ်ချုပ်ရေးအဖွဲ့များပေါ် များစွာမူတည်လျက်ရှိသည်။
တပ်မတော်မှ အုပ်ချုပ်ရေးအဖွဲ့များ၊ စေ့စပ်ညှိနှိုင်းရေးအဖွဲ့များအမည်ခံပြီး လက်ပါးစေများဖြင့် စစ်အုပ်ချုပ်ရေး ယန္တရားကို အရှိန်မြှင့်ပြင်ဆင်လျက်ရှိကြောင်း၊ ပြည်သူလူထုအပေါ် ဗိုလ်ကျစိုးမိုးမည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း CRYH က ဆိုသည်။
တပ်မတော်မှ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းကြောင့် CDM ဝန်ထမ်းများအတွက် လုံခြုံရေးစိုးရိမ်ရခြင်း၊ ဧည့်စာရင်းစစ်ဆေးခြင်း၊ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ပုဒ်မအမျိုးမျိုးတပ်ကာ ထောင်သွင်းအကျဉ်းချခြင်းနှင့် ပြည်သူများ နေ့စဉ်ဘဝများကို အကြောက်တရားဖြင့် လူ့ဂုဏ်သိက္ခာမဲ့စွာ ရှင်သန်နေထိုင်ရခြင်းတို့ကို ကြုံတွေ့လာမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
ထိုကဲ့သို မကြုံတွေ့နိုင်ရေးအတွက် တပ်မတော်၏ အခြေခံအုပ်ချုပ်ရေးယန္တရားများ အခိုင်အမာ အစပျိုးမှု မဆောင်ရွက်နိုင်ရေးတို့ကို ပြည်သူများမှ ညီညီညွတ်ညွတ်ဖြင့် ကြံ့ကြံ့ခံ ရပ်တည်ကာ ဆန့်ကျင်ကြရမည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားသည်။