- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
စည်ကားသိုက်မြိုက်စွာကျင်းပနေသည့် ကျောက်တော်တောင်ဘုရားပွဲမြင်ကွင်း
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် တည်ထားကိုးကွယ်လျှက်ရှိသော ရှေးဟောင်းသမိုင်းဝင် သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့(ဧပြီလ ၂၉ ရက်)မှ (မေလ ၁ ရက်နေ့)အထိ ၃ ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။
29 Apr 2022
DMG ၊ ဧပြီ ၂၉
(Photo News)
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် တည်ထားကိုးကွယ်လျှက်ရှိသော ရှေးဟောင်းသမိုင်းဝင် သေလာဂီရိမောရပဗ္ဗတ ကျောက်တော်တောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့(ဧပြီလ ၂၉ ရက်)မှ (မေလ ၁ ရက်နေ့)အထိ ၃ ရက်ကြာ စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိသည်။
ပွဲတော်၌ ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ၊ ရိုးရာလှေပြိုင်ပွဲ(ပြိုင်လောင်း)တို့ကို ထည့်သွင်းကျင်းပနေပြီး ဒေသခံများက ကုလားတန်မြစ် (ခေါ်) ကစ္ဆပနဒီမြစ်အတွင်း မော်တော်ဘုတ်၊ စက်လှေ၊ သဗ္ဗာန်များဖြင့် ရေပေါ်သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲကြမည်လည်းဖြစ်သည်။
ကျောက်တော်တောင်ဘုရားပွဲသည် ရခိုင်ပြည်နယ်အတွင်းမှ ထင်ရှားကျော်ကြားသည့်ဘုရားပွဲတစ်ခု ဖြစ်သည့်အားလျော်စွာ ပွဲတော်သို့ ရခိုင်ပြည်နယ်အနှံ့အပြားမှ လာရောက်လေ့ရှိကြသည်။