- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
စစ်တွေဆေးရုံကြီးတွင် သူနာပြုတချို့ အလုပ်မဆင်း
ယခု ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည့် သူနာပြုများအပေါ် ခြိမ်းခြောက်ဆဲမှု၊ ပြစ်တင်ဝေဖန်သည့်ပို့စ်များ ပေါ်ထွက်လာပြီး နောက်ပိုင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ သူနာပြုတချို့မှာ အလုပ်မဆင်းကြတော့ဟု သိရသည်။
21 Jul 2021
DMG ၊ ဇူလိုင် ၂၁
ယခု ရက်ပိုင်းအတွင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာသည့် သူနာပြုများအပေါ် ခြိမ်းခြောက်ဆဲမှု၊ ပြစ်တင်ဝေဖန်သည့်ပို့စ်များ ပေါ်ထွက်လာပြီး နောက်ပိုင်း စစ်တွေပြည်သူ့ဆေးရုံကြီးမှ သူနာပြုတချို့မှာ အလုပ်မဆင်းကြတော့ဟု သိရသည်။
ဆေးရုံထဲတွင် လူနာရှင်များက တာဝန်ကျသူနာပြုများကို ဆဲဆိုနေသည့် ဗွီဒီယိုဖိုင် တစ်ခုလည်း လူမှုကွန်ရက်တွင်ပျံ့နှံ့လာခဲ့သည်။
ယင်းသို့ပျံ့နှံ့လာပြီးနောက်တွင် အလုပ်မဆင်းကြတေ့ာဘဲ တာဝန်ကျ သူနာပြုဆရာမများအား တောင်းပန်ပြီးမှသာ အလုပ်ဆင်းမည်ဖြစ်ကြောင်း အလုပ်မဆင်းဘဲနေသည့် သူနာပြုတစ်ဦးက ပြောသည်။
“သူများတွေဆင်းလား မဆင်းလားတော့မသိဘူး။ သမီးကတော့မဆင်းဘူး။ မဆင်းတာကတော့ လိုင်းပေါ်မှာ မြင်တဲ့အတိုင်းပါပဲ စော်ကားနေကြတာတွေ။ စော်ကားတာတွေ မရပ်မချင်းတော့ ဒီအတိုင်းပဲနေသွားမယ်။ ဆရာမတွေရဲ့ တန်ဖိုးကိုနားလည်စေချင်တာပါ။” ဟု အမည်မဖေါ်လိုသည့် သူနာပြုဆရာမတစ်ဦးက ပြောသည်။
လက်ရှိ စစ်တွေဆေးရုံကြီးအတွင်းမှာ သူနာပြုအရေတွက်မည်မျှ အလုပ်မဆင်းသည်ကို DMG အနေဖြင့် သီးခြားအတည်ပြု နိုင်မှုမရှိသေးပေ။