- ပြီးခဲ့သော ၁၈ လအတွင်း ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာသည့် မွတ်ဆလင်ဒုက္ခသည် တစ်သိန်းခွဲအထိရှိ
- အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ဝန်ထမ်း ၁,၃၀၀ ကျော် အလုပ်ထုတ်ခံရ
- ယခုနှစ်အတွင်း လူ ၃,၀၀၀ ခန့်ကို စစ်မှုထမ်းရန် စစ်ကောင်စီ အတင်းအကျပ် ဖမ်းဆီးခဲ့
- ဘင်္ဂလားဒေ့ရှ်က ကန့်သတ်မှုကြောင့် ရခိုင်-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်ရေး အားလုံးနီးပါး ရပ်တန့်
- မောင်တောမြို့နယ်တွင် လမ်းပျက်စီးနေ၍ ဒေသခံများ သွားလာရ ခက်ခဲနေ
တောင်ကုတ်မှ ကင်ဆာရောဂါခံစားနေရသည့် လေးနှစ်အရွယ်ကလေးငယ်အား ဆေးကုသရန်အကူအညီလိုအပ်
တောင်ကုတ်မြို့နယ် ကမ်းဒေးအုပ်စု၊ အဘေရွာကျေးရွာမှ အရိုးကင်ဆာရောဂါခံစားနေရသည့် လေးနှစ်အရွယ်ယောကျ်ားလေးအတွက် ဆေးကုသရန် ငွေကြေးအကူအညီလိုအပ်နေကြောင်း ကလေး၏မိဘများကပြောသည်။
16 Nov 2021
DMG ၊ နိုဝင်ဘာ ၁၆
တောင်ကုတ်မြို့နယ် ကမ်းဒေးအုပ်စု၊ အဘေရွာကျေးရွာမှ အရိုးကင်ဆာရောဂါခံစားနေရသည့် လေးနှစ်အရွယ်ယောကျ်ားလေးအတွက် ဆေးကုသရန် ငွေကြေးအကူအညီလိုအပ်နေကြောင်း ကလေး၏မိဘများကပြောသည်။
အဆိုပါကလေးငယ်အား ၂၀၂၁ ခုနှစ် ဇွန်လက သံတွဲဆေးရုံတွင် ပထမအကြိမ်ပြသခဲ့စဉ် ဆရာဝန်မှ ကင်ဆာရောဂါဖြစ်ကြောင်းအတည်ပြုပြောကြားခဲ့သော်လဲ ငွေကြေးအခက်အခဲ့ကြောင့် ၁၅ ရက်သာ ဆေးကုသခံယူကာ ဆေးရုံမှပြန်ဆင်းခဲ့ကြောင်း မိဘများကဆိုသည်။
လက်ရှိမှာ ကလေးငယ်မှာ ရောဂါထပ်မံဖြစ်ပွားလာခြင်းကြောင့် ဆေးကုသရန် အကူအညီပေးမည့်သူများလိုအပ်နေကြောင်း ကလေးငယ်၏ဖခင် ကိုထွန်းထွန်းလှိုင်ကပြောသည်။
"ပထမတစ်ကြိမ် ညာဖက်ကလက်ဖျားလေးတွေမှာ အနာဖြစ်လို့ သံတွဲဆေးရုံမှာသွားပြတယ်။ အဲဒီတုန်းက ကင်ဆာဖြစ်တယ်လို့ ဆရာဝန်ကပြောတယ်။ အဲဒီဖြစ်တဲ့လက်ချောင်းလေးတွေကို ဖြတ်ထုတ်ပြီးကုသခဲ့တယ်။ အခုခြေထောက်မှာ ထပ်ဖြစ်လာတယ်။ ဆေးကုသဖို့ငွေကမရှိဘူး"ဟု ဦးထွန်းထွန်းလှိုင်းက ပြောသည်။
ဆေးကုသမှုခံယူရန်အကူအညီလိုအပ်နေသည့် ကလေးငယ်၏မိဘများမှာ လက်လုပ်လက်စားများဖြစ်ကြသည်။ လက်ရှိကလေးငယ်မှာ နေအိမ်တွင်သာရှိနေပြီး ဆေးရုံသို့မတက်ရောက်နိုင်သေးကြောင်း မိဘများကပြောသည်။
အဆိုပါကလေးငယ်အား ဆေးကုသမှုပေးနိုင်ရန်အတွက် တောင်ကုတ်မြို့နယ် မေတ္တာကမ်းလက်ပရဟိတအသင်းမှ အလှူငွေကောက်ခံသွားမည်ဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ကိုညီညီအောင်ကပြောသည်။
"ကျနော်တို့ အကူအညီပေးဖို့ အလှူခံထွက်ဖို့လုပ်နေပါတယ်။ ကလေးကကင်ဆာရောဂါခံစားနေရတယ်။ မနက်ဖြန်လောက်မှာ စပြီး အလှူထွက်ခံမှာဖြစ်တယ်"ဟု ၎င်းကပြောသည်။
ယခင်ကလည်း တောင်ကုတ်မြို့နယ် ဘာယေကျေးရွာမှ အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးအား မျက်စိခွဲစိတ်ကုသရန်အတွက် မေတ္တာကမ်းလက်ပရဟိတအသင်းမှ အကူအညီပေးလျက်ရှိသည်။
ယခု ကင်ဆာရောဂါခံစားနေရသည့် ကလေးငယ်အား ဆေးကုသပေးနိုင်ရန်အတွက် ကုသိုလ်ဖြစ်လှူဒါန်းစေလိုကြောင်းလည်း မေတ္တာကမ်းလက်ပရဟိတအသင်းမှ တိုက်တွန်းပြောဆိုသည်။