- စစ်ကောင်စီလက်ချက်ကြောင့် ကျောက်ဖြူ ဒေသခံ ၃၀ ကျော်ထိ သေဆုံးဒဏ်ရာရမှု ရှိလာ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ ကျေးရွာ ၃ ရွာက ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ
- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
AA တပ်ဖွဲ့ဝင် ၁၈ ဦးကို လွှတ်ပေးကြောင်း စစ်ကောင်စီထုတ်ပြန်
ရက္ခိုင့်တပ်တော်(AA)မှ တပ်ဖွဲ့ဝင် ၁၈ ဦးအပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များကို လွှတ်ပေးကြောင်း စစ်ကောင်စီက ယနေ့(နိုဝင်ဘာလ ၁၈ ရက်)နေ့တွင် ထုတ်ပြန်သည်။
18 Nov 2022

DMG ၊ နိုဝင်ဘာ ၁၈
ရက္ခိုင့်တပ်တော်(AA)မှ တပ်ဖွဲ့ဝင် ၁၈ ဦးအပါအဝင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များကို လွှတ်ပေးကြောင်း စစ်ကောင်စီက ယနေ့(နိုဝင်ဘာလ ၁၈ ရက်)နေ့တွင် ထုတ်ပြန်သည်။
အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များအား ပြစ်ဒဏ်မှလွတ်ငြိမ်းခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ယင်းသို့ စစ်ကောင်စီမှ လွှတ်ပေးမည့်အထဲတွင် AA တပ်ဖွဲ့မှ ၁၈ ဦး၊ KIA တပ်ဖွဲ့မှ ၂၀ ဦး၊ RCSS/SSA တပ်ဖွဲ့မှ ၅ ဦးနှင့် KNU/KNLA တပ်ဖွဲ့မှ ၂ ဦးဖြစ်ကြောင်း သိရသည်။
“နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခု ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်ကြောင်းလည်း စစ်ကောင်စီ၏ထုတ်ပြန်ချက်က ဆိုထားသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့သည် သြဂုတ်လမှစတင်ကာ ရခိုင်ပြည်အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကာ မြန်မာစစ်တပ်က AA နှင့်ဆက်စပ်သည့် သံသယဖြင့် အရပ်သားများကို ဖမ်းဆီးမှုများရှိနေပြီး AA ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများ ရှိနေသည်။