- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
မွတ်ဆလင် ၄,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ AA ပို့ဆောင်
မွတ်ဆလင်များမှာ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာခြင်းဖြစ်ပြီး ၎င်းတို့ကို AA တပ်ဖွဲ့ဝင်များက ကား၊ သုံးဘီးများဖြင့်ခေါ်ယူပြီး လုံခြုံသည့်နေရာများသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
27 Jun 2024

ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ရွှေဇား(မွတ်ဆလင်)ကျေးရွာအုပ်စုရှိ ကျေးရွာများမှ ထွက်ပြေးလာကြသော မွတ်ဆလင်လူဦးရေ ၄,၀၀၀ ကျော်ကို အာရက္ခတပ်တော်(AA)က ဇွန်လ ၂၆ ရက်တွင် ဘေးလွတ်ရာသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မွတ်ဆလင်များမှာ စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထွက်ပြေးလာခြင်းဖြစ်ပြီး ၎င်းတို့ကို AA တပ်ဖွဲ့ဝင်များက ကား၊ သုံးဘီးများဖြင့်ခေါ်ယူပြီး လုံခြုံသည့်နေရာများသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ဇွန်လ ၂၅ ရက်ကလည်း မောင်တောမြို့နယ်၊ ဇိန်တူလာ(မွတ်ဆလင်)ကျေးရွာအတွင်း ကျန်ရစ်ခဲ့သည့် ကျန်းမာရေးမကောင်းသူများနှင့် သက်ကြီးရွယ်များကို AA တပ်ဖွဲ့ဝင်များက လုံခြုံရာသို့ ကယ်ထုတ်ပေးခဲ့သည်။
လက်ရှိတွင် မောင်တောမြို့အနီးရှိ နခခ(၅) မြို့သူကြီးကို AA က ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက မြို့တွင်းနေရာအနှံ့အပြား၌ နေရာယူကာ ခုခံတိုက်ခိုက်နေသည်။