- ကမ္ဘောဒီးယားမှာ လူငယ်များ စစ်မှုမထမ်းမနေရ ဥပဒေ လာမည့်နှစ် စတင်အကောင်အထည်ဖော်မည်
- စစ်ကောင်စီ တန်ပြန်ထိုးစစ်လုပ်လာနိုင်တာ ဘာကြောင့်လဲ
- ဘစ်ကွိုင်တန်ဖိုး ကန်ဒေါ်လာ ၁၂၀,၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်
- စစ်တွေမြို့တွင် ငတ်မွတ်မှုဒဏ်ကို မခံနိုင်၍ ဒေသခံအချို့ အဆုံးစီရင်မှု ရှိလာ
- အိန္ဒိယစစ်တပ်က မြန်မာဘက်သို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ခေါင်းဆောင်သုံးဦး သေဆုံးဟု အာသံလွတ်မြောက်ရေးတပ် ပြောကြား
ဒုံးညို နယ်ခြားစောင့်ရဲစခန်းကို AA သိမ်းပိုက်
တိုက်ပွဲအတွင်း စစ်သုံးပန်း (၁၈) ဦးကို လက်နက်အလက် (၄၀)နှင့်အတူ ဖမ်းဆီးရမိပြီး စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ထုတ်ပြန်သည်။
17 Nov 2023

DMG ၊ နိုဝင်ဘာ ၁၇
ရခိုင်ပြည်၊ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့် ရဲကင်းစခန်းကို အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ရက္ခိုင့်တပ်တော်(AA)က ယနေ့ နိုဝင်ဘာလ ၁၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်သည်။
ဒုံးညိုရဲကင်းစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ချအညံ့မခံသောကြောင့် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယနေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ နေ့လယ် ၁ နာရီတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
တိုက်ပွဲအတွင်း စစ်သုံးပန်း (၁၈) ဦးကို လက်နက်အလက် (၄၀)နှင့်အတူ ဖမ်းဆီးရမိပြီး စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
ဒစခန်းသိမ်းတိုက်ပွဲအတွင်း မိမိတို့ဘက်မှ ကျဆုံး၊ ဒဏ်ရာရရှိသူတချိုရှိခဲ့ပြီး စခန်းသိမ်းတိုက်ပွဲဆင်နွှဲရာတွင် ဦးဆောင်သူနှင့် တပ်ဖွဲ့ဝင်များအား လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုကြောင်း AA က ပြောဆိုထားသည်။
ဒုံးညိုရဲကင်းစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများနှင့်အတူ စစ်ကောင်စီဘက်က လေကြောင်းမှတစ်ဆင့် စစ်ကူပစ်ခတ်မှုကြောင့် ဒုံးညိုဒေသခံများမှာ ရွာလုံးကျွတ် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
တိုက်ပွဲရှောင်နေစဉ် ဒုံးညိုကျေးရွာမှ အသက် ၇ လအရွယ် မိန်းကလေးတစ်ဦးမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အအေးမိ၍ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် သေဆုံးခဲ့သည်။