- ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ
- မုန်တိုင်းအလွန် ရခိုင်မြို့နယ်တချို့တွင် သောက်သုံးရေ အခက်ကြုံ
- မြောက်ကိုရီးယား၏ ပထမဆုံး ထောက်လှမ်းရေးဂြိုဟ်တု ဇွန်လတွင် လွှတ်တင်မည်
- မုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အလှူငွေ ကျပ်သိန်းတစ်သောင်း AA လက်ခံရရှိထား
- ရခိုင်က မုန်တိုင်းဘေးဒဏ်ခံ ကျေးရွာအချို့တွင် တစ်ရွာလုံးအတွက် ဆန်နှစ်အိတ်နှင့် အဝတ်ထည့်ဗူးအချို့သာ အထောက်အပံ့ရရှိ
မုန်တိုင်းကြောင့် ဆန်စပါးများကို ဝယ်ယူသိုလှောင်ခြင်း မပြုကြရန် ဆန်စပါးအသင်းချုပ်ပြော
ဆန်စပါးအသင်းချုပ်က သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အရန်ဆန်ရိက္ခာများ စုဆောင်းထားမှုနှင့် လိုအပ်သည်များကို ဆောင်ရွက်ထားပြီဖြစ်ကြောင်း မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
09 May 2023

DMG ၊ မေ ၉
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းမှာ အားကောင်းသောမုန်တိုင်းအဖြစ် ပြောင်းလဲလာနိုင်ကြောင်း မိုးဇလခန့်မှန်းထားချက်နှင့်ပတ်သက်၍ စားနပ်ရိက္ခာအရေးစိုးရိမ်မှုဖြင့် ဆန်စပါးများကို ဝယ်ယူသိုလှောင်ခြင်းမပြုလုပ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောဆိုလိုက်သည်။
ဆန်စပါးအသင်းချုပ်က သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုအနေဖြင့် အရန်ဆန်ရိက္ခာများ စုဆောင်းထားမှုနှင့် လိုအပ်သည်များကို ဆောင်ရွက်ထားပြီဖြစ်ကြောင်း မေလ ၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
“ဆန်စပါးစုဆောင်းထားမှုနဲ့ ဆန်စပါးဖူလုံမှု အပြည့်အဝရှိတဲ့အတွက် မိဘပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်မှုနဲ့ ဝယ်ယူစုဆောင်းမှုတွေ မပြုလုပ်ဖို့၊ လိုအပ်တဲ့ ပမာဏကိုပဲ ဝယ်ယူပါ” ဟု ဆန်စပါးအသင်းချုပ်က ဆိုသည်။
သဘာဝဘေးအန္တရာယ်ကျရောက်မှု ဖြစ်ပေါ်ပြီး ဆန်လိုအပ်မှုများရှိလျှင် အသင်းချုပ်ရုံး၊ ဆန်လုပ်ငန်းရှင်အသင်းများ၊ ကုန်စည်ဒိုင်များထံသို့ ဆက်သွယ်နိုင်သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြောဆိုထားသည်။
မုန်တိုင်းဝင်ရောက်လာနိုင်ကြောင်း မိုးဇလထုတ်ပြန်ပြီးနောက် ပြည်တွင်းဆန်ဈေးကွက် အနည်းငယ်လှုပ်ခတ်လာပြီး လက်ရှိမှာ ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် ငွေကျပ် ၂,၀၀၀ မှ ၃,၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ကုန်စည်ဒိုင်အပါအဝင် ပွဲရုံများတွင် အရောင်းအဝယ်ထိုင်းနေသော်လည်း လက္ကလီ/လက္ကား အရောင်းဆိုင်များတွင် ဝယ်လိုအားများနေကြောင်း ရန်ကုန်မြို့၊ လှိုင်မြို့နယ်မှ လက်လီဆန်ရောင်းချသူတစ်ဦးက ပြောသည်။
“မုန်တိုင်းသတင်းကြောင့် ဆန်ဈေးတက်တယ်။ ဈေးက ခဏခဏတက်နေတော့ ကျနော်တို့လို လက်လီဆိုင်တွေ ဒုက္ခရောက်တယ်။ ကျနော်တို့က လက်လီဆိုင်ဆိုတော့ ကိုယ့်ဖောက်သည်လည်း မပျက်အောင်၊ ကိုယ်လည်းမရှုံးအောင် ဈေးကို ထိန်းရောင်းရတယ်” ဟု ၎င်းက ပြောသည်။
နွေစပါး ရိတ်သိမ်းပြီး/ရိတ်သိမ်းဆဲနှင့် ရိတ်သိမ်းရန်ရှိသော ဒေသများ၊ ကမ်းရိုးတန်း အနီးတဝိုက်ဒေသများမှ ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကင်းလွတ်နိုင်မည့်နေရာများသို့ စနစ်တကျ ကြိုတင်ပြင်ဆင်ထားရန်နှင့် ဆန်စပါးလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့်လည်း ဆန်စပါးများမပျက်စီးအောင် ထိန်းသိမ်းသိုလှောင်ထားရန် ဆန်စပါးအသင်းချုပ်က တိုက်တွန်းထားသည်။
မိုးဇလ၏ ယနေ့ မေ ၉ ရက်နေ့ နံနက် ၁၁ နာရီထုတ်ပြန်ချက်တွင် - ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာနိုင်ပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ပြောင်းလဲကာ မေလ ၁၀ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်း ကပ္ပလီပင်လယ်ပြင်တို့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ် ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် ကနဦးတွင် မြောက် - အနောက်မြောက်ဘက်သို့ ရွေ့လျားနေပြီး မေ ၁၂ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းသို့ရောက်ရှိကာ ယင်းမှတစ်ဆင့် မြောက် - အရှေ့မြောက်ဘက်သို့ ကွေ့၍ ဘင်္ဂလားဒေ့ရှ် - မြန်မာကမ်းရိုးတန်းသို့ ရွေ့လျားနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။
#I004