- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
ရှမ်းမြောက်တိုက်ပွဲတစ်ပတ်အတွင်း အရပ်သား၂၅ ဦးသေဆုံး၊ ၃၇ ဦးဒဏ်ရာရ
ဇူလိုင်လ ၁ ရက်က ကျောက်မဲမြို့တွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့သည်။ သီပေါမြို့ စံဖိတ်ကွက်သစ်တွင်လည်း စစ်ကောင်စီလက်နက်ကြီးကြောင့် ၅ ဦးဒဏ်ရာရရှိခဲ့သည်။
02 Jul 2024

DMG ၊ ဇူလိုင် ၂
စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့၏ တကျော့ပြန် တိုက်ပွဲကာလအတွင်း ရှမ်းပြည်မြောက်ပိုင်းနှင့် မန္တလေးတိုင်းတွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးသူ ၆၂ ဦးထိရှိလာကြောင်း TNLA က ထုတ်ပြန်သည်။
တကျော့ပြန်တိုက်ပွဲစဖြစ်သည့် ဇွန် ၂၅ ရက်မှ ဇူလိုင် ၁ ရက်ထိ ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နောင်ချို၊ သီပေါနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် အရပ်သား ၂၅ ဉီးသေဆုံးပြီး၊ ဒဏ်ရာရရှိသူ ၃၇ ဦးအပြင် နေအိမ် (၅၀) ခန့် ထိခိုက်ပျက်စီးခဲ့သည်။
ဇူလိုင်လ ၁ ရက်က ကျောက်မဲမြို့တွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့သည်။ သီပေါမြို့ စံဖိတ်ကွက်သစ်တွင်လည်း စစ်ကောင်စီလက်နက်ကြီးကြောင့် ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်သည်။
အလားတူ ဇွန် ၂၉ ရက်က ကျောက်မဲမြို့၊ ရပ်ကွက်(၈)အတွင်း စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီး ၂ ဦးသေဆုံးပြီး၊ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ရှမ်းမြောက်ဒေသတွင် တရုတ်ကြားဝင်စေ့စပ်မှုဖြင့် အပစ်ရပ်စဲခဲ့သည့် “ဟိုင်ဂင်” သဘောတူညီချက်မှာ ဇွန်လ ၂၅ ရက်နေ့တိုက်ပွဲနှင့်အတူ ကျိုးပျက်သွားခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးနောက်ဆက်တွဲအဖြစ် တိုက်ပွဲများပြင်းထန်နေသည်။
တိုက်ပွဲများကြောင့် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်မြို့နယ်တို့တွင် စစ်ဘေးရှောင်လူဦးရေ ၃,၀၀၀ နီးပါအထိ ရှိလာကြောင်း TNLA က ဇွန် ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။