- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
- စစ်တကောင်းဆိပ်ကမ်းနှင့် ရခိုင်စာနာမှုစင်္ကြံကိစ္စ ဘင်္ဂလားဒေ့ရှ်မှာ ကန့်ကွက်ဆန္ဒပြ
တောင်ကုတ် ခမရ (၃၄၆) တပ်ရင်းကို AA သိမ်းပိုက်
စကခ(၅) ဌာနချုပ်အပြင် ခမရ (၃၄၆)၊ ခမရ (၅၄၄) တပ်ရင်းတို့ကို AA က နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီး ခမရ (၃၄၆) ကို နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။
28 Nov 2024

DMG ၊ နိုဝင်ဘာ ၂၈
ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၅) လက်အောက်ခံတပ်ရင်း ခမရ (၃၄၆)ကို AA က အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
စကခ(၅) ဌာနချုပ်အပြင် ခမရ (၃၄၆)၊ ခမရ (၅၄၄) တပ်ရင်းတို့ကို AA က နိုဝင်ဘာလ နောက်ဆုံးပတ်မှစ၍ ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီး ခမရ (၃၄၆) ကို နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။
“မနေ့က ခမရ (၃၄၆) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်။ တပ်ရင်းတစ်ခုလုံးက လက်နက်ချအညံ့ခံတာ မဟုတ်ဘူး။ အလံဖြူထောင်တာက ဆယ်ယောက်လောက်ပဲ ရှိတယ်။ လက်နက်ခဲယမ်းတွေကို အကုန်လုံး သိမ်းပိုက်နိုင်ခဲ့တယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လက်ရှိတွင် AA သည် တောင်ကုတ်မြို့နှင့် ခမရ (၃၄၆) ကို သိမ်းပိုက်ထားပြီးဖြစ်၍ ကျန်ရှိနေသေးသည့် စကခ (၅) နှင့် ခမရ (၅၄၄) တို့ကို ထပ်မံသိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်လျက်ရှိသည်။
“တပ်မထဲမှာ တိုက်ပွဲတအားပြင်းထန်နေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်သံတွေ ကြားနေရတယ်။ တပ်မနဲ့ ခမရ ၅၄၄ တပ်ရင်းတွေကို သိမ်းပိုက်ပြီးရင် တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA သိမ်းပိုက်နိုင်ပြီ။ သိမ်းပိုက်ဖို့ သိပ်မကြာတော့ဘူး ထင်တယ်” ဟု မြေပြင် စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးက ပြောသည်။
တောင်ကုတ်တွင် တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများနှင့်အတူ နေအိမ်၊ ဈေးဆိုင်ခန်းအများအပြား ပျက်စီးမှုရှိနေသည်။
ရခိုင်ဒေသအတွင်း အာရက္ခတပ်တော်(AA) ၏ ထိုးစစ်များမှာ ဆက်လက်အရှိန်မြှင့်နေပြီး မောင်တော၊ တောင်ကုတ်၊ အမ်းနှင့် ဂွမြို့နယ်တို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိနေသည်။