- ဆုံးရှုံးနယ်မြေများကို ပြန်သိမ်းရန် စစ်ကောင်စီ အပြင်းအထန်ကြိုးစားနေဟု AA ပြော
- ရက် ၅၀ အတွင်း ယူကရိန်းစစ် မရပ်လျှင် ကုန်စည်ခွန် ၁၀၀ ရာခိုင်နှုန်းကောက်မည်ဟု ရုရှားကို သမ္မတထရမ့် ခြိမ်းခြောက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ရေကြည်မြို့နယ်တွင် စစ်ကောင်စီ စစ်ကြောင်းထိုးနေသဖြင့် တိုက်ပွဲများ ပြင်းထန်နေ
- တက္ကနာ-မောင်တော ကုန်သွယ်ရေး ရပ်နေသည့်အတွက် တက္ကနာဆိပ်ကမ်းရှိ သိုလှောင်ကုန်များ ပျက်စီး
ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသည့် လေဖိအားကြောင့် ရခိုင်မှ ရေကြောင်းခရီးစဉ်အချို့ ယာယီရပ်နား
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် လှိုင်းကြီးမည့် အန္တရာယ်ကို စိုးရိမ်၍ ရခိုင်မှ ရေကြောင်းခရီးစဉ်အချို့ကို ယာယီရပ်နားထားကြောင်း အမြန် ရေယာဉ်တာဝန်ရှိသူများထံမှ သိရသည်။
05 Aug 2020
မြတ်ဆွေ | DMG
သြဂုတ် ၅ ၊ စစ်တွေ
ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းတွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် လှိုင်းကြီးမည့် အန္တရာယ်ကို စိုးရိမ်၍ ရခိုင်မှ ရေကြောင်းခရီးစဉ်အချို့ကို ယာယီရပ်နားထားကြောင်း အမြန် ရေယာဉ်တာဝန်ရှိသူများထံမှ သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီး ရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ် ၅ ရက် နံနက် ၇ နာရီက ထုတ်ပြန်ထားသည်။
မိုးသက်လေပြင်းကျရောက်စဉ် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ လေတိုက်ခတ်နိုင်ပြီး မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် (၁၀)ပေမှ (၁၆)ပေခန့်ရှိနိုင်ကြောင်း မိုးဇ/လမှ ခန့်မှန်း ထားသည်။
ယနေ့(သြဂုတ်လ ၅ ရက်)တွင် ရပ်နားလိုက်သည့် ရွှေပြည်တန်အမြန်ရေယာဉ်လိုင်းမှ မန်နေဂျာ ဦးစံမော်သိန်းက ရာသီဥတုအခြေအနေပေါ်မူတည်ပြီး ရေယာဉ်ကိုပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြောသည်။
“ရာသီဥတုအခြေအနေကိုကြည့်ပြီးတော့ ဒီနေ့ရပ်နားထားလိုက်တာဖြစ်တယ်။ ရာသီဥတုက မနက်ဖြန်ကောင်း ရင်တော့ မနက်ဖြန်စထွက်ပါမယ်။ မနက်ဖြန်လည်းမကောင်းဘူးဆိုရင်တော့ ရာသီဥတုအခြေအနေကိုကြည့်ပြီး ပြန်ရပ်နားထားပါမယ်”ဟု ၎င်းကဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲလျက်ရှိကြသည့် ရွှေပြည်တန်၊ မလိခနှင့် ရွှေလင်းယုန် စသည့် အမြန်ရေယာဉ်လိုင်းများကို ယာယီရပ်နားထားကာ ကြိုတင်လက်မှတ်ဝယ်ယူထားသူများကိုလည်း ငွေပြန်အမ်းပေးလျက်ရှိကြောင်း ရေယာဉ်လိုင်းတာဝန်ရှိသူများထံမှ သိရသည်။
မိုးဇ/လ၏ ထုတ်ပြန်ချက်အရ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လာမည့်နှစ်ရက်အတွင်း မိုးများနိုင်သည်ဟု ဆိုသည်။