- စစ်ကောင်စီလက်ချက်ကြောင့် ကျောက်ဖြူ ဒေသခံ ၃၀ ကျော်ထိ သေဆုံးဒဏ်ရာရမှု ရှိလာ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ ကျေးရွာ ၃ ရွာက ဒေသခံများ အရေးပေါ်ပြောင်းရွှေ့နေရ
- ဂါဇာ၌ ထောက်ပံ့ရေးအကူအညီများ ရယူနေစဉ် သုံးလအတွင်း သေဆုံးသူ ၁,၇၆၀ ဦးရှိကြောင်း ကုလပြော
- ထန်းရှောက်ခံရွာတွင် မွတ်ဆလင်များကို AA သတ်ဖြတ်ခဲ့ဟု စစ်ကောင်စီ စွပ်စွဲ
- ရခိုင်နှင့် နယ်စပ်စစ်မျက်နှာသုံးခုတွင် တိုက်ပွဲများ ဆက်ဖြစ်နေကြောင်း AA ပြော
ကျောက်တော်စစ်ဆေးရေးဂိတ်တွင် ဓာတ်ပုံဆရာတစ်ဦးပျောက်ဆုံးနေ၊ဖမ်းဆီးထားခြင်းမရှိဟု စစ်တပ်က တုန့်ပြန်ထား
ပျောက်ဆုံးသွားသူမှာ စစ်တွေမြို့ ၊ ပြည်တော်သာရပ်ကွက်မှ ဦးစိုးမိုးကျော်ဖြစ်ပြီး မင်းပြားမှ စစ်တွေသို့အပြန် ကျောက်တော်တပ်မ စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုခံယူနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက DMGသို့ပြောသည်။
09 Nov 2022

ကျောက်တော်တပ်မစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၈ ရက်နေ့က ပျောက်ဆုံးသွားသည့် ဓာတ်ပုံဆရာ ဦးစိုးမိုးကျော်ဖြစ်သည်။
DMG၊ နိုဝင်ဘာ ၉
ရခိုင်ပြည် ၊ စစ်တွေ မြို့မှ ဓာတ်ပုံဆရာတစ်ဦးမှာ ယမန်နေ့ (နိုဝင်ဘာလ ၈ရက်)နေ့၊ နံနက်၁၀နာရီခန့်အချိန်ခန့်က မင်းပြားမှ စစ်တွေသို့အပြန်တွင် ကျောက်တော်တပ်မစစ်ရေးဂိတ်၌ ပျောက်ဆုံးသွားကြောင်း သိရသည်။
ပျောက်ဆုံးသွားသူမှာ စစ်တွေမြို့ ၊ ပြည်တော်သာရပ်ကွက်မှ ဦးစိုးမိုးကျော်ဖြစ်ပြီး မင်းပြားမှ စစ်တွေသို့အပြန် ကျောက်တော်တပ်မ စစ်ဆေးရေးဂိတ်၌ စစ်ဆေးမှုခံယူနေစဉ် ပျောက်ဆုံးသွားခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက DMGသို့ပြောသည်။
“ညကတော့ မှတ်ပုံတင်စစ်တဲ့အခါ သူ့ဘေးနားပါတဲ့ကောင်မလေးက နောက်ပြန်လှည့် ကြည့်တဲ့အခါ မှတ်ပုံတင်စစ်နေတာတွေ့ခဲ့တယ်တဲ့။ ကားထွက်ဖို့လုပ်တဲ့အခါ ခရီးသည်တွေက တစ်ယောက်လိုသေးတယ်တဲ့။ ကားသမားက (စစ်ဆေးရေး) ဂိတ်ကိုမေးတဲ့အခါ အားလုံးသွားကြပြီ၊ ငါတို့ ခေါ်ထားတာမရှိဘူးလို့ပြောတယ်တဲ့ “ ဟု သူကပြောသည်။
ထို့အတူ မိသားစုဝင်များက ကျောက်တော်တပ်မစစ်ဆေးရေးဂိတ်သို့ သွားရောက်မေးမြန်းရာတွင်လည်း ဖမ်းဆီးထားခြင်းမရှိကြောင်း တုန့်ပြန်ပြောဆိုသည်ဟု အဆိုပါမိသားစုဝင်က ဆက်ပြောသည်။
“ အိမ်ကလူတွေလည်း မွန်းလွဲ ၁၂နာရီကျော်လောက်က လိုက်သွားပြီး မေးကြည့်တယ်။ သူတို့ကတော့ ဖမ်းဆီးထားတာမရှိဘူး။ (သူ့)ဓာတ်ပုံတွေ ရှိရင်ပေးခဲ့လို့တော့ ပြောတယ်။ အဲဒီတော့ ဓာတ်ပုံတွေ ဖုန်းနံပါတ်တွေတော့ ပေးခဲ့တယ်။ သူတို့က (စစ်ကောင်စီ) ဖမ်းထားတာမရှိဘူးပြောပေမယ့်လည်း သူတို့ဖမ်းထားတာကတော့ ၉၅ ရာခိုင်နှုန်းလောက် သေချာတယ်။ စိုးမိုးကျော်ဖုန်းကို ပထမတော့ ဆက်လို့ရသေးတယ်။ ဖုန်းဝင်တယ် ချပစ်လိုက်တယ် ။ ညဘက်ရောက်တော့ စက်ပိတ်သွားပြီ” ဟု သူကပြောသည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာလာပြီးနောက် ကုန်းလမ်း၊ ရေလမ်း ဖြင့်သွားလာနေသည့်ခရီးသည်များကိုလည်း စစ်ကောင်စီက တင်းကျပ်စွာ စစ်ဆေးလျက်ရှိနေသည်။