ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်လိုက်သည့်အပေါ် ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံ၏ သဘောထားအမြင်
25 Mar 2019
အရင်အစိုးကတော့ အစိုးရကို ဝေဖန်ထောက်ပြရုံလောက်နဲ့တော့ အဲလောက်ထိ မဖြစ်ဘူး။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ဦးတည်ပြီးတော့ လုပ်ရင်တော့ သူတို့ ထိရောက်စွာ အရေးယူတယ်။ သူတို့နဲ့သက်ဆိုင်တဲ့ ဌာနတွေပေါ့။ ဥပမာ - တပ်မတော်ကို၊ ဒါမှမဟုတ် သမ္မတကိုပြောဆိုတဲ့ အသုံးအနှုန်းတွေ။ အဲဒီအပေါ်မှာ ပြီးတော့ အစိုးရတစ်ရပ်လုံးကို သိမ်းကျုံးပြီးတော့ ဝေဖန်တဲ့အခါ သူတို့ကိုယ်တိုင်ကလည်း အမှားနဲ့မကင်းဖြစ်နေတဲ့ အစိုးရဆိုတော့ခါ အဲဒီအပေါ်မှာတော့ ဥပက္ခာပြုပြီးတော့ စားနေမြဲစား၊ လုပ်နေမြဲ လုပ်သွား ကြတာတွေရှိတယ်။