ဒေါ်လာ ၆၉ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းတုတန်ချိန် ၃၀၀၀ ကျော် တရုတ်အာဏာပိုင်တွေ ဖျက်ဆီး

Nike နဲ့ Louis Vuitton လို ကုမ္ပဏီမျိုးကထုတ်လုပ်တဲ့ ပစ္စည်းတွေအဖြစ် တုပထားတဲ့ ကုန်ပစ္စည်း အများအပြားကို နိုဝင်ဘာလ ၁၀ ရက်နေ့က ပြည်နယ်နဲ့ မြို့ကြီး ၁၇ မြို့မှာ တရုတ်အာဏာပိုင်တွေ ဖျက်ဆီးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV မှာ ဖော်ပြထားပါတယ်။ အာဏာပိုင်တွေဟာ စုစုပေါင်း ယွမ်သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၆၉ သန်း)တန်ဖိုးရှိတဲ့ ကုန်ပစ္စည်း အတုတန်ချိန် ၃၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။

By Admin 12 Nov 2022

ဒေါ်လာ ၆၉ သန်းတန်ဖိုးရှိ ကုန်ပစ္စည်းတုတန်ချိန် ၃၀၀၀ ကျော် တရုတ်အာဏာပိုင်တွေ ဖျက်ဆီး

၂၀၁၅ ခုနှစ်တုန်းက ဂွမ်ဒေါင်းပြည်နယ်မှာဖမ်းဆီးရမိတဲ့ ကုန်ပစ္စည်းတုတွေ ဖျက်ဆီးဖို့ပြင်ဆင်နေစဉ်။ (ဓာတ်ပုံ - Chinanews)

DMG ၊ နိုဝင်ဘာ ၁၂

Nike နဲ့ Louis Vuitton လို ကုမ္ပဏီမျိုးကထုတ်လုပ်တဲ့ ပစ္စည်းတွေအဖြစ် တုပထားတဲ့ ကုန်ပစ္စည်း အများအပြားကို နိုဝင်ဘာလ ၁၀ ရက်နေ့က ပြည်နယ်နဲ့ မြို့ကြီး ၁၇ မြို့မှာ တရုတ်အာဏာပိုင်တွေ ဖျက်ဆီးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV မှာ ဖော်ပြထားပါတယ်။ အာဏာပိုင်တွေဟာ စုစုပေါင်း ယွမ်သန်း ၅၀၀ (အမေရိကန်ဒေါ်လာ ၆၉ သန်း)တန်ဖိုးရှိတဲ့ ကုန်ပစ္စည်း အတုတန်ချိန် ၃၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။

ဖျက်ဆီးခံခဲ့ရတာတွေထဲမှာ ကမ္ဘာ့အကြီးဆုံးဝိုင်ကုမ္ပဏီဖြစ်တဲ့ Treasury Wine Estates က ထုတ်လုပ်တဲ့ပစ္စည်း တွေနဲ့ Kweichow Moutai ကုမ္ပဏီကထုတ်တဲ့ တန်ဖိုးကြီး Baijiu တို့လည်း ပါဝင်ပါတယ်။

ဈေးကွက်စည်းမျဉ်းစည်းကမ်းတွေအတွက် အုပ်ချုပ်ရေးပိုင်းက ထုတ်ပြန်တဲ့ထုတ်ပြန်ချက်မှာတော့ ဖျက်ဆီးခဲ့တဲ့ ကုန်ပစ္စည်းတွေရဲ့နာမည်ကို ထည့်သွင်းဖော်ပြထားတာမျိုး မရှိပါဘူး။ တရုတ်အစိုးရအနေနဲ့ ဒီလိုချိုးဖောက်မှုတွေကို ဦးစားပေးအဆင့်အနေနဲ့ နှိမ်နင်းနေကြောင်းနဲ့ တရားမဝင်ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုတွေကို ပြင်းပြင်းထန်ထန် ဆောင်ရွက်နေတယ်လို့ စီချွမ်းပြည်နယ်အရာရှိ Yang Xingping ရဲ့ပြောကြားချက်ကို ကိုးကားထားပါတယ်။

“ဖျက်ဆီးခြင်းအစီအစဉ်”က ၂၀၂၂ ခုနှစ် တရုတ်နိုင်ငံရဲ့ တရားမျှတမှုဆိုင်ရာ ပြိုင်ဆိုင်မှုမူဝါဒရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ်။ တရုတ်အစိုးရက အတုထုတ်လုပ်မှုလုပ်ငန်းတွေကို အမြစ်ပြတ်သွားဖို့ ကြိုးစားနေပေမယ့် ဒီလုပ်ငန်းတွေဟာ တရုတ်နိုင်ငံအတွက် အဓိကစီးပွားရေးနယ်ပယ်ကြီး ဖြစ်နေပါသေးတယ်။ ဒါကြောင့်လည်း အခုလို အများပြည်သူရှေ့ ဖျက်ဆီးပြတာမျိုးက အထူးအဆန်းတော့လည်း မဟုတ်ပါဘူး။

၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာလုံးဆိုင်ရာ ထုတ်ကုန်အတုကုန်သွယ်ရေးက အမေရိကန်ဒေါ်လာ ၄၆၄ ဘီလီယံရှိမယ်လို့ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံဖြိုးတိုးတက်ရေးအဖွဲ့က ခန့်မှန်းထားပြီး ၂၀၂၀ - ၂၁ ခုနှစ်မှာ E-commerce (အင်တာနက်ပေါ်က အရောင်းအဝယ်)က အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့အတွက် ကုန်ပစ္စည်းတု ထုတ်လုပ်မှုတွေလည်း တဟုန်ထိုး မြင့်တက်ခဲ့ပါတယ်။

ဗီဒီယိုများ