- ရန်ကုန်တွင် အတင်းအဓမ္မ ပေါ်တာဆွဲခံရသည့် ပြည်သူ့စစ်တစ်ဦး AA ထံ အလင်းဝင်
- ရွေးကောက်ပွဲကြောင့် ပဋိပက္ခ ပိုများနိုင်သည်ဟု အမျိုးသမီးများ ရှုမြင်
- AA နှင့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မူးယစ်ဆေးသုံးပြီး တိုက်ခိုက်
- ကျောင်းနေအရွယ် ကလေးငယ် ၇ သန်းခန့် ပညာသင်ခွင့်ဆုံးရှုံးနေရဟု ISP - Myanmar ဖော်ပြ
- အိန္ဒိယဝန်ကြီးချုပ် ၇ နှစ်အတွင်း ပထမဆုံးအဖြစ် တရုတ်သို့ သွားမည်
အိန္ဒိယဝန်ကြီးချုပ် ၇ နှစ်အတွင်း ပထမဆုံးအဖြစ် တရုတ်သို့ သွားမည်
အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်လာနေချိန်၌ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်သို့ သွားရန် စီစဉ်ထားကြောင့် အစိုးရ သတင်းရင်းမြစ် တစ်ရပ်ကို ကိုးကား၍ ရိုက်တာက ဖော်ပြသည်။
07 Aug 2025

အမေရိကန်နှင့် တင်းမာမှုများ မြင့်တက်လာနေချိန်၌ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီသည် ၇ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ပြည်သို့ သွားရန် စီစဉ်ထားကြောင့် အစိုးရ သတင်းရင်းမြစ် တစ်ရပ်ကို ကိုးကား၍ ရိုက်တာက ဖော်ပြသည်။
မိုဒီသည် သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် ကဏ္ဍစုံ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ထိပ်သီးညီလာခံသို့ တက်ရောက်ရန် သွားမည်ဖြစ်ကြောင်း ရိုက်တာက ဖော်ပြသည်။
သမ္မတ ဒေါ်နယ်ထရမ့်က အာရှနိုင်ငံများအနက် အိန္ဒိယအပေါ် ကုန်စည်ခွန်များ အမြင့်ဆုံး သတ်မှတ်ထားသည့်အတွက် အိန္ဒိယနှင့် အမေရိကန်အကြား တင်းမာမှုများ မြင့်တက်နေချိန်၌ ယခုကဲ့သို့ မိုဒီခရီးစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထို့အပြင် ရုရှားထံမှ လောင်စာဆီများ ဝယ်ယူပါက အိန္ဒိယအပေါ် နောက်ထပ် ဒဏ်ခတ်အရေးယူမှုများ ပြုလုပ်မည်ဟုလည်း အမေရိကန်က ခြိမ်းခြောက်ထားသည်။
ဥရောပနှင့် အာရှနိုင်ငံများ စုဖွဲ့ထားသည့် SCO ထိပ်သီးညီလာခံကို တီယန်ကျင်းမြို့တွင် ကျင်းပရန် စီစဉ်ထားပြီး ရုရှားသည်လည်း SCO အဖွဲ့ဝင်ဖြစ်သည်။ အိန္ဒိယသည် ၂၀၁၈ ခုနှစ် ဇွန်လနောက်ပိုင်းတွင် ပထမဆုံးအဖြစ် အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။