- ထိုင်းဂယ်လာရီတွင် ပြသထားသည့် တရုတ်နှင့် ဆက်စပ်သော အနုပညာလက်ရာများ ဖယ်ရှားခံရ
- ကျောက်ဖြူနှင့် ရသေ့တောင်မြို့နယ်တို့ကို စစ်ကောင်စီ လေကြောင်း ဗုံးကြဲ
- အာဆီယံကိုယ်စားလှယ်အဖွဲ့ စက်တင်ဘာတွင် မြန်မာသို့လာပြီး ရွေးကောက်ပွဲ အစီအစဉ်များ လေ့လာမည်
- ဒေါ်နယ်ထရမ့်နှင့် ပူတင်တို့ လာမည့်ရက်ပိုင်းတွင် တွေ့မည်ဟု ကရင်မလင် ပြော
- တရုတ်က ဖိလစ်ပိုင်သည် ထိုင်ဝမ်အရေး၌ 'မီးနှင့် ကစားနေသည်' ဟု ပြော
တရုတ်က ဖိလစ်ပိုင်သည် ထိုင်ဝမ်အရေး၌ 'မီးနှင့် ကစားနေသည်' ဟု ပြော
ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား မည်သည့် ပဋိပက္ခမျိုးမဆို ဖြစ်ပွားလာခဲ့ပါက ဖိလစ်ပိုင်လည်း ဝင်ပါလျက်သား ဖြစ်နေလိမ့်မည်ဟု သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားလိုက်ပြီးနောက် တရုတ်က ဖိလစ်ပိုင်သည် "မီးနှင့်ကစားနေသည်" ဟု ဩဂုတ်လ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
09 Aug 2025

ထိုင်ဝမ်အရေးနှင့် ပတ်သက်ပြီး တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား မည်သည့် ပဋိပက္ခမျိုးမဆို ဖြစ်ပွားလာခဲ့ပါက ဖိလစ်ပိုင်လည်း ဝင်ပါလျက်သား ဖြစ်နေလိမ့်မည်ဟု သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောကြားလိုက်ပြီးနောက် တရုတ်က ဖိလစ်ပိုင်သည် "မီးနှင့်ကစားနေသည်" ဟု ဩဂုတ်လ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့သော နိုင်ငံတော်ခရီးစဉ်အတွင်း သမ္မတ မားကို့စ် ပြောကြားခဲ့သည့် မှတ်ချက်များကို တရုတ်နိုင်ငံက ယခုကဲ့သို့ တုံ့ပြန်လိုက်ခြင်းဖြစ်ပြီး အဆိုပါမှတ်ချက်တွင် ဖိလစ်ပိုင်သမ္မတက ဖိလစ်ပိုင်သည် ထိုင်ဝမ်နှင့် နီးကပ်စွာတည်ရှိနေခြင်းနှင့် ထိုင်ဝမ်တွင် ဖိလစ်ပိုင်လူမျိုး အများအပြားရှိနေခြင်း တို့ကြောင့် ထိုင်ဝမ်အရေးပဋိပက္ခတွင် မဖြစ်မနေ ပါဝင်ပတ်သက်လာလိမ့်မည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။
"နိုင်ငံတစ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ဖို့အတွက် 'ပထဝီအရ နီးစပ်မှု' နဲ့ 'ပြည်ပရောက်လူဦးရေ များပြားမှု' တွေဟာ တရားဝင်တဲ့အကြောင်းပြချက် ဆင်ခြေတွေ မဟုတ်ပါဘူး။ ကျွန်တော်တို့ဘက်က တစ်နိုင်ငံတည်းသော တရုတ်မူဝါဒကို အလေးအနက်ထားပြီး လိုက်နာဖို့နဲ့ တရုတ်ရဲ့ အဓိကအကျိုးစီးပွားနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာ မီးနဲ့ကစားတာကို ရှောင်ကြဉ်ဖို့ ဖိလစ်ပိုင်ကို တိုက်တွန်းလိုပါတယ် " ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် ပြောကြားထားသည်။
ဘေဂျင်းနှင့် မနီလာတို့အကြား၌ တောင်တရုတ်ပင်လယ်အတွင်းရှိ အရေးပါသော ရေကြောင်းသွားလာရေးလမ်းတွင် ပိုင်နက်အငြင်းပွားမှုများနှင့် စပ်လျဉ်း၍ တင်းမာမှုများ မြင့်တက်နေချိန်၌ သမ္မတ မားကို့စ်၏ ယခုပြောကြားချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံစလုံးက အဆိုပါဒေသအတွင်း ရန်စလှုံ့ဆော်သည့် လှုပ်ရှားမှုများနှင့် အချုပ်အခြာအာဏာ ကျူးကျော်ချိုးဖောက်မှုများအတွက် အပြန်အလှန် စွပ်စွဲပြစ်တင်မှုများ ရှိလာခဲ့အပြီးတွင် အမေရိကန်ပြည်ထောင်စုက ဖိလစ်ပိုင်ကို ကာကွယ်ရန် ၎င်းတို့ဘက်က ကတိကဝတ်ပြုထားမှုကို ထပ်လောင်း အတည်ပြုထားသည်။
ဒီမိုကရေစီနည်းလမ်းတကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကို တရုတ်က ၎င်း၏ပိုင်နက်အဖြစ် ရှုမြင်ထားသော်လည်း ထိုပြောဆိုချက်ကို ထိုင်ဝမ်ဘက်က ငြင်းဆန်ပယ်ချထားသည်။