- လေးမျက်နှာမြို့နယ်ရှိ သဲနုကုန်းနယ်မြေရဲစခန်းကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- ကျောက်ဖြူ စစ်ကောင်စီ တပ်ရင်းများကို AA က လက်နက်ကြီးများဖြင့် တိုက်ခိုက်နေ
- ဇူလိုင်အရေးတော်ပုံမှသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံရေးအခန်းကဏ္ဍသစ်ဆီသို့
- အပစ်ရပ်သက်တမ်းတိုးမြှင့်ခြင်းကို စစ်ကောင်စီ အခွင့်ကောင်းယူနေဟု TNLA ပြော
- ကျောက်ဖြူမြို့ရှိ ခလရ (၃၄) တပ်ရင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲ
ဂျပန်က စစ်လက်နက်ပစ္စည်းနှင့် နည်းပညာ ဗီယက်နမ်သို့ တင်ပို့မည်
ဂျပန်နှင့်ဗီယက်နမ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် တနင်္လာနေ့တွင် သဘောတူလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
21 Oct 2020
ဂျပန်နှင့်ဗီယက်နမ် နှစ်နိုင်ငံအကြား လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် တနင်္လာနေ့တွင် သဘောတူလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယခုသဘောတူညီချက်အရ ဂျပန်သည် စစ်လက်နက်ပစ္စည်းများနှင့် စစ်ဘက်ဆိုင်ရာ နည်းပညာများကို ဗီယက်နမ်သို့ တင်ပို့ရောင်းချသွားမည် ဖြစ်ဖြစ်သည်။
အငြင်းပွားနေသော တောင်တရုတ်ပင်လယ်ပြင်တွင်း တရုတ်၏ လွှမ်းမိုးမှု မြင့်တက်လာသည်ကို စိုးရိမ်မှုများ ရှိနေချိန်၌ ယခုကဲ့သို့ သဘောတူညီချက် ပေါ်ထွက်လာခြင်းဖြစ်သည်။
“အခုလို စစ်လက်နက်ပစ္စည်းနဲ့ နည်းပညာတွေ မျှဝေဖို့ သဘောတူညီချက် ရတာဟာ နှစ်နိုင်ငံအကြား လုံခြုံရေးနဲ့ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်ပါတယ်။” ဟု ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီဒဲဆုဂ က ဟနွိုင်းမြို့သို့ အလည်အပတ်ရောက်ရှိစဉ် ပြောကြားသည်။
ဤသဘောတူညီချက်အရ ဂျပန်က ဗီယက်နမ်သို့ တင်ပို့မည့် ပစ္စည်းကိရိယာများတွင် ကင်းထောက်လေယာဉ် နှင့် ရေဒါတို့လည်း ပါဝင်နိုင်ခြေ ရှိကြောင်း ကျိုဒိုသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
“တောင်တရုတ်ပင်လယ် အရေး အပါအဝင် ဒေသတွင် စိန်ခေါ်နေတဲ့ ပြဿနာတွေကို ဂျပန်နဲ့ ဗီယက်နမ် အနီးကပ်ပူးပေါင်း ဆောင်ရွက်သွားဖို့ သဘောတူခဲ့ကြပါတယ်” ဟုလည်း ဝန်ကြီးချုပ် ဆုဂ က ပြောကြားသွားသည်။
သယံဇာတပေါကြွယ်ဝရာ တောင်တရုတ်ပင်လယ်ပြင် တစ်ခုလုံးကို တရုတ်က အလုံးစုံပိုင်ဆိုင်သည်ဟု အခိုင်အမာ ပြောထားပြီး ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူနိုင်းနှင့် ထိုင်ဝမ်တို့နှင့်လည်း အငြင်းပွားလျက်ရှိသည်။