- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
မြန်မာ့ပဋိပက္ခကြောင့် အိန္ဒိယသို့ထွက်ပြေးသူ တစ်သောင်းခွဲရှိပြီ
မြန်မာနိုင်ငံမှ အိန္ဒိယသို့ ဝင်ရောက်တိမ်းရှောင်လာသူ စုစုပေါင်း တစ်သောင်းခွဲ ကျော်နေပြီဖြစ်ကြောင်း အိန္ဒိယအစိုးရ အရာရှိတစ်ဦးက မေလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
19 May 2021

DMG | မေ ၁၉
မြန်မာနိုင်ငံမှ အိန္ဒိယသို့ ဝင်ရောက်တိမ်းရှောင်လာသူ စုစုပေါင်း တစ်သောင်းခွဲ ကျော်နေပြီဖြစ်ကြောင်း အိန္ဒိယအစိုးရ အရာရှိတစ်ဦးက မေလ ၁၈ ရက်နေ့တွင် ပြောကြားလိုက်သည်။
လက်ရှိရင်ဆိုင်နေရသည့် နိုင်ငံရေးပဋိပက္ခ အရှိန်မြင့်လာသည်နှင့်အမျှ နောက်ထပ်အများအပြား နယ်စပ်ဖြတ်ကျော် ဝင်လာနိုင်ခြေ ရှိနေကြောင်းလည်း မီဇိုရမ်ပြည်နယ် စီမံကိန်းဘုတ်အဖွဲ့ လက်ထောက်ဥက္ကဌ အိတ်ချ်ရမ်မာဝီက ပြောသည်။
အိန္ဒိယသို့ တိမ်းရှောင်လာသူ အရေအတွက်သည် ဧပြီလအထိ ၁၈၀၀ ဝန်းကျင် ရှိခဲ့ရာမှ မကြာသေးမီ သီတင်းပတ်များအတွက် တဟုန်ထိုးမြင့်တက်လာပြီး ၁၅၄၀၀ ကျော်အထိ မြင့်တက်သွားခြင်း ဖြစ်သည်။
“နေ့တိုင်း တိုးတိုးလာနေတာ” ဟု ရမ်မာဝီက ရိုက်တာသတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြားသည်။
မြန်မာမှ ဝင်လာသူ အများအပြားသည် ၎င်းတို့၏ ဆွေမျိုးများ၏ နေအိမ်များသို့ သွားရောက်နေထိုင်သူများ လည်း ရှိသဖြင့် အရေအတွက်ကို အတိအကျခြေရာခံရန် အခက်အခဲရှိကြောင်းလည်း ရမ်မာဝီက ပြောသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ထိစပ်နေသည့် မြန်မာဘက်ခြမ်း ချင်းပြည်နယ်တွင် တိုက်ခိုက်မှုများ အရှိန်မြင့်လာနေသဖြင့် တိမ်းရှောင်သူဦးရေ ယခုထက် ပိုများလာမည်ဟု ယူဆရကြောင်းလည်း ရမ်မာဝီက ပြောသည်။
တိမ်းရှောင်လာသူများအနက် ၆၀၀၀ ခန့်သည် မီဇိုရမ်ပြည်နယ် မြို့တော် အိုက်ဇောတွင် ရှိနေပြီး အခြားသူများမှာ ခရိုင် ၅ ခရိုင်အတွင်း ပြန့်ကြဲရှိနေကြကြောင်း လက်ထောက်ဥက္ကဌ ရမ်မာဝီထံမှ မျှဝေသည့် အချက်အလက်များအရ သိရသည်။
၎င်းတို့အား လက်ရှိအချိန်၌ ဒေသခံများနှင့် လူမှုရေး အဖွဲ့အစည်းများက ကူညီထောက်ပံ့နေပြီး ဗဟိုအစိုးရထံမှ အကူအညီများ တောင်းခံထားကြောင်း ရမ်မာဝီက ပြောသည်။
တိမ်းရှောင်လာသူများအနက် အချို့တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသည်ကို တွေ့ရပြီး ဆေးဝါးအထောက်အပံ့နှင့် ရိက္ခာရရှိရန် အထူးအရေးကြီးကြောင်း ရမ်မာဝီ၏ ပြောကြားချက်အရ သိရသည်။