ဒုတိယကမ္ဘာစစ် လေကြောင်းစွမ်းရည်ပြသပွဲတွင် လေယာဉ်နှစ်စီး တိုက်မိပြီးပျက်ကျ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပသည့် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် လေကြောင်းစွမ်းရည် ပြပွဲတွင် ခေတ်ဟောင်း စစ်လေယာဉ်နှစ်စီး တိုက်မိကာ မီးလောင်ပျက်စီးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Admin 13 Nov 2022

ဒုတိယကမ္ဘာစစ် လေကြောင်းစွမ်းရည်ပြသပွဲတွင် လေယာဉ်နှစ်စီး တိုက်မိပြီးပျက်ကျ

ဓာတ်ပုံ - AP

DMG ၊ နိုဝင်ဘာ ၁၃

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၌ နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပသည့် ဒုတိယကမ္ဘာစစ် အထိမ်းအမှတ် လေကြောင်းစွမ်းရည် ပြပွဲတွင် ခေတ်ဟောင်း စစ်လေယာဉ်နှစ်စီး တိုက်မိကာ မီးလောင်ပျက်စီးခဲ့ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဒါးလက်စ် လေကြောင်းစီမံခန့်ခွဲရေး လေယာဉ်ကွင်း၌ ပြုလုပ်သည့် အဆိုပါပြပွဲ၌ ဒုတိယကမ္ဘာစစ်ကာလက အသုံးပြုခဲ့သည့် Boeing B-17 ဗုံးကြဲလေယာဉ်နှင့် Bell P-63 Kingcobra တိုက်လေယာဉ်တို့ တိုက်မိခဲ့ခြင်း ဖြစ်သည်။ လေယာဉ်နှစ်စင်း တိုက်မိပြီးနောက် မြေပြင်ပေါ်သို့ ပျက်ကျပြီး ပေါက်ကွဲမီးလောင်ခဲ့သည်။

လေယာဉ်များပေါ်၌ လိုက်ပါသွားသူ အရေအတွက်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ သေဆုံး သို့မဟုတ် ဒဏ်ရာရသူ အရေအတွက်မည်မျှ ရှိသည်ကိုလည်း တိတိပပ မသိရသေးပေ။

ပုံမှန်အားဖြင့် P-63 သည် လေသူရဲတစ်ဦးတည်း မောင်နှင်သည့် အမျိုးအစားဖြစ်ကာ B-17 တွင် ပုံမှန် လေးဦး သို့မဟုတ် ငါးဦးခန့် လိုက်ပါစီးနင်းလေ့ရှိသည်။

ယခုဖြစ်စဉ်အား ဗဟိုလေကြောင်းစီမံခန့်ခွဲရေး (FAA) နှင့် အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ (NTSB)တို့က စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြချက်အရ သိရသည်။

ဗီဒီယိုများ