- အင်္ဂပူက ကျေးရွာနှစ်ခုတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို AA နှင့် ပူးပေါင်းတပ်များ သိမ်းပိုက်
- အာရက္ခဒေသက တစ်ပတ်အတွင်း ထူးခြားသတင်းများ
- ပြည်တွင် အဖမ်းခံရသည့် ရခိုင်အချို့ စစ်မှုထမ်းအပို့ခံရ
- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပူးပေါင်းပြီး ဒုံးကျည်ကာကွယ်ရေး လေ့ကျင့်မှု ပြုလုပ်
သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံကြားရှိ နိုင်ငံတကာ ရေပိုင်နက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အေးဂျီးစ် (Aegis) ရေဒါစနစ် တပ်ဆင်ထားသည့် ဒုံးကျည်ဖျက်ကိရိယာများကို သုံးနိုင်ငံလုံးက သယ်ယူခဲ့ကြသည်ဟု တောင်ကိုရီးယားရေတပ်က ပြောကြားသည်။
16 Jul 2023
မြောက်ကိုရီးယားနိုင်ငံက တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်မှုတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက်တွင် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ ပူးပေါင်းပြီး ဒုံးကျည်ရန်ကာကွယ်ရေး လေ့ကျင့်မှုတစ်ရပ်ကို ယနေ့ (ဇူလိုင် ၁၆) ပြုလုပ်ခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယနေ့ပြုလုပ်သည့် သုံးနိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံကြားရှိ နိုင်ငံတကာ ရေပိုင်နက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အေးဂျီးစ် (Aegis) ရေဒါစနစ် တပ်ဆင်ထားသည့် ဒုံးကျည်ဖျက်ကိရိယာများကို သုံးနိုင်ငံလုံးက သယ်ယူခဲ့ကြသည်ဟု တောင်ကိုရီးယားရေတပ်က ပြောကြားသည်။
ဝါရှင်တန်နှင့် ၎င်း၏ အာရှမဟာမိတ် နိုင်ငံများသည် မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်များနှင့် ပတ်သက်၍ သတင်းအချက်အလက် မျှဝေရေး စနစ်တစ်ရပ်ကို ပိုကောင်းအောင် ဆောင်ရွက်လျက်ရှိသည်။
တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သည် အမေရိကန် ရေဒါစနစ်များနှင့် ချိတ်ဆက်ထားကြသည်။ ၎င်းတို့နှစ်နိုင်ငံတော့ အချင်းချင်း ချိတ်ဆက်ထားမှု မရှိပေ။
ယခုလေ့ကျင့်မှု၌ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည် ပစ်ခတ်မှုတစ်ခု ပုံစံတူဖန်တီးပြီး အဆိုပါပစ်မှတ်အတုအပေါ် တုံ့ပြန်ပစ်ခတ်မှု၌ ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားသည်။
မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားတပ်ဖွဲ့၏ ပင်မလက်နက်အဖြစ် ပြောကြားထားသည့် Hwasong-18 ဒုံးကျည်ကို ဇူလိုင်လ ၁၂ ရက်နေ့က နိုင်ငံအရှေ့ဘက် ကမ်းလွန်ပင်လယ်တွင် စမ်းသပ်ပစ်ခတ်ခဲ့သည်။ ဤစမ်းသပ်မှုသည် ၎င်း၏ရန်သူများကို လက်တွေ့ကျကျ ပြင်းထန်စွာသတိပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ စမ်းသပ်ပစ်ခတ်မှုအပေါ် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့က ရှုတ်ချခဲ့ကြသော်လည်း မြောက်ကိုရီးယားကမှု အဆိုပါရှုတ်ချမှုများကို ပယ်ချခဲ့ပြီး မိမိတို့သည် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ပိုင်ခွင့်အရ လေ့ကျင့်ခဲ့ခြင်းသာ ဖြစ်သည်ဟု ပြောကြားခဲ့သည်။