- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
အိန္ဒိယတွင် ကိုရိုနာကူးစက်မှု ၇ သန်းကျော်
အိန္ဒိယနိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်းသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ၇ သန်းကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြထားသည်။
12 Oct 2020

အိန္ဒိယနိုင်ငံတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုစုစုပေါင်းသည် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ၇ သန်းကျော်သွားပြီဖြစ်ကြောင်း ကမ္ဘာ့သတင်းများတွင် ဖော်ပြထားသည်။
နိုင်ငံတွင်း ကူးစက်မှုသည် ဇူလိုင်လတွင် သိသိသာသာမြင့်တက်လာခဲ့ရာမှ သြဂုတ် တစ်လတည်းတွင် ကူးစက်မှုစုစုပေါင်း ၂ သန်းနှင့် စက်တင်ဘာလတွင် ၃ သန်း အသီးသီးရှိခဲ့သည်။
စက်တင်ဘာလလယ်ပိုင်းတွင် နေ့စဉ်ကူးစက်မှု တစ်သိန်းနားအထိ ကပ်ခဲ့ရာမှ နောက်ပိုင်းရက်များတွင် ပြန်လည်ကျဆင်းခဲ့သည်။ ပြီးခဲ့သော ၂၄ နာရီအတွင်း စစ်ဆေးချက်များအရ ကူးစက်မှုစုစုပေါင်း ၇ သောင်းခွဲခန့်ရှိကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
လက်ရှိတွင် နေ့စဉ်စစ်ဆေးမှု တစ်သန်းကျော်ခန့် ရှိပြီး ပျမ်းမှုကူးစက်မှု ၇ သောင်းခန့်ရှိသည်။ ပြန်လည်ကောင်းမွန်လာသူမှာ ၈၅ ရာခိုင်နှုန်းအထိရှိကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
လက်ရှိနှုန်းထားအတိုင်းသာ ဆက်သွားနေပါက အိန္ဒိယသည် လာမည့်သီတင်းပတ်များအတွင် အမေရိကန်ကို ကျော်တက်ပြီး ကမ္ဘာ့ကူးစက်မှုအဆိုးဆုံး နိုင်ငံ ဖြစ်သွားနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။ လက်ရှိအချိန်၌ အမေရိကန်နိုင်ငံတစ်ဝန်း ကူးစက်မှုစုစုပေါင်း ၇.၇ သန်းရှိသည်။
လေ့လာသူများကမူ အိန္ဒိယတွင် စာရင်းပြုစုနိုင်စွမ်း အားနည်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းနှင့် လုံလောက်စွာ စစ်ဆေးနိုင်စွမ်း မရှိခြင်းတို့ကြောင့် အမှန်တကယ် ကူးစက်မှုနှင့် သေဆုံးမှုပမာဏသည် လက်ရှိထက် အများကြီးပိုနိုင်ကြောင်း သတိပေးထားသည်။
အိန္ဒိယကျန်းမာရေးဝန်ကြီး ဟာ့ရှ်ဘာဟန်က အစိုးရသည် ၂၀၂၁ ဇူလိုင်လကို နောက်ဆုံးထားပြီး ပြည်သူအတွက် ကိုဗစ်ကာကွယ်ဆေး သန်း ၂၅၀ ထောက်ပံ့ပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြားထားသည်။
အိန္ဒိယအစိုးရသည် မတ်လနှောင်းပိုင်းက စတင်ချမှတ်ခဲ့သော လော့ဒေါင်းကန့်သတ်ချက်များအား လျှော့ချပေးလျက်ရှိပြီး ရုံး၊ စားသောက်ဆိုင်၊ စီးပွားရေး၊ ဈေးဆိုင် အများအပြားမှာ ပြန်လည်ဖွင့်လှစ်နေကြပြီဖြစ်သည်။
နိုင်ငံတွင်းလူဦးရေ ၁.၄ ဘီလျံရှိသည့် အိန္ဒိယတွင် သန်း ၆၀၀ ခန့်မှာ ဝေးလံခေါင်သီသည့် ဒေသများတွင် နေထိုင်ကြသူများဖြစ်သည်။
နိုင်ငံ၏ စီးပွားရေးမှာ ဧပြီ၊ မေ၊ ဇွန် ၃ လတာအတွင်း ၂၃.၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး အလုပ်လက်မဲ့ဖြစ်သွားသူ သန်းပေါင်းများစွာရှိသည်။