- ရခိုင်ပြည်ကို ချောက်ထဲသို့ တွန်းပို့မည့် ဘင်္ဂလားဒေ့ရှ်၏ ကစားကွက်
- စာသင်ကျောင်း ဗုံးကြဲခံရပြီးနောက် လေးမျက်နှာ ဒေသခံ ၁၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး
- မန္တလေး-ကျောက်ဖြူ ရထားလမ်းနှင့် ရေနက်ဆိပ်ကမ်းများကို အကောင်အထည်ဖော်နေကြောင်း စစ်ခေါင်းဆောင် ပြော
- လမ်းမကြီးပေါ်တွင် ကျွဲ၊ နွားတိရစ္ဆာန်များ လွှတ်ကျောင်းခြင်း လုံးဝ မပြုရန် ULA/AA ဒေသန္တရ အမိန့်ထုတ်
- ရခိုင်သို့ပို့မည့် ပဲအိတ် ၆၀၀ ကျော်နှင့် ကုန်စည်အများအပြား ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
ရုရှားကျူးကျော်စစ်အတွင်း သေဆုံးသူယူကရိန်းတပ်သား ၉ ထောင်နီးပါးရှိပြီ
ယူကရိန်းနိုင်ငံကို ရုရှားတို့ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ လက်ရှိအချိန်အထိ သေဆုံးသွားသော ယူကရိန်းစစ်သည်အရေအတွက်သည် ၉ ထောင်နီးပါးရှိနေပြီဟု ယူကရိန်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗာလယ်ရီဇာလက်ဇညိက ပြောကြားလိုက်သည်။
23 Aug 2022

DMG ၊ ဩဂုတ် ၂၃
ယူကရိန်းနိုင်ငံကို ရုရှားတို့ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ လက်ရှိအချိန်အထိ သေဆုံးသွားသော ယူကရိန်းစစ်သည်အရေအတွက်သည် ၉ ထောင်နီးပါးရှိနေပြီဟု ယူကရိန်းစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဗာလယ်ရီဇာလက်ဇညိက ပြောကြားလိုက်သည်။
စစ်ပြန်များ၏ အခမ်းအနားတစ်ခုတွင် ဗိုလ်ချုပ်ကြီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ယူကရိန်းကလေးငယ် အများအပြားကို ပြုစုစောင့်ရှောက်ရန် လိုအပ်နေကြောင်း သူကပြောသည်။
“ရှေ့တန်းကိုထွက်သွားပြီး ကျဆုံးသွားကြတဲ့ သူရဲကောင်း ၉ ထောင်နီးပါးမှာ သူတို့ရဲ့ ဖခင်တွေလည်း ပါကောင်းပါနေနိုင်ပါတယ်” ဟု သူကပြောဆိုသည်။
ရုရှားတို့၏ ကျူးကျော်စစ်အတွင်း သေဆုံးသူအရပ်သားစုစုပေါင်း ၅၅၈၇ ဦးရှိကာ ဒဏ်ရာရသူ ရ၈၉၀ ဦးရှိနေပြီဟု ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
ကုလသမဂ္ဂ ကလေးများအေဂျင်စီ (ယူနီဆက်) ကလည်း စစ်ပွဲကာလအတွင်း သေဆုံးဒဏ်ရာရသူ ကလေးအရေအတွက်သည် ၉၇၂ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။
တိုက်ပွဲများအတွင်း သေဆုံးဒဏ်ရာရသူ ရုရှားစစ်သားအရေအတွက်သည် ရ သောင်းနှင့် ၈ သောင်းအကြား ရှိနိုင်ကြောင်း အမေရိကန် စစ်ဘက်အရာရှိများက လွန်ခဲ့သည့် နှစ်ပတ်က ခန့်မှန်း ပြောကြားခဲ့သည်။