- ပို့ကုန်ရငွေကျန်သည့် ကုမ္ပဏီ ၁၉၇ ခုကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း
- မြန်မာအပေါ် ဆင်နွှဲတဲ့ ထရမ့်ရဲ့ စစ်ပွဲ
- စစ်ကောင်စီနှင့် အေအေ ပါဝင်သည့် ပူးပေါင်းတပ်တို့ ရေကြည်အမြောက်တပ်အနီးတွင် တိုက်ပွဲပြင်းနေ
- စစ်ပြေးလက်ခံထားသည့် စွပ်စွဲချက်ဖြင့် ကျောက်ဖြူမြို့ခံ လေးဦးကို စစ်ကောင်စီ ဖမ်းဆီး
- တိုက်နေသူများ မပါဝင်သည့် "ငြိမ်းချမ်းရေးဖိုရမ်"ကို စစ်ကောင်စီ ကျင်းပခဲ့
အမေရိကန်ဒရုန်းကို အနီးကပ်နှောင့်ယှက်ပြီး ပျက်ကျစေခဲ့သည့် ရုရှားလေသူရဲများအား ကာကွယ်ရေးဝန်ကြီးက ဆုချီးမြှင့်
ရုရှား၏ ယူကရိန်းစစ်ဆင်ရေးနယ်မြေ အနီးရှိ ဝေဟင်တွင် အမေရိကန်ဒရုန်းတစ်စီးအား အနီးကပ်နှောင့်ယှက်ပြီး ပျက်စီးစေခဲ့သည့် တိုက်လေယာဉ်နှစ်စီး၏ လေယာဉ်မှူးများအား ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂုက ဆုများချီးမြှင့်လိုက်ကြောင်း အစိုးရက ပြောကြားလိုက်သည်။
18 Mar 2023

ရုရှား၏ ယူကရိန်းစစ်ဆင်ရေးနယ်မြေ အနီးရှိ ဝေဟင်တွင် အမေရိကန်ဒရုန်းတစ်စီးအား အနီးကပ်နှောင့်ယှက်ပြီး ပျက်စီးစေခဲ့သည့် တိုက်လေယာဉ်နှစ်စီး၏ လေယာဉ်မှူးများအား ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေရွှိုင်ဂုက ဆုများချီးမြှင့်လိုက်ကြောင်း အစိုးရက မတ်လ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
မတ်လ ၁၄ ရက်နေ့က အဆိုပါနေရာ၌ ပျံသန်းနေသော အမေရိကန်ဒရုန်းသည် ဝင်ရောက်နှောင့်ယှက် ခံရပြီးနောက် ပင်လယ်နက်ထဲသို့ ပျက်ကျခဲ့သည်။ ယခုဖြစ်ရပ်သည် ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်နွဲမှု တစ်နှစ်ခန့်ကြာလာပြီးနောက် အမေရိကန်နှင့် ရုရှားအကြားတွင် စစ်ရေးအရ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုဖြစ်သည်။
ဆုချီးမြှင့်မှုကို ကြေညာရာ၌ ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားလေယာဉ်များသည် အဆိုပါဒရုန်းနှင့် တိုက်ရိုက်ထိတွေ့မှု မရှိခဲ့ကြောင်း ပြောကြားပြီး အမေရိကန်ဘက်ကမူ ထိုအချက်ကို ငြင်းပယ်ထားသည်။
အချက်ပြစက်ကိုပိတ်ထားသော ထိုဒရုန်းသည် ယူကရိန်းစစ်ဆင်ရေးနှင့်ပတ်သက်၍ ရုရှားက အများပြည်သူသိအောင် ထုတ်ပြန်ထားသည့် ကန့်သတ်နယ်မြေအတွင်း၌ ကျူးကျော် ပျံသန်းနေခြင်းဖြစ်သည်ဟု ရုရှားက ဆိုသည်။
အမေရိကန်ကမူ ၎င်းတို့၏ ဒရုန်းသည် ပင်လယ်နက်ရှိ နိုင်ငံတကာ ဝေဟင်ပိုင်နက်၌ ပျံသန်းနေစဉ် ရုရှားဂျက်လေယာဉ်များ ဝင်ရောက်နှောင့်ယှက်ခဲ့ခြင်းဟု ထုတ်ပြန်ထားသည်။ ပင်တဂွန်က မတ်လ ၁၆ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ဗီဒီယိုဖိုင်၌ ရုရှားတိုက်လေယာဉ်တစ်စီးသည် ဒရုန်းအနီးသို့ ပျံသန်းလာကာ လေယာဉ်ဆီများ ဖောက်ထုတ်သွားသည်ကို တွေ့ရသည်။ ထို့နောက်တွင် ဒရုန်း၏ ပျက်စီးသွားသော ပန်ကာကို တွေ့ရသည်။