- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို အာဖဂန်အကျပ်အတည်း အဖြေညှိရန် ကဘူးသို့ရောက်ရှိ
ဝန်ကြီးပွန်ပီယိုသည် အာဖဂန်တွင် နိုင်ငံရေးဖြစ်စဉ်များ ရှုပ်ထွေးနေသည့်အပြင် တာလီဘန်လက်နက်ကိုင်များအရေးလည်း ပြင်းထန်နေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝန်းနိုင်ငံခေါင်းဆောင်များ၏ ခရီးစဉ်များကို ရပ်နားထားချိန်၌ ကဘူးသို့ ရောက်ရှိလာခြင်းဖြစ်သည်။
24 Mar 2020

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် အာဖဂန်နစ္စတန်နိုင်ငံ၏မြို့တော် ကဘူးသို့ တနင်္လာနေ့(မတ်လ ၂၃ ရက်)တွင် ရောက်ရှိလာကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဝန်ကြီးပွန်ပီယိုသည် အာဖဂန်တွင် နိုင်ငံရေးဖြစ်စဉ်များ ရှုပ်ထွေးနေသည့်အပြင် တာလီဘန်လက်နက်ကိုင်များအရေးလည်း ပြင်းထန်နေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝန်းနိုင်ငံခေါင်းဆောင်များ၏ ခရီးစဉ်များကို ရပ်နားထားချိန်၌ ကဘူးသို့ ရောက်ရှိလာခြင်းဖြစ်သည်။
ပြီးခဲ့သောနှစ်က ကျင်းပခဲ့သော ရွေးကောက်ပွဲများ၌ လက်ရှိသမ္မတ အာရှရက်ဖ်ဂါနီ တရားဝင်အနိုင်ရခဲ့သော်လည်း ၎င်း၏အဓိကပြိုင်ဘက် အဗ္ဗဒူလာ အဗ္ဗဒူလာ ကလည်း မိမိသည်သာအမှန်တကယ် အနိုင်ရသူဖြစ်ကြောင်း ပြောဆိုကာ သမ္မတအဖြစ် ကိုယ့်ကိုယ်ကိုယ် ကြေညာထားသည်။
ဝန်ကြီးပွန်ပီယိုသည် သမ္မတဂါနီနှင့် တွေ့ဆုံရန်စီစဉ်ထားပြီး ၎င်း၏ပြိုင်ဘက် အဗ္ဗဒူလာ နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။
ဝန်ကြီး၏ ယခုခရီးစဉ်သည် အာဖဂန်အစိုးရနှင့် တာလီဘန်တို့ အကျဉ်းသားလဲလှယ်ရေး ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုအပြီး နောက်တစ်ရက်တွင် ပေါ်ထွက်လာခြင်းဖြစ်သည်။

တာလီဘန်နှင့် တွေ့ဆုံမှုသည် ပြီးခဲ့သောလက အမေရိကန်နှင့် တာလီဘန်တို့ လက်မှတ်ရေးထိုးခဲ့သော အမေရိကန်တပ်ဖွဲ့ဝင်များ ရုပ်သိမ်းပေးရေး၏ နောက်ဆက်တွဲ ငြိမ်းချမ်းရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်အတွက် အရှိန်မြှင့်လိုက်သော ခြေလှမ်းတစ်ရပ်လည်း ဖြစ်သည်။
နှစ်ဘက်သဘောတူညီချက်အရ ကဘူးတွင်ထိန်းသိမ်းထားသော တာလီဘန် ၅၀၀၀ ခန့်ကို လွှတ်ပေးရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် တာလီဘန်တို့ကလည်း အာဖဂန်အစိုးရ၏ တိုက်ခိုက်ရေးသမား ၁၀၀၀ ခန့်အထိ ပြန်လွှတ်ပေးမည်ဖြစ်သည်။
အမေရိကန်နှင့် တာလီဘန်တို့၏ သဘောတူလက်မှတ် ရေးထိုးမှုသည် ၂၀၀၁ ခုနှစ်တွင် စတင်ခဲ့သော အမေရိကန်၏ အရှည်ကြာဆုံးစစ်ပွဲကိုလည်း အဆုံးသတ်စေမည်ဖြစ်သည်။