- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
သံတမန်မိသားစုများ ကီယက်ဗ်မှ ထွက်ခွာကြန် အမေရိကန်အစိုးရ ညွှန်ကြား
ရုရှားနိုင်ငံက ကျူးကျော်ရန် “အဆက်မပြတ် ခြိမ်းခြောက်နေမှု” ကြောင့် အမေရိကန်အစိုးရက ယူကရိန်းနိုင်ငံ၏ မြို့တော် ကီယက်ဗ်ရှိ ၎င်း၏သံတမန်မိသားစုများအား ယူကရိန်းနိုင်ငံမှ ထွက်ခွာကြရန် ညွှန်ကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
25 Jan 2022

ရုရှားနိုင်ငံက ကျူးကျော်ရန် “အဆက်မပြတ် ခြိမ်းခြောက်နေမှု” ကြောင့် အမေရိကန်အစိုးရက ယူကရိန်းနိုင်ငံ၏ မြို့တော် ကီယက်ဗ်ရှိ ၎င်း၏သံတမန်မိသားစုများအား ယူကရိန်းနိုင်ငံမှ ထွက်ခွာကြရန် ညွှန်ကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်အစိုးရသည် ၎င်း၏ မရှိမဖြစ်မဟုတ်သော သံရုံးဝန်ထမ်းများ၏ “မိမိသဘောဆန္ဒအလျောက်” ထွက်ခွာခြင်းကိုလည်း ခွင့်ပြုထားပြီး အရှေ့ဥရောပနိုင်ငံများရှိ အမေရိကန်နိုင်ငံသားများအားလည်း “ချက်ခြင်းထွက်ခွာရေးကို စဉ်းစားကြရန်” တိုက်တွန်းခဲ့ပြီး ရုရှားနိုင်ငံက ကျူးကျော်ဝင်ရောက်မှု ရှိလာခဲ့ပါက ထို့နောက်ပိုင်းတွင် နိုင်ငံသားများအား ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးနိုင်သည့် အနေအထားတွင် ရှိမည်မဟုတ်ကြောင်းလည်း ပြောကြားခဲ့သည်။
ရုရှားအစိုးရသည် ယူကရိန်းနယ်စပ်တွင် တင့်ကားအများအပြားနှင့်အတူ တိုက်ခိုက်ရေးယာဉ်များ၊ အမြောက်များ၊ ဒုံးကျည်များနှင့် ရုရှားတပ်ဖွဲ့ဝင် သောင်းနှင့်ချီ နေရာချထားသည်။
ယခုကဲ့သို့လှုပ်ရှားမှုများသည် အမေရိကန်နှင့် ဥရောပတို့က ပြင်းထန်သော သတိပေးချက်များ ထုတ်ပြန်ထားသည့်ကြားမှ ထွက်ပေါ်လာခြင်းဖြစ်ကာ သံတမန်ရေးရာ လုပ်ဆောင်မှုများမှာလည်း မဖြစ်စလောက်ရလဒ်သာ ရှိခဲ့သည်။
အမေရိကန်သံရုံးကို ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ပြီး သံရုံးတာဝန်ခံ ခရစ္စတီးနား ကဗီယန်သည် နိုင်ငံတွင်း၌ ရှိနေဆဲဖြစ်ကြောင်း နိုင်ငံခြားရေးဌာန အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြားသည်။
ကျူးကျော်မှုသည် “အချိန်မရွေး” ရောက်ရှိလာနိုင်သည် ဟူသည့် အိမ်ဖြူတော်မှ သတိပေးချက်ကိုလည်း အဆိုပါအရာရှိက ထပ်မံသတိပေးသည်။
ဝါရှင်တန်အနေဖြင့် “ထိုကဲ့သို့သော အရေးပေါ် အခြေအနေမျိုးတွင် အမေရိကန်နိုင်ငံသားများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးနိုင်သည့် အနေအထားတွင် ရှိမည်မဟုတ်ကြောင်း” အဆိုပါအရာရှိက ပြောကြားပြီး အမေရိကန် နိုင်ငံသားများအနေဖြင့် ပုဂ္ဂလိကလေကြောင်းလိုင်းများ သို့မဟုတ် သီးသန့်လေကြောင်းလိုင်းများမှ တဆင့် အမြန်ဆုံးထွက်ခွာကြရန် တိုက်တွန်းသည်။
ယူကရိန်းမြေပေါ်ရှိ အမေရိကန်နိုင်ငံသား အရေအတွက်ကို တရားဝင်ပြောကြားရန် အဆိုပါ အရာရှိက ငြင်းဆိုသည်။ ပြီးခဲ့သောလက နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ ယူကရိန်းတွင် အမေရိကန်နိုင်ငံသား ၁၀၀၀၀ နှင့် ၁၅၀၀၀ အကြားတွင်ရှိမည်ဟု ယူဆရသည်။